ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၅/၁ စာ. ၃၀-၃၁
  • ယုံကြည်ခြင်းရှိသောမိဘများ ဆုကျေးဇူးခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်းရှိသောမိဘများ ဆုကျေးဇူးခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်ချက်အတိုင်း လုပ်ဆောင်
  • ကလေးငယ်ကို တွေ့ ရှိသွားခြင်း
  • ကျွန်ုပ်တို့အတွက် သင်ခန်းစာ
  • ယေဟောဝါကို ကိုးကွယ်ဖို့ မောရှေ ရွေးချယ်ခဲ့
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အီဂျစ်ပြည်၏စည်းစိမ်ထက် သာ၍မြတ်သောအရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “ယေဟောဝါကို ချီးမွမ်းသီချင်း ဆိုကြစို့”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • နို့စို့ကလေးမောရှေ ဘယ်လိုအသက်ချမ်းသာရခဲ့တဲ့ အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၅/၁ စာ. ၃၀-၃၁

ယေဟောဝါ၏အလိုတော်ကို သူတို့လုပ်ဆောင်ခဲ့ကြ

ယုံကြည်ခြင်းရှိသောမိဘများ ဆုကျေးဇူးခံရ

ဣသရေလလူများအတွက် သားယောက်ျားကလေးတစ်ဦးဖွားမြင်ခြင်းသည် အလွန်ပင်ရွှင်လန်းဝမ်းမြောက်ဖွယ်ရာဖြစ်သည်။ ယင်းက မျိုးဆက်သည် ဆက်ရှိသွားမည်ဖြစ်ပြီး ဘိုးဘပိုင်မြေကို မိသားစုအတွင်း၌ ဆက်ခံနိုင်မည်ဖြစ်ကြောင်းကိုဆိုလိုသည်။ သို့သော် ဘီ.စီ.အီး. ၁၅၉၃ ခုနှစ်တွင် ဟေဗြဲလူများအတွက် သားယောက်ျားကလေးတစ်ဦးဖွားမြင်ခြင်းသည် ကောင်းချီးမင်္ဂလာထက် ကျိန်ခြင်းဖြစ်ဟန်ရှိပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အီဂျစ်ရှင်ဘုရင်ဖာရောသည် သူ၏နိုင်ငံတွင် မှိုပေါက်သကဲ့သို့ တိုးများလာနေသော ဂျူးလူဦးရေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်သောကြောင့် သူတို့မှမွေးဖွားလာသည့် သားငယ်လေးများကိုသတ်ပစ်ရန် အမိန့်ထုတ်ထား၍ဖြစ်သည်။—ထွက်မြောက်ရာ ၁:၁၂၊ ၁၅-၂၂။

မျိုးတုံးအောင်သတ်ဖြတ်ရန် ကြိုးပမ်းနေသည့် ဆိုးရွားလှသောထိုကာလ၌ ဟေဗြဲဇနီးမောင်နှံဖြစ်သော အာမရံနှင့်ယောခေဗက်တို့မှာ အလွန်ချောမောလှပသည့် သားငယ်လေးတစ်ဦး၏မိဘများဖြစ်လာကြသည်။ ဖာရော၏အမိန့်တော်ကို သူတို့သတိရသောအခါတွင် သူတို့၏ပျော်ရွှင်မှုကို ကြောက်ရွံ့ခြင်းက စိုးမိုးသွားမည်မှာ သိသာလှပါသည်။ သို့တိုင် အာမရံနှင့်ယောခေဗက်တို့သည် မိမိတို့၏သားငယ်ကိုကြည့်ကာ မည်သည့်အကျိုးဆက်ကိုမျှဂရုမစိုက်ဘဲ သူ့ကိုမစွန့်ပစ်ရန် ခိုင်ခိုင်မာမာစိတ်ပိုင်းဖြတ်လိုက်ကြလေသည်။—ထွက်မြောက်ရာ ၂:၁၊ ၂; ၆:၂၀။

ယုံကြည်ချက်အတိုင်း လုပ်ဆောင်

အာမရံနှင့်ယောခေဗက်တို့သည် မိမိတို့၏ကလေးငယ်ကို သုံးလကြာဝှက်ထားကြလေသည်။ (ထွက်မြောက်ရာ ၂:၂) သို့သော်လည်း ဟေဗြဲလူများနှင့် အီဂျစ်လူတို့သည် အလွန်နီးကပ်စွာနေထိုင်ကြသောကြောင့် ယင်းသို့ပြုခြင်းသည် အန္တရာယ်များလှပေသည်။ ဖာရော၏အမိန့်တော်ကို ပရိယာယ်ဖြင့်ဆီးတားရန် ကြိုးပမ်းသူတစ်ဦးဦးကိုတွေ့ ရှိက သေဒဏ်အပြစ်ပေးခံရမည်ဖြစ်ပြီး ထိုကလေးငယ်လည်းသေရမည်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် မေတ္တာတရားကြီးမားသော ထိုမိဘများအနေဖြင့် သူတို့၏သားငယ်နှင့် သူတို့ကိုယ်တိုင်အသက်ရှင်ရေးအတွက် အဘယ်အရာပြုလုပ်ကြမည်နည်း။

ယောခေဗက်သည် ပပိုင်းရတ်ကျူပင်ပေါက်အချို့ကို စုဆောင်းလေသည်။ ထိုပပိုင်းရတ်ကျူသည် ခိုင်သောကျူပင်မျိုးဖြစ်၍ ဝါးပင်မျိုးနှင့်ဆင်တူကာ ရိုးတံမှာသုံးမြှောင့်ပုံ လက်တစ်လုံးခန့်အရွယ်ရှိသည်။ အမြင့်မှာ ပေ ၂၀ အထိရှိနိုင်မည်။ အီဂျစ်လူမျိုးများသည် ယင်းအပင်ကို စက္ကူ၊ ဖျာ၊ ရွက်၊ ခြေညှပ်ဖိနပ်နှင့် ပေါ့ပါးသောလှေငယ်များပြုလုပ်ရန် အသုံးပြုကြသည်။

ယောခေဗက်သည် ထိုရိုးတံများဖြင့် သူမ၏ကလေးငယ်ကိုထည့်ရန် အနေတော်အရွယ်အစားရှိ ဖာတစ်ခုကိုရက်လုပ်လေသည်။ နောက်ဆက်၍ သူမသည် ထိုဖာကို ရေမဝင်နိုင်အောင် ရေညှိနှင့်သစ်စေးဖြင့်သုတ်လိမ်းလေသည်။ ထို့နောက် ယောခေဗက်သည် သူမ၏ကလေးငယ်ကို ထိုဖာတောင်းထဲတွင် ထည့်ကာ နိုင်းလ်မြစ်၏မြစ်ကမ်းပါးရှိ ကျူတောထဲ၌ ချထားလိုက်သည်။—ထွက်မြောက်ရာ ၂:၃။

ကလေးငယ်ကို တွေ့ ရှိသွားခြင်း

ယောခေဗက်၏သမီးမိရိအံသည် ဆက်လက်၍ အဘယ်အရာဖြစ်လာမည်ကိုသိရန် အနီးအနားတွင် သူမ နေရာယူလိုက်သည်။ ထိုအချိန်တွင် ဖာရော၏သမီးတော်သည် နိုင်းလ်မြစ်သို့ရေချိုးရန် ဆင်းလာသည်။a ထိုမင်းသမီးသည် မကြာခဏ နိုင်းလ်မြစ်၏ ဤအပိုင်းသို့ဆင်းလာတတ်ကြောင်း ယောခေဗက်သိထားဟန်ရှိပြီး ထိုဖာကိုအလွယ်တကူမြင်သာသည့်နေရာတွင် တမင်သက်သက်ချထားခြင်းဖြစ်ပေမည်။ မည်သို့ဆိုစေကာမူ မကြာမီ ဖာရော၏သမီးတော်သည် ကျူပင်များအကြားတွင် လုံလုံခြုံခြုံရှိနေသောထိုဖာကို သတိပြုမိသွားကာ သူမက ယင်းကိုသွားယူရန် မိမိ၏အစေအပါးတစ်ဦးကိုခိုင်းလိုက်သည်။ အထဲတွင် ငိုနေသောကလေးငယ်ကို သူမမြင်တွေ့လိုက်ရသောအခါ သူမ၏ထောက်ထားစာနာမှုသည် လှုံ့ဆော်ခံရလေသည်။ ယင်းသည် ဟေဗြဲကလေးငယ်တစ်ဦးဖြစ်သည်ကို သူမသိရှိပေမည်။ သို့တိုင် ဤမျှလောက်လှသောကလေးတစ်ဦးကို သူမ မည်သို့သတ်နိုင်ပါမည်နည်း။ လူသားတို့၏သနားကြင်နာတတ်သောစိတ်အပြင် ကောင်းကင်သို့ဝင်ရန် သူတစ်ဦးတစ်ယောက်၏အသက်တာတွင် ကြင်နာသောလုပ်ဆောင်ချက်များပါမှတ်တမ်းပေါ် မူတည်နေကြောင်း အများလက်ခံထားသော အီဂျစ်တို့၏ယုံကြည်ချက်က ဖာရော၏သမီးတော်ကို လွှမ်းမိုးထားပေမည်။b—ထွက်မြောက်ရာ ၂:၅၊ ၆။

ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသော မိရိအံက ဖာရော၏သမီးတော်ထံ ချဉ်းကပ်လေသည်။ “ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လော” ဟုသူမကမေးလျှောက်သည်။ ဘုရင့်သမီးတော်က “သွားလော့!” ဟုပြောလေသည်။ မိရိအံသည် သူမ၏မိခင်ထံသို့ ပြေး၍သွားလေသည်။ မကြာမီအချိန်လေးအတွင်း၌ ယောခေဗက်သည် ဖာရော၏သမီးတော်ရှေ့တွင်ရပ်လျက်ရှိလေသည်။ “ဤသူငယ်ကိုယူသွား၍ ငါ့ဖို့ထိန်းလော့။ အခကိုငါပေးမည်” ဟုဘုရင့်သမီးတော်က မှာလေသည်။ ယောခေဗက်မှာ ထိုကလေးငယ်၏မိခင်ပင်ဖြစ်ကြောင်း ထိုအချိန်၌ ဖာရော၏သမီးတော်သည် သိသင့်လောက်ပေမည်။—ထွက်မြောက်ရာ ၂:၇-၉။

ယောခေဗက်သည် မိမိ၏ကလေးကို နို့ဖြတ်သည့်အထိ ထားလေသည်။c ယင်းက သူမအတွက် သူ့အား စစ်မှန်သောဘုရားသခင်၊ ယေဟောဝါအကြောင်းသွန်သင်ပေးရန် တန်ဖိုးရှိလှသောအခွင့်အရေးများစွာကို ရရှိစေသည်။ ထို့နောက် ယောခေဗက်သည် ကလေးငယ်ကိုဖာရောသမီးတော်ထံသို့ပို့ဆောင်ကာ သူမက သူ့ကို မောရှေဟုအမည်မှည့်လေသည်၊ အဓိပ္ပာယ်ကား “ရေထဲကငါနုတ်ယူသည်” ဟူ၍ဖြစ်လေသည်။—ထွက်မြောက်ရာ ၂:၁၀။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ

အာမရံနှင့်ယောခေဗက်တို့သည် စင်ကြယ်သောဝတ်ပြုရေးနှင့် ပတ်သက်သည့်မူများကို မိမိတို့၏သားငယ်အားသွန်သင်ပေးရန် အခွင့်အရေးရသမျှ အချိန်တိုလေးတွင် အပြည့်အဝအသုံးချခဲ့သည်။ ယနေ့ခေတ်ရှိ မိဘတို့သည်လည်း အလားတူပြုလုပ်သင့်သည်။ အမှန်ပင် ထိုသို့ပြုလုပ်ရန် သူတို့အမိန့်ပေးခံရသည်။ စာတန်မာရ်နတ်သည် “ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ” သည်။ (၁ ပေတရု ၅:၈) ယေဟောဝါအတွက် ကျေးကျွန်ကောင်းများဖြစ်လာရန် အလားအလာရှိသည့် တန်ဖိုးရှိသောလူငယ်များ—ယောက်ျားလေးများနှင့် မိန်းကလေးများ—ကို မိမိ၏သားကောင်အဖြစ်ရရှိရန် သူနှစ်သက်ပေလိမ့်မည်။ သူတို့၏ငယ်ရွယ်မှုက သူ့ကို သနားငဲ့ညှာစိတ်မဝင်စေပါ! ယင်းအချက်ကြောင့် စစ်မှန်သောဘုရားသခင်ယေဟောဝါကို ကြောက်ရွံ့ရန် ပညာရှိသည့်မိဘများသည် မိမိ၏ကလေးသူငယ်များကို လေ့ကျင့်ပေးကြသည်။—သု. ၂၂:၆; ၂ တိမောသေ ၃:၁၄၊ ၁၅။

ဟေဗြဲ ၁၁:၂၃ ၌ အာမရံနှင့်ယောခေဗက်တို့သည် မိမိတို့၏သူငယ်အား သုံးလပတ်လုံးကြိုးစား၍ဝှက်ထားခြင်းကို ယုံကြည်ခြင်း၏လုပ်ရပ်အဖြစ် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်ကိုကြောက်ရွံ့သောထိုမိဘနှစ်ပါးသည် ယေဟောဝါ၏ကယ်တင်နိုင်စွမ်းကို ယုံကြည်ကိုးစားကြောင်း မိမိတို့၏ကလေးငယ်ကို မစွန့်ပစ်ခြင်းအားဖြင့်ပြသ၍၊ ထို့အတွက်ကြောင့် သူတို့ကို ကောင်းချီးပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့အပေါ်တွင်ဖြစ်ပျက်လာရန် ယေဟောဝါခွင့်ပြုထားသောအရာမှန်သမျှသည် နောက်ဆုံးတွင် ကျွန်ုပ်တို့၏ထာဝရအကျိုးကျေးဇူးနှင့် ပျော်ရွှင်မှုအတွက်ဖြစ်ကြောင်း ယုံကြည်စိတ်ချကာ ဘုရားသခင်၏ပညတ်များနှင့် မူများအား ထက်ကြပ်မကွာလိုက်လျှောက်နေကြောင်းကိုပြသသင့်သည်။—ရောမ ၈:၂၈။

[အောက်ခြေမှတ်ချက်များ]

a အီဂျစ်လူမျိုးတို့သည် နိုင်းလ်မြစ်ကို မျိုးအောင်ခြင်း၏ဘုရားတစ်ဆူအဖြစ် ကိုးကွယ်လေ့ရှိသည်။ ၎င်းရေသည် မျိုးအောင်စေသည့်အစွမ်းသာမက အသက်ရှည်စေသည်ဟု သူတို့ယုံကြည်ကြသည်။

b လူတစ်ဦးသေဆုံးသွားရာ၌ ထိုသူ၏ဝိညာဉ်သည် အော်စီရစ်စ်ရှေ့တွင်ရပ်လျက် “ကျွန်ုပ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဒုက္ခမပေးခဲ့ပါ၊” “ကျွန်ုပ်သည် နို့စို့သူငယ်များကို နို့မတိုက်ဘဲမထားခဲ့ပါ” နှင့် “ကျွန်ုပ်သည် ဆာမွတ်နေသူတို့ကိုမုန့်ကျွေးခဲ့၍ ရေငတ်နေသူတို့ကို ရေတိုက်ခဲ့ပါသည်” စသည့် ဝန်ခံချက်များကို ရွတ်ဆိုရလိမ့်မည်ဟု အီဂျစ်လူမျိုးတို့က ယုံကြည်ထားကြသည်။

c ရှေးအချိန်က ကလေးများကိုနို့တိုက်သည့်ကာလသည် ယနေ့တိုက်လေ့ရှိသည့်အချိန်ထက် သာ၍ကြာလေသည်။ ရှမွေလသည် နို့ဖြတ်သောအခါ အနည်းဆုံးအသက်သုံးနှစ်ရှိပြီး၊ ဣဇာက်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ