ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၂/၁၅ စာ. ၂၈-၂၉
  • ယေဟောဝါသည် စာနာမှုဖြင့်အုပ်ချုပ်တော်မူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် စာနာမှုဖြင့်အုပ်ချုပ်တော်မူ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏စာနာမှုကိုတုပခြင်း
  • ရက်စက်ကြမ်းတမ်းသောလောကတွင်စာနာမှု
  • “ကြင်နာသနား” ခြင်း ရှိကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယေဟောဝါရဲ့ သနားစာနာမှုကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • နူးညံ့စွာထောက်ထားကြင်နာလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ‘ငါတို့ဘုရားသခင်၏ ယုယသနားကြင်နာခြင်း’
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၂/၁၅ စာ. ၂၈-၂၉

ယေဟောဝါသည် စာနာမှုဖြင့်အုပ်ချုပ်တော်မူ

သမိုင်းတစ်လျှောက်တွင် အုပ်စိုးသူများစွာသည် မိမိတို့ငယ်သားများ၏ဆင်းရဲခြင်းကို စာနာမှုကင်းမဲ့စွာ ပြုမူခဲ့ကြပြီ။ သို့သော် ယေဟောဝါသည် ဣသရေလလူမျိုးကို ရွေးချယ်ကာ သူတို့အပေါ်စာနာစွာ အုပ်ချုပ်ခြင်းအားဖြင့် ကွာခြားချက်တစ်ရပ်ကို ပြသတော်မူခဲ့သည်။

ဣသရေလလူမျိုးသည် ရှေးအီဂျစ်နိုင်ငံတွင် ကျွန်ဖြစ်နေသေးစဉ် သူတို့အော်ဟစ်ပြီး အကူအညီတောင်းခံသံကို ယေဟောဝါကြားနာတော်မူခဲ့သည်။ “အမှုရောက်လေရာရာ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ . . . မေတ္တာကရုဏာတော် [“စာနာမှု၊” ကဘ] ရှိသည်အတိုင်း ရွေးနုတ်တော်မူ၏။” (ဟေရှာယ ၆၃:၉) ယေဟောဝါသည် ဣသရေလလူမျိုးကို ကယ်တင်တော်မူပြီး အံ့ဖွယ်အစာကို ကျွေးမွေးကာ သူတို့၏ပြည်သို့ ပို့ဆောင်ပေးတော်မူခဲ့သည်။

ယေဟောဝါ၏စာနာတတ်သော အရည်အသွေးသည် အဆိုပါလူမျိုးအား ပေးခဲ့သောပညတ်တော်တွင် ထပ်၍ပေါ်လွင်ထင်ရှားခဲ့သည်။ မိဘမဲ့ကလေးများ၊ မုဆိုးမများနှင့် သူတို့တွင်တည်းနေသော တစ်ပါးအမျိုးသားများတို့ကို စာနာစွာဆက်ဆံရန် ဣသရေလလူမျိုးအား ကိုယ်တော်ပညတ်တော်မူခဲ့၏။ သူတို့သည် ဒုက္ခိတတို့ကို မတရားအနိုင်မကျင့်ရကြချေ။

ပညတ်တော်က အကူအညီလိုအပ်သူတို့ကို စာနာမှုပြသဖို့ တောင်းဆိုထားသည်။ ဆင်းရဲသားများသည် ကောက်ရိတ်ပြီးနောက် ကောက်သင်းကောက်နိုင်ကြသည်။ အကြွေးများကို ဥပုသ် (ခုနစ်နှစ်မြောက်) နှစ်တွင် ပယ်ဖျက်ခံရ၏။ ရောင်းခဲ့ပြီးသော ဘိုးဘွားပိုင်မြေအားလုံးကို ယုဘိလ (အနှစ် ၅၀ မြောက်) နှစ်တွင် ပြန်လည်ပေးအပ်ရ၏။ ရှေးခေတ်အစ္စရေး—၎င်း၏နေထိုင်ပုံနှင့် ဖွဲ့စည်းတည်ဆောက်ပုံ စာအုပ်တွင်ဤသို့မှတ်တမ်းတင်ထားသည်– “အစ္စရေးတွင် ယခုခေတ်ကဲ့သို့ လူမှုရေးအဆင့်အတန်းများ တစ်ခါမျှမရှိခဲ့ပေ။” “နယ်မြေသစ်တည်ထောင်ခါစတွင် အစ္စရေးလူမျိုးအားလုံးသည် တန်းတူညီတူဘဝအဆင့်အတန်းကို အနည်းနှင့်အများ ပျော်မွေ့ခဲ့ကြပါသည်။”—ဝတ်ပြုရာ ၂၅:၁၀; တရားဟောရာ ၁၅:၁၂-၁၄; ၂၄:၁၇-၂၂; ၂၇:၁၈။

ယေဟောဝါ၏စာနာမှုကိုတုပခြင်း

ဘုရားသခင်၏ကျေးကျွန်များသည် ကိုယ်တော်၏စာနာမှုဖြင့် လှုံ့ဆော်မှုခံရကြ၏။ ဥပမာ၊ သမိုင်းတစ်လျှောက်တွင် အသစ်တင်မြှောက်ခံရသည့် ဘုရင်အချို့သည် ယခင်မင်းမျိုးမင်းနွယ်မှ ကျန်ကြွင်းသူများကို သတ်ပစ်လေ့ရှိကြသည်။ သို့သော် ယေဟောဝါ၏ကျေးကျွန် ဒါဝိဒ်သည် ထိုသို့မပြုလုပ်ခဲ့ပေ။ ဘုရင်ရှောလုကွယ်လွန်ပြီးနောက် ဒါဝိဒ်သည် ရှောလု၏အသက်ရှင်လျက်ကျန်ရှိသည့် အမွေခံမြေးဖြစ်သူမေဖိဗောရှက်ကို ကာကွယ်ခဲ့သည်။ “ရှင်ဘုရင်သည် ရှောလု၏သား ယောနသန်မြင်သော မေဖိဗောရှက်ကို နှမြော [“စာနာ၊” ကဘ] တော်မူ၏။”—၂ ဓမ္မရာဇဝင် ၂၁:၇။

မည်သည့်လူသားတစ်ဦးမျှ ယေရှုနည်းတူ ယေဟောဝါ၏စာနာမှုကို မတုပခဲ့ပေ။ ကိုယ်တော်၏အံ့ဖွယ်အမှုများစွာတို့သည် ဘုရားသခင့်ရေးရာစာနာမှု၏ လှုံ့ဆော်ပေးမှုဖြင့် ဖြစ်ပေါ်ခဲ့သည်။ တစ်ကြိမ်တွင် နူနာစွဲသူတစ်ဦးသည် ကိုယ်တော်ထံသို့လာ၍ “ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟုအနူးအညွတ်တောင်းပန်ခဲ့သည်။ ယေရှုသည် သနားသောစိတ်ရှိ၍ ထိုသူကိုတို့လျက် “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုမိန့်တော်မူခဲ့၏။ (မာကု ၁:၄၀-၄၂) တခြားအချိန်တွင် လူအုပ်ကြီးသည် ယေရှုနောက်တော်သို့ လိုက်ပါလာခဲ့ကြသည်။ ရုတ်ရုတ်သဲသဲကြားတွင် “ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ” ဟုဟစ်ကြော်နေကြသော လူကန်းနှစ်ဦးကို ယေရှုသတိပြုမိပြီး “သနားခြင်းစိတ်တော်ရှိ၍ သူတို့၏မျက်စိကို လက်နှင့်တို့တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူတို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။”—မဿဲ ၂၀:၂၉-၃၄။

လူအစုအဝေးကြီးများက သူတစ်ပါးအပေါ် ယေရှု၏စာနာစိတ်ကို မကွယ်ပျောက်စေခဲ့ချေ။ တစ်ကြိမ်တွင် သူတို့သည် အချိန်အတန်ကြာ အစာမစားရသေးသောကြောင့် ကိုယ်တော်က “ဤလူများကို ငါသနား၏” ဟုမိန့်တော်မူခဲ့သည်။ ထို့ကြောင့် ကိုယ်တော်သည် သူတို့ကို အံ့ဖွယ်နည်းဖြင့် ကျွေးမွေးတော်မူခဲ့သည်။ (မာကု ၈:၁-၈) ယေရှုသည် ဒေသစာရီလှည့်လည်ခဲ့ချိန်တွင် များစွာသောသူတို့ကို သွန်သင်ပေးတော်မူခဲ့ရုံသာမက သူတို့၏လိုအပ်ရာများကိုလည်း သတိပြုတော်မူသည်။ (မဿဲ ၉:၃၅၊ ၃၆) ဤသို့ဒေသစာရီလှည့်လည်ပြီးနောက် ယေရှုနှင့်တပည့်တော်များသည် အစာစားခြင်းငှာမျှမအားနိုင်ခဲ့ကြပေ။ သမ္မာကျမ်းစာမှတ်တမ်းက ကျွန်ုပ်တို့အား ဤသို့ဖော်ပြသည်– “ထို့ကြောင့်၊ လှေစီး၍ တော၌ဆိတ်ကွယ်ရာအရပ်သို့သွားကြ၏။ သွားကြသည်ကို လူများတို့သည်မြင်၍ ကိုယ်တော်ဖြစ်သည်ကိုသိလျှင်၊ အမြို့မြို့အရွာရွာတို့မှထွက်၍ ထိုအရပ်သို့ကုန်းကြောင်းပြေးသွားသဖြင့်၊ တမန်တော်တို့အရင်ရောက်၍ အထံတော်၌စုဝေးကြ၏။ ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့ မြင်တော်မူလျှင်၊ ထိုသူတို့သည်ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမသြဝါဒကို ပေးတော်မူ၏။”—မာကု ၆:၃၁-၃၄။

ယေရှုအား လှုံ့ဆော်ပေးသောအရာသည် လူတို့၏ဖျားနာခြင်းနှင့်ဆင်းရဲခြင်းသာမဟုတ်ဘဲ သူတို့၏ဝိညာဉ်ရေးအခြေအနေဖြစ်သည်။ သူတို့၏ခေါင်းဆောင်များသည် အခွင့်အရေးယူတတ်ကြသောကြောင့် ယေရှုသည် “သူတို့အပေါ် သနားသောစိတ်ရှိတော်မူ၏။” “သနားသောစိတ်ရှိတော်မူ၏” အတွက် ဂရိစကားလုံးအဓိပ္ပာယ်မှာ “အသည်းနင့်အောင်ခံစားရ၏” ဟူ၍ဖြစ်သည်။ ယေရှုသည် အမှန်ပင် စာနာတတ်သူတစ်ဦး ဖြစ်ပါသည်တကား!

ရက်စက်ကြမ်းတမ်းသောလောကတွင်စာနာမှု

ယေရှုခရစ်သည် ယခု ယေဟောဝါ၏ကောင်းကင်နိုင်ငံတော်ဘုရင် ဖြစ်နေတော်မူပြီ။ ဘုရားသခင်သည် ရှေးဣသရေလအပေါ် အုပ်ချုပ်တော်မူသကဲ့သို့ ယနေ့လည်း လူမျိုးတော်ကို စာနာမှုဖြင့်အုပ်ချုပ်လျက်ရှိသည်။ “‘ထိုသူတို့သည် ငါစီရင်သောနေ့ရက်၌ ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ . . . ထိုသူတို့ကို နှမြော [“စာနာ၊” ကဘ] မည်’ ဟုကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။”—မာလခိ ၃:၁၇။

ယေဟောဝါ၏စာနာမှုကို လက်ခံလိုသူတို့သည် ကိုယ်တော်၏လမ်းစဉ်တော်များကို တုပရမည်။ မှန်ပါ၏၊ လူတို့သည် လိုအပ်သူများကို ကူညီပေးခြင်းထက် မိမိတို့၏ဘဝပုံစံတိုးတက်ရေးတွင်သာ ပိုမိုစိတ်ဝင်စားကြသောလောကတွင် ကျွန်ုပ်တို့နေထိုင်လျက်ရှိကြသည်။ အာဏာရှိသူတို့သည် အလုပ်သမားနှင့်သုံးစွဲသူတို့၏ လုံခြုံမှုကိုထိခိုက်စေလျက် အကျိုးအမြတ်ထုတ်ရန် မကြာခဏရှာကြံတတ်ကြသည်။ များစွာသောသူတို့၏နှလုံးသားထဲတွင် စာနာမှုမရှိစေသည့် ကျွန်ုပ်တို့ခေတ်အကျင့်အကြံအပြုအမူအခြေအနေကို သမ္မာကျမ်းစာက ၂ တိမောသေ ၃:၁-၄ တွင်တိတိကျကျဖော်ပြထားသည်။

သို့တိုင် စာနာမှုပြသဖို့ အခွင့်အရေးများကို ကျွန်ုပ်တို့တွေ့ ရှိနိုင်ဖွယ်ရှိသည်။ အိမ်နီးနားချင်းတို့ လိုအပ်နေသောအကူအညီကို ကျွန်ုပ်တို့ပေးနိုင်ပါမည်လော။ ဖျားနာသူတစ်ဦးထံ လည်ပတ်သွားနိုင်မည်လော။ “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့” ဟူသောအကြံပြုချက်နှင့်အညီ အားနည်းသောသူတို့ကို ကျွန်ုပ်တို့အားပေးနိုင်မည်လော။—၁ သက်သာလောနိတ် ၅:၁၄။

သူတစ်ပါး အမှားပြုမိသည့်အခါ ကြမ်းတမ်းခက်ထန်စွာ မတုံ့ ပြန်ဖို့စာနာမှုကလည်း ကျွန်ုပ်တို့ကို ကူညီပေးပါဦးမည်။ “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေကို ပျက်အောင်ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသောမနာလိုခြင်းကိုလည်းကောင်း သင်တို့မှပယ်ရှားကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်ကို လွှတ်ခြင်းရှိကြလော့” ဟုကျွန်ုပ်တို့ကိုမှာကြားထားသည်။—ဧဖက် ၄:၃၁၊ ၃၂။

စာနာမှုသည် အာဏာအလွဲသုံးစားပြုတတ်သည့်သဘောကို ရှောင်ရှားဖို့ ကူညီပေးပါလိမ့်မည်။ “သနားစုံမက်ခြင်း [“စာနာခြင်း၊” ကဘ]၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့” ဟုသမ္မာကျမ်းစာက မိန့်မှာထား၏။ (ကောလောသဲ ၃:၁၂) စိတ်နှိမ့်ချခြင်းက ကျွန်ုပ်တို့ကြီးကြပ်မှုအောက်ရှိသူတို့၏အနေအထားတွင် ကိုယ့်ကိုယ်ကိုထားရှိစေသည်။ စာနာတတ်ရန် အလိုမကျနိုင်သောသဘောရှိမည့်အစား နှိမ့်ချ၍အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သောသဘောရှိရမည်ဖြစ်သည်။ ဆောင်ရွက်နိုင်စွမ်းရှိခြင်းကိုအကြောင်းပြပြီး လူတို့ကို စက်တစ်ခု၏အစိတ်အပိုင်းတစ်ခုမျှလောက်သာ သဘောထား၍မဆက်ဆံသင့်ပါ။ ထို့အပြင် မိသားစုတွင်လည်း မိမိတို့၏ဇနီးသည် အားနည်းသောသူဖြစ်ကြောင်း စာနာတတ်သော လင်ယောက်ျားတို့က သတိရကြသည်။ (၁ ပေတရု ၃:၇) ယေရှု၏စာနာတတ်သော ပုံနမူနာကို တွေးတောဆင်ခြင်ခြင်းက အဆိုပါအရာအားလုံးတွင် ကျွန်ုပ်တို့ကိုအကူအညီပေးနိုင်ပါသည်။

ယေရှုသည် မြေကြီးဆိုင်ရာဓမ္မအမှုထမ်းချိန်အတွင်း လူတို့အတွက် အလွန်သနားသောစိတ်ရှိခဲ့သောကြောင့် ကိုယ်တော်သည် ယခုသော်လည်းကောင်း၊ အနာဂတ်သော်လည်းကောင် စာနာတတ်သော အုပ်ချုပ်သူတစ်ဦးဖြစ်လိမ့်မည်ကို ကျွန်ုပ်တို့စိတ်ချနိုင်ကြပါသည်။ ကိုယ်တော်နှင့်စပ်လျဉ်း၍ ဆာလံ ၇၂ ကဤသို့ ကြိုတင်ဟောထားသည်– “ထိုမင်းသည် ကိုယ်တော်၏လူတို့တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက်ပါလိမ့်မည်။ ပင်လယ်တစ်ပါးမှတစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည်မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့်ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။”—ဆာလံ ၇၂:၄၊ ၈၊ ၁၃။

ဘုရားသခင်၏စကားတော်က ဤသို့တင်ကြိုဟောထားသည်– “ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍၊ နှိမ့်ချသောမြေကြီးသားဘက်၌နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ . . . ဆိုးသောသူကိုကွပ်မျက်လိမ့်မည်။” တိရစ္ဆာန်ကဲ့သို့စိတ်ထားရှိသည့် ရက်စက်ကြမ်းတမ်းသော လူအချို့ပင် မည်သို့လမ်းစဉ်ပြောင်းလဲလာကြမည်ကို ဖော်ပြပြီးနောက် ပရောဖက်ပြုချက်က ဤသို့ဆက်ပြောသည်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။” (ဟေရှာယ ၁၁:၄-၉) အဆိုပါပရောဖက်ပြုချက်သည် ယေဟောဝါအားသိပြီး ကိုယ်တော်၏စာနာတတ်သော လမ်းစဉ်တော်များကို တုပသူတို့၏ကမ္ဘာချီအဖွဲ့အစည်းတစ်ခုကို ကတိပြုနေခြင်းပင်ဖြစ်သည်!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ