ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၅/၁ စာ. ၃၀-၃၁
  • ယောဘ၏သမာဓိစောင့်သိမှု ဆုချခံခဲ့ရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောဘ၏သမာဓိစောင့်သိမှု ဆုချခံခဲ့ရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြစ်တင်စွဲဆိုခြင်းမှကင်းလွတ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း
  • ကျွန်ုပ်တို့အတွက်သင်ခန်းစာများ
  • တခြားသူတွေအတွက် ဆုတောင်းပေးတာကို ယေဟောဝါနှစ်သက်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ယောဘ ခံနိုင်ရည်ရှိခဲ့ —ကျွန်ုပ်တို့လည်း ခံနိုင်ရည်ရှိနိုင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • “ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • နာကျင်မှုကို ယေဟောဝါ ကုသပေးခဲ့
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၅/၁ စာ. ၃၀-၃၁

သူတို့ ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ

ယောဘ၏သမာဓိစောင့်သိမှု ဆုချခံခဲ့ရ

ယောဘသည် ထောက်ထားစာနာတတ်၍ မုဆိုးမများ၊ မိဘမဲ့သူများနှင့် ဒုက္ခဆင်းရဲခံရသူများကို ခုခံကာကွယ်ပေးသူတစ်ဦးဖြစ်သည်။ (ယောဘ ၂၉:၁၂-၁၇; ၃၁:၁၆-၂၁) သူသည် ရုတ်ခြည်းဆိုသလို သူ၏ပစ္စည်းဥစ္စာ၊ သူ၏သားသမီးများနှင့် သူ၏ကျန်းမာရေးပါဆုံးရှုံးခဲ့ရခြင်းဖြင့် ဒုက္ခတစ်မျိုးပြီးတစ်မျိုး ရင်ဆိုင်ခဲ့ရသည်။ ဝမ်းနည်းစရာမှာ၊ ဖိနှိပ်ခံရသူများကို ထောက်ပံ့ကူညီပေးခဲ့သော ဤသဘောထားမြင့်မြတ်သူသည် အကူအညီလိုအပ်ချိန်တွင် အကူအညီမရရှိခဲ့ပါ။ သူ၏ဇနီးကပင် သူ့ကို ‘ဘုရားသခင်ကိုကျိန်ဆဲ၍သေလော့!’ ဟုပြောလေသည်။ ထို့ပြင် သူ၏ “မိတ်ဆွေများ” ဖြစ်သော ဧလိဖတ်၊ ဗိလဒဒ်နှင့် ဇောဖာတို့ကလည်း နှစ်သိမ့်မှုမပေးခဲ့ကြချေ။ နှစ်သိမ့်ပေးမည့်အစား ယောဘသည်အပြစ်ပြုခဲ့သောကြောင့် ဒုက္ခဆင်းရဲခံထိုက်ကြောင်း စောင်းချိတ်ပြောဆိုခဲ့ကြသည်။—ယောဘ ၂:၉; ၄:၇၊ ၈; ၈:၅၊ ၆; ၁၁:၁၃-၁၅။

ယောဘသည် ဒုက္ခပင်လယ်ဝေနေသည့်ကြားမှ သစ္စာတည်ကြည်ခဲ့သည်။ ထို့အတွက်ကြောင့် နောက်ဆုံးတွင် ယေဟောဝါသည် ယောဘကိုကြင်နာမှုပြ၍ ကောင်းချီးပေးခဲ့သည်။ သူမည်သို့ပြုလုပ်ခဲ့ပုံမှတ်တမ်းက သမာဓိစောင့်သိသူ ဘုရားသခင့်ကျေးကျွန်အားလုံးသည်လည်း အချိန်တန်လျှင်ဆုချခံရမည်ကို သမာဓိစောင့်သိကြသည့် ဘုရားသခင့်ကျေးကျွန်များအားလုံးကို စိတ်ချစေပါသည်။

ပြစ်တင်စွဲဆိုခြင်းမှကင်းလွတ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း

ဦးဆုံး ဧလိဖတ်၊ ဗိလဒဒ်နှင့် ဇောဖာတို့ကို ယေဟောဝါပြစ်တင်ဆုံးမခဲ့သည်။ အသက်အကြီးဆုံးဖြစ်ပုံရသည့် ဧလိဖတ်ကို ကိုယ်တော်က ဤသို့မိန့်ဆိုခဲ့သည်– “သင်နှင့် သင်၏အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက်ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ သင်တို့သည်မပြော။ သို့ဖြစ်၍ နွားထီးခုနစ်ကောင်တို့ကို ယူပြီးလျှင်၊ ငါ့ကျွန်ယောဘထံသို့ သွား၍၊ မိမိတို့အဖို့မီးရှို့ရာယဇ်ကိုပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဖို့ဆုတောင်းရမည်။” (ယောဘ ၄၂:၇၊ ၈) ယင်းသည် အဘယ်သဘောသက်ရောက်ကြောင်းကို စဉ်းစားကြည့်ပါလေ!

ယေဟောဝါသည် ဧလိဖတ်၊ ဗိလဒဒ်နှင့် ဇောဖာတို့၏ အပြစ်ကြီးလေးမှုကို ဖော်ပြသည့်အနေနှင့် သူတို့ထံမှ အတော်အတန်ကြီးမားသော ပူဇော်သကာကိုတောင်းဆိုခဲ့သည်။ အမှန်စင်စစ် သူတို့သည် သိလျက်နှင့်ဖြစ်စေ၊ မသိလျက်နှင့်ဖြစ်စေ ဘုရားသခင်သည် ‘သူ၏အမှုတော်ထမ်းတို့ကို ယုံတော်မမူ၊’ ယောဘ သစ္စာစောင့်သည်ဖြစ်စေ၊ မစောင့်သည်ဖြစ်စေ ကိုယ်တော့်အတွက်အရေးမပါလှဟုဆိုခြင်းဖြင့် ဘုရားသခင်အား ပြစ်မှားခဲ့ကြသည်။ ဘုရားသခင့်မျက်မှောက်တော်တွင် ယောဘသည် ပိုးဖလံတစ်ကောင်မျှလောက်ပင်တန်ဖိုးမရှိချေဟု ဧလိဖတ်ကပြောဆိုခဲ့သည်! (ယောဘ ၄:၁၈၊ ၁၉; ၂၂:၂၊ ၃) ယင်းကြောင့် “ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာ . . . သင်တို့သည်မပြော” ဟုယေဟောဝါမိန့်တော်မူခဲ့သည်မှာ အံ့အားသင့်စရာမဟုတ်ပါ!

သို့သော် ယင်းနှင့်မပြီးသေးပါ။ ယောဘသည် ကိုယ့်ပြဿနာကိုယ်ရှာသည်ဟုပြောခြင်းဖြင့် ဧလိဖတ်၊ ဗိလဒဒ်နှင့် ဇောဖာတို့သည် သူ့ကိုပြစ်မှားခဲ့ကြ၏။ သူတို့၏အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် စာနာမှုမရှိသောစကားတို့က ယောဘကိုစိတ်နာကြည်းစေပြီး စိတ်ဓာတ်ကျစေသည့်အတွက် သူကဤသို့ကြွေးကြော်ခဲ့သည်– “သင်တို့သည့် ငါ့စိတ်ဝိညာဉ်ကိုနှောင့်ယှက်၍ အဘယ်မျှကာလပတ်လုံး သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း။” (ယောဘ ၁၀:၁; ၁၉:၂) ယခု မိမိတို့၏အပြစ်များအတွက် ယဇ်ပူဇော်ပေးရန် ယောဘထံသွားခဲ့ကြရခြင်းသည် ဤသူသုံးဦး၏ မျက်နှာမည်မျှငယ်မည်ကို မြင်ယောင်ကြည့်ပါလေ!

သို့သော် ယောဘသည် သူတို့၏အရှက်တကွဲဖြစ်မှုကိုကြည့်၍ ပီတိဖြစ်မနေရပါ။ အမှန်အားဖြင့် သူ့ကိုစွပ်စွဲသူတို့အတွက် ဆုတောင်းပေးရန် ယေဟောဝါတောင်းဆိုတော်မူခဲ့၏။ ယောဘသည် ညွှန်ကြားခံရသည့်အတိုင်း ပြုလုပ်ခဲ့သောကြောင့် ကောင်းချီးခံစားရလေသည်။ ယေဟောဝါသည် ဦးဦးဆုံး သူ၏ကြောက်မက်ဖွယ်ရောဂါကို ပျောက်ကင်းစေတော်မူခဲ့သည်။ ထို့နောက် ယောဘ၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်ဟောင်းဆွေဟောင်းတို့သည် သူ့ထံလာပြီးနှစ်သိမ့်ပေးကြ၍ ‘ငွေတစ်ပြားစီနှင့် ရွှေလက်စွပ်တစ်ကွင်းစီပေးကြ၏။’a ထို့အပြင် ယောဘသည် “သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်၊ နွားယှဉ်တစ်ထောင်၊ မြည်းမတစ်ထောင်ကိုရတတ်၏။”b ၎င်းအပြင် ယောဘ၏ဇနီးသည် သူနှင့်ပြန်လည်ပြေလည်ခဲ့ပုံရှိသည်။ အချိန်တန်သော် သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရသည့် ကောင်းချီးကိုခံစားရပြီး သူ၏အမျိုးအနွယ်လေးဆက်ကိုမြင်ရသည့်အထိ အသက်ရှင်ခွင့်ရခဲ့သည်။—ယောဘ ၄၂:၁၀-၁၇။

ကျွန်ုပ်တို့အတွက်သင်ခန်းစာများ

ယောဘသည် ယခုခေတ်ဘုရားသခင့်ကျေးကျွန်များအတွက် ထူးခြားသောပုံသက်သေကို ချမှတ်ပေးခဲ့သည်။ သူသည် “စုံလင်ဖြောင့်မတ်” ပြီး “ငါ့ကျွန်” ဟုယေဟောဝါက ဂုဏ်ယူစွာခေါ်ခဲ့သူတစ်ဦးဖြစ်သည်။ (ယောဘ ၁:၈; ၄၂:၇၊ ၈) သို့သော် ယင်းက ယောဘသည် စုံလင်သူတစ်ဦးဖြစ်သည်ဟုမဆိုလိုပါ။ စမ်းသပ်မှုအမျိုးမျိုးခံနေရချိန်အတွင်း တစ်ကြိမ်တွင် သူ၏အတိဒုက္ခများသည် ဘုရားသခင်ကြောင့်ဖြစ်သည်ဟု မှားယွင်းစွာသူထင်မှတ်ခဲ့၏။ လူသားများနှင့် ဘုရားသခင်၏ဆက်ဆံပုံကိုပင် သူအပြစ်ရှာခဲ့သည်။ (ယောဘ ၂၇:၂; ၃၀:၂၀၊ ၂၁) ထို့ပြင် ဘုရားသခင်ထက် မိမိ၏ဖြောင့်မတ်ခြင်းကို သူကြေညာခဲ့သည်။ (ယောဘ ၃၂:၂) သို့သော် ဖန်ဆင်းရှင်ကိုပစ်ပယ်ရန် ယောဘငြင်းဆိုခဲ့ပြီး ဘုရားသခင်ထံမှပြုပြင်မှုကို နှိမ့်ချစွာခံယူခဲ့သည်။ သူကဤသို့ဝန်ခံခဲ့သည်– “အကျွန်ုပ်သည် နားမလည်သောအရာတို့ကို . . . ပြောမိပါပြီ။ အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။”—ယောဘ ၄၂:၃၊ ၆။

စမ်းသပ်မှုတွေ့ကြုံရသည့်အခါ ကျွန်ုပ်တို့လည်း မသင့်တော်သည့်နည်းဖြင့် တွေးတောဆင်ခြင်၊ ပြောဆိုပြုမူမိပေမည်။ (ဒေသနာ ၇:၇ နှိုင်းယှဉ်။) သို့ဖြစ်စေကာမူ ဘုရားသခင်အားနှစ်နှစ်ကာကာချစ်မည်ဆိုလျှင် ကျွန်ုပ်တို့သည် အခက်အခဲများတွေ့ကြုံရန် ကိုယ်တော်ခွင့်ပြုထားသောကြောင့် ကိုယ်တော်အားပုန်ကန်မည်မဟုတ်သကဲ့သို့ စိတ်နာကြည်းမည်လည်းမဟုတ်ပါ။ ထိုသို့ပြုမည့်အစား ကျွန်ုပ်တို့၏သမာဓိကိုဆက်လက်ထိန်းသိမ်းခြင်းဖြင့် နောက်ဆုံးတွင် ကြီးမားသည့်ကောင်းချီးကို ရိတ်သိမ်းရပါလိမ့်မည်။ ယေဟောဝါနှင့်စပ်လျဉ်း၍ ဆာလံဆရာက ဤသို့ဆိုသည်– “သစ္စာစောင့်သိသူနှင့် ကိုယ်တော်သည်သစ္စာစောင့်သိစွာစီရင်မည်။”—ဆာလံ ၁၈:၂၅၊ ကဘ။

ယောဘသည် ကျန်းမာရေးပြန်မကောင်းလာမီ သူ့ကိုပြစ်မှားခဲ့သူများအတွက် ဆုတောင်းပေးရန် ယေဟောဝါတောင်းဆိုတော်မူခဲ့သည်။ ကျွန်ုပ်တို့အတွက် အလွန်ကောင်းသောသင်ခန်းစာပါတကား! ကျွန်ုပ်တို့ကိုယ်တိုင်၏အပြစ်များ ခွင့်လွှတ်မခံရမီ ကျွန်ုပ်တို့အား ပြစ်မှားသူများကို ခွင့်လွှတ်ရန် ယေဟောဝါလိုလားတော်မူ၏။ (မဿဲ ၆:၁၂; ဧဖက် ၄:၃၂) အခြားသူများကိုတလိုတလားခွင့်လွှတ်ရန် ခိုင်လုံသောအကြောင်းရှိလျက်နှင့် ခွင့်မလွှတ်လျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကိုကြင်နာမှုပြမည်ဟု အမှန်မျှော်လင့်နိုင်ပါမည်လော။—မဿဲ ၁၈:၂၁-၃၅။

ကျွန်ုပ်တို့အားလုံး တစ်ကြိမ်မဟုတ်တစ်ကြိမ် စမ်းသပ်မှုများကိုတွေ့ကြုံရကြသည်။ (၂ တိမောသေ ၃:၁၂) သို့သော် ယောဘကဲ့သို့ ကျွန်ုပ်တို့သမာဓိစောင့်သိနိုင်ပါသည်။ ယင်းသို့ပြုခြင်းဖြင့် ကြီးမားသောဆုကျေးဇူးကို ကျွန်ုပ်တို့ရိတ်သိမ်းရပါလိမ့်မည်။ ယာကုပ်က ဤသို့ရေးသားခဲ့၏– “သည်းခံနိုင်သောသူသည် မင်္ဂလာရှိသည်ဟူ၍ ငါတို့ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရပြီ။ ထာဝရဘုရားသည် မိမိအမှုကိုလက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။”—ယာကုပ် ၅:၁၁။

[အောက်ခြေမှတ်ချက်များ]

a “ငွေတစ်ပြား” (ဟေဗြဲ၊ ကီစီတား) ၏တန်ဖိုးကို ပိုင်းဖြတ်၍မရပါ။ သို့သော် ယာကုပ်ခေတ်တွင် “ငွေတစ်ပိဿာ” နှင့် အတော်အတန်ကျယ်ဝန်းသောမြေနေရာကို ဝယ်၍ရသည်။ (ယောရှု ၂၄:၃၂) ထို့ကြောင့် ဧည့်သည်တစ်ဦးစီထံမှရသော “ငွေတစ်ပြား” မှာ စတိမျှပေးခြင်းဖြစ်ပုံမရှိပါ။

b သားပေါက်သည့်မြည်းမများ၏တန်ဖိုးကြောင့် အထီး၊ အမဖြစ်သည်ကိုဖော်ပြထားခြင်းဖြစ်ပုံရသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ