မတရားမှုသည် မလွှဲမရှောင်နိုင်သည့်အရာလော
“ဘာပဲဖြစ်ဖြစ် လူတွေဟာ တကယ့်ကိုစိတ်ကောင်းရှိကြတယ်လို့ ကျွန်မယုံကြည်နေတုန်းပဲ။ စိတ်ရှုပ်ထွေးစရာ၊ စိတ်ဆင်းရဲစရာနဲ့ သေခြင်းတို့ပေါင်းစပ်ထားတဲ့ အုတ်မြစ်အပေါ်မှာ ကျွန်မရဲ့မျှော်လင့်ချက်ကို မတည်ဆောက်နိုင်ဘူး။”—အဲန်းဖရဲန့်ခ်။
အသက် ၁၅ နှစ်အရွယ် ဂျူးမလေး အဲန်းဖရဲန့်ခ် မသေဆုံးမီလေးတွင် စိတ်ထိခိုက်ဖွယ်ထိုစကားများကို သူမ ၏နေ့စဉ်မှတ်တမ်းတွင်ရေးသားခဲ့သည်။ သူမ ၏မိသားစုသည် အမ်စတာဒမ်မြို့ရှိ အိမ်ခေါင်မိုးအောက်ထပ်ခိုးတစ်ခုတွင် နှစ်နှစ်ကျော်ကျော် ခိုးကြောင်ခိုးဝှက်ပုန်းအောင်းနေခဲ့ကြရသည်။ ဖော်ကောင်တစ်ဦးက သူတို့ရှိသည့်နေရာကို နာဇီတို့အားဖော်ပြလိုက်သောအခါ သာ၍ကောင်းသောကမ္ဘာရောက်လာရန် သူမ၏မျှော်လင့်ချက်များ ပြိုကွဲပျက်စီးသွားခဲ့သည်။ နောက်တစ်နှစ် ၁၉၄၅ တွင် ဘာဂင်-ဘဲလ်ဇင်ချွေးတပ်စခန်း၌ တိုက်ဖတ်အဖျားရောဂါဖြင့် အဲန်းသေဆုံးခဲ့သည်။ ဂျူးလူမျိုးခြောက်သန်းမှာ အလားတူကြမ္မာမျိုးကိုရင်ဆိုင်ခဲ့ကြရသည်။
လူသားမျိုးနွယ်တစ်ရပ်လုံးကို သုတ်သင်ရန် ဟစ်တလာ၏ . . . အကြံအစည်သည် ကျွန်ုပ်တို့ရာစုအတွင်း အဆိုးဝါးဆုံးလူမျိုးရေးဆိုင်ရာ မတရားမှုဖြစ်နိုင်သော်လည်း ယင်းတစ်ခုတည်းသာမဟုတ်ပါ။ ၁၉၉၄ ခုနှစ်တွင် ရဝမ်ဒါနိုင်ငံ၌ တူစီလူမျိုးငါးသိန်းကျော်သည် “ကွဲပြားသော” လူမျိုးနွယ်ဖြစ်ရုံမျှဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသည်။ ထို့ပြင် ပထမကမ္ဘာစစ်အတွင်း လူမျိုးစုသန့်စင်ရေးကြောင့် အာမေးနီးယန်းလူမျိုးတစ်သန်းခန့် သေဆုံးခဲ့ရသည်။
[Picture Credit Line on page 3]
UPI/Corbis-Bettmann