ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၄/၁ စာ. ၂၀-၂၂
  • သင့်အတွေးအခေါ်ကို မည်သူပုံသွင်းသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အတွေးအခေါ်ကို မည်သူပုံသွင်းသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာတန်၏ဖိညှစ်ပုံသွင်းမှုခံသလော
  • ဖြစ်ပျက်နေသည့်အရာကိုသိရှိပါ
  • ယေဟောဝါ၏ပုံသွင်းခြင်းကိုခံပါ
  • အိုးထိန်းရှင်ယေဟောဝါကို တန်ဖိုးထားလေးမြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယေဟောဝါပုံသွင်းတာကို လက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သင့်ရဲ့ အပြုအမူနဲ့ စဉ်းစားတွေးခေါ်ပုံကို ယေဟောဝါ ပုံသွင်းပါစေ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • စိတ်တိုက်ပွဲမှာ အောင်ပွဲခံခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၄/၁ စာ. ၂၀-၂၂

သင့်အတွေးအခေါ်ကို မည်သူပုံသွင်းသနည်း

“ငါဘာစဉ်းစားရမယ်၊ ဘာလုပ်ရမယ်ဆိုတာကို ဘယ်သူမှပြောစရာမလိုဘူး!” ထိုသို့အခိုင်အမာဆိုခြင်းသည် အများအားဖြင့် မိမိကိုယ်ကိုနှင့် မိမိ၏စီရင်ဆုံးဖြတ်မှုကို ယုံကြည်စိတ်ချလွန်းသည့်သဘောပင်။ ထိုသို့သင်ယူဆသလော။ သင့်အတွက် မည်သူမျှဆုံးဖြတ်ပေး၍မရသည်ကို နားလည်နိုင်ပါသည်။ သို့သော် ကောင်းသောအကြံပေးချက်ကို ချက်ချင်းငြင်းပယ်လိုက်ခြင်းသည် ပညာရှိရာရောက်ပါမည်လော။ ပညာရှိသောဆုံးဖြတ်ချက်များချဖို့ မည်သူမျှလုံးဝကူညီမပေးနိုင်တော့ပြီလော။ မည်သို့ပင်ဆိုစေ သင့်အတွေးအခေါ်ကို တစ်စုံတစ်ယောက်က သင်မသိဘဲ ပုံသွင်းနေမနေ တပ်အပ်သေချာပါသလော။

ဥပမာ၊ ဒုတိယကမ္ဘာစစ်မတိုင်မီ ဟစ်တလာ၏ဝါဒဖြန့်ချိရေးဝန်ကြီး ယိုးဇက်ဖ် ဂယ်ဘဲလ်စ်သည် ဂျာမနီရုပ်ရှင်လုပ်ငန်းကိုချုပ်ကိုင်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ယင်းသည် “လူတို့၏ယုံကြည်ချက်များနှင့် အပြုအမူများကိုပါသြဇာလွှမ်းမိုး” ရန်အလွန်ထိရောက်သောလက်နက်ကို ရရှိစေမည်ဖြစ်သောကြောင့်ပင်။ (၁၉၃၃-၁၉၄၅ ဝါဒဖြန့်ချိရေးနှင့် ဂျာမန်ရုပ်ရှင်) နာဇီအတွေးအခေါ်ကို မမေးမမြန်းခံယူလိုက်လျှောက်ရန် ဆင်ခြင်တုံတရားရှိသောသာမန်လူထုကိုကြိုးဆွဲဖို့ ဤနည်းနှင့်အခြားနည်းများအသုံးပြုခဲ့ရာ ထိတ်လန့်ဖွယ်ကောင်းသည့်တိုင် ထိရောက်ခဲ့ကြောင်း သင်သိထားပေမည်။

အမှန်မှာ သင်နာယူသူတို့၏သဘောထားများနှင့် အယူအဆများသည် သင့်အတွေးအခေါ်၊ သင့်လုပ်ဆောင်ပုံကို တစ်နည်းနည်းဖြင့် အမြဲသြဇာသက်ရောက်တတ်သည်။ သို့သော် မလိုလားဖွယ်တော့မဟုတ်ချေ။ ဤသူတို့သည် သင့်အကျိုးကိုလိုလားသည့် ဆရာဆရာမများ၊ သူငယ်ချင်းများ သို့မဟုတ် မိဘများဖြစ်ကြပါမူ သူတို့၏သွန်သင်စကားနှင့် အကြံဉာဏ်မှ အကျိုးများစွာရရှိပါလိမ့်မည်။ သို့သော် သူတို့သည် တမန်တော်ပေါလုဖော်ပြခဲ့သကဲ့သို့ ကိုယ်ကျိုးကိုသာရှာသူများ၊ ကိုယ်တိုင်လမ်းလွဲနေသူများ၊ သို့မဟုတ် အတွေးအခေါ်ယိုယွင်းနေသူများဖြစ်ကြမည်ဆိုလျှင် သတိပြုပါလေ!—တိတု ၁:၁၀; တရားဟောရာ ၁၃:၆-၈။

ထို့ကြောင့် ကိုယ့်ကိုယ်ကိုအားရကျေနပ်ပြီး သင့်အား မည်သူမျှသြဇာလွှမ်းမိုးနိုင်မည်မဟုတ်ဟု မထင်လိုက်လေနှင့်။ (၁ ကောရိန္သု ၁၀:၁၂ နှိုင်းယှဉ်။) ဖြစ်နိုင်သည်ကား သင်သတိမပြုမိဘဲ သင်ဝန်ခံလိုမည်ထက် ကြိမ်ဖန်များစွာပို၍လွှမ်းမိုးနေပေမည်။ သင်ဈေးသွားသောအခါ သင်ဝယ်ဖို့ဆုံးဖြတ်သည့်ပစ္စည်းနှင့်ပတ်သက်၍ ဥပမာရိုးရိုးလေးကိုသုံးသပ်ကြည့်ပါ။ သင့်ဆုံးဖြတ်ချက်သည် မိမိဘာသာ စဉ်းစဉ်းစားစားနှင့်ဆုံးဖြတ်ခြင်းသက်သက်ဖြစ်သလော။ သို့မဟုတ် များသောအားဖြင့် မြင်ပင်မမြင်ရသောအခြားသူများက သင့်ရွေးချယ်မှုကိုမသိမသာသြဇာလွှမ်းပါသလော။ ဩဇာလွှမ်းသည်ဟု သတင်းထောက်ဆောင်းပါးရှင်အဲရစ်ခ်ဂလပ်ခ်ကယူဆသည်။ “ကြော်ငြာများကို တွေ့မြင်ကြားနာနေရလေ သတိမပြုမိလေဖြစ်ပြီး တစ်ကြိမ်တည်းတွင် အမှန်တကယ်ပင် ဩဇာလွှမ်းမိုးခံရစရာအကြောင်း ပိုများသည်” ဟုသူကဆိုသည်။ ကြော်ငြာခြင်းသည် မည်မျှထိရောက်သနည်းဟု မေးမြန်းခံရသောအခါ “အများစုက ထိရောက်၏၊ သို့သော် မိမိတို့အပေါ်မဟုတ်” ဟုလည်း ဖော်ပြသည်။ ကိုယ်ကလွဲ၍ လူတိုင်းအလွယ်တကူသြဇာလွှမ်းခံရသည်ဟု လူအများယူဆကြသည်။ “သူတို့မူလုံးဝ ဩဇာလွှမ်းမိုးခံရပုံမရှိပါ။”—လိုရာပြုလုပ်သူများ။

စာတန်၏ဖိညှစ်ပုံသွင်းမှုခံသလော

နေ့စဉ်ပင် ကြော်ငြာများ၏သြဇာခံရခြင်းသည်ဆိုးရွားသောဆိုးကျိုးများဖြစ်ချင်မှဖြစ်ပေမည်။ သို့ရာတွင် ပို၍ အန္တရာယ်ရှိသော ဩဇာတစ်မျိုးရှိ၏။ စာတန်ကို ကျွမ်းကျင်လှသောကြိုးဆွဲသူဟု သမ္မာကျမ်းစာက ရှင်းလင်းစွာခေါ်ဆိုထားသည်။ (ဗျာဒိတ် ၁၂:၉) သူ၏အတွေးအခေါ်မှာ ဝယ်သူများကိုစိတ်ပါစေရန် နည်းနှစ်နည်း—“သွေးဆောင်ခြင်းနှင့် ပုံသွင်းပေးခြင်း”—ရှိသည်ဟုဆိုသည့် ကြော်ငြာကိုယ်စားလှယ်တစ်ဦး၏ အတွေးအခေါ်နှင့်ဆင်တူသည်။ ဝါဒဖြန့်သူများနှင့် ကြော်ငြာလုပ်ငန်းရှင်များသည် သင့်အတွေးအခေါ်ကိုပုံသွင်းရန် အဆိုပါသိမ်မွေ့သောနည်းများကို အသုံးပြုနိုင်သည်ဆိုလျှင် စာတန်သည် အလားတူနည်းပရိယာယ်များကိုအသုံးပြုရာတွင် မည်မျှကျွမ်းကျင်လှမည်တကား!—ယောဟန် ၈:၄၄။

ယင်းကို တမန်တော်ပေါလုသိထား၏။ ခရစ်ယာန်ချင်းများသည် သတိမမူမိဘဲ စာတန်၏လှည့်ဖြားမှုသားကောင်များဖြစ်သွားမည်ကို သူစိုးရွံ့ခဲ့သည်။ သူက ဤသို့ရေးသားခဲ့သည်– “မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍ ခရစ်တော်ကိုအကြွင်းမဲ့ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။” (၂ ကောရိန္သု ၁၁:၃) ယင်းသတိပေးချက်ကို အလေးအနက်ထားပါ။ သို့မဟုတ်လျှင် ဝါဒဖြန့်ချိခြင်းနှင့် ပုံသွင်းပေးခြင်းတို့သည် ထိရောက်၏၊ “သို့သော် မိမိတို့အပေါ်မဟုတ်” ဟုယူဆသူတို့နှင့်တူနေပေမည်။ စာတန်၏ဝါဒဖြန့်မှုသည် ထိရောက်ကြောင်း ဤလူမျိုးဆက်ကိုခွဲခြားသိမှတ်စေသည့် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ရိုင်းစိုင်းမှု၊ အကျင့်ယိုယွင်းမှုနှင့် အရေခြုံမှုတို့တွင် သိသာထင်ရှားပါသည်။

ထို့ကြောင့် ပေါလုသည် ခရစ်ယာန်ချင်းများအား “လော[က]ပုံသဏ္ဌာန်ကိုမဆောင်ကြ” ဖို့တောင်းပန်ခဲ့သည်။ (ရောမ ၁၂:၂) ကျမ်းစာဘာသာပြန်တစ်ဦးက ပေါလု၏အဆိုပါစကားများကို ဤသို့ပြန်ဆိုခဲ့သည်– “လောက၏ဖိညှစ်ပုံသွင်းမှုကိုမခံကြနှင့်။” (ရောမ ၁၂:၂၊ ဖိလစ်) အိုးထိန်းသမားသည် အိုးမြေပေါ် ကြိုက်နှစ်သက်ရာ အမှတ်အသားများ၊ သင်္ကေတလက္ခဏာများပေါ်စေရန် ပုံစံခွက်ထဲ ရွှံ့မြေကိုသွတ်သိပ်ထည့်သကဲ့သို့ စာတန်သည် သင့်ကိုအတင်းအကျပ်ပုံသွင်းဖို့ ကြိုးစားပါလိမ့်မည်။ ထိုသို့ပြုရန် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် ဖျော်ဖြေမှုတို့ကို စာတန်အသင့်ပြင်ထား၏။ သူ၏သြဇာ မည်မျှတိုင်ပျံ့နှံ့သနည်း။ တမန်တော်ယောဟန်ခေတ်ကကဲ့သို့ပင် ပျံ့နှံ့လျက်ရှိသည်။ “လော[က]သားအပေါင်းတို့သည် [စာတန်]၏လက်၌ရှိကြသည်” ဟုယောဟန်ဆိုခဲ့သည်။ (၁ ယောဟန် ၅:၁၉; ၂ ကောရိန္သု ၄:၄ ကိုလည်းရှု။) လူတို့ကိုလှည့်ဖြားပြီး သူတို့၏အတွေးအခေါ်ကိုယိုယွင်းစေသည့် စာတန့်အစွမ်းအစကိုသင်မယုံလျှင် ဘုရားသခင်အားဆက်ကပ်အပ်နှံခဲ့ကြသည့် ဣသရေလလူမျိုးတစ်မျိုးလုံးကို မည်မျှထိရောက်စွာ ထိုသို့ပြုခဲ့ပုံကိုသတိရပါ။ (၁ ကောရိန္သု ၁၀:၆-၁၂) သင်လည်း ထိုသို့ဖြစ်မည်လော။ သင်သည် စာတန့်လှည့်ဖြားမှုသြဇာကိုခံမည်ဆိုလျှင် ဖြစ်နိုင်ပါသည်။

ဖြစ်ပျက်နေသည့်အရာကိုသိရှိပါ

အများအားဖြင့် မသိမသာအန္တရာယ်ပြုသော အဆိုပါလှုံ့ဆော်မှုများ၏သြဇာကိုခံမှသာ သင့်အတွေးအခေါ်သည် လွှမ်းမိုးခံရလိမ့်မည်။ ဗန်စ်ပက္ကပ်က လျှို့ဝှက်သွေးဆောင်သူများဟူသည့် သူ၏စာအုပ်တွင် ဤအချက်ကိုဖော်ပြသည်– “ထိုသို့သော [လျှို့ဝှက်] သွေးဆောင်သူများကို ဆန့်ကျင်နိုင်သည့်ခံတပ်—သွေးဆောင်မခံရန် ရွေးချယ်ထားခြင်း—ကျွန်ုပ်တို့တွင်ရှိ၏။ အခြေအနေတိုင်းလိုလိုတွင် ကျွန်ုပ်တို့မှာ ရွေးချယ်ခွင့်ရှိဆဲဖြစ်ရာ ဖြစ်ပျက်နေသမျှကို သိရှိမည်ဆိုလျှင် ကြိုးဆွဲတိုင်းအလွယ်တကူခံရစရာအကြောင်းမရှိပါ။” ဝါဒဖြန့်မှုနှင့် လှည့်ဖြားမှုတို့နှင့်ပတ်သက်၍လည်း ထို့အတူဖြစ်သည်။

“ဖြစ်ပျက်နေသည့်အရာကိုသိရှိ” ရန်ကောင်းသောသြဇာလွှမ်းမိုးမှုကိုခံဖို့ အသင့်ရှိနေရမည်။ ကျန်းမာရေးကောင်းရန် အာဟာရရှိရှိစားဖို့လိုသကဲ့သို့ စိတ်ဓာတ်ကျန်းမာရေးအတွက် ထိုသို့ပြုရန်လိုသည်။ (သု. ၅:၁၊ ၂) သတင်းအချက်အလက်မရှိခြင်းသည် သတင်းမှားများရထားသကဲ့သို့ပင် အန္တရာယ်ဖြစ်စေနိုင်၏။ မှားယွင်းသောအယူအဆများနှင့် အတွေးအခေါ်များမရှိရန်ဂရုစိုက်ဖို့လိုသည်မှန်သော်လည်း သင့်အားပေးသမျှအကြံဉာဏ် သို့မဟုတ် သတင်းအချက်အလက်များကို မလိုတမာစိတ်၊ မသင်္ကာသောသဘော မထားဖို့ကြိုးစားပါ။—၁ ယောဟန် ၄:၁။

စိတ်ရင်းမှန်ဖြင့် သွေးဆောင်ခြင်းသည် လျှို့ဝှက်ဝါဒဖြန့်ခြင်းနှင့်မတူချေ။ ‘သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်းလှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြမည့် ဆိုးညစ်သောသူ၊ လှည့်ဖြားသောလူ’ တို့ကိုသတိပြုရန် တမန်တော်ပေါလုက လူငယ်တိမောသေကို သတိပေးခဲ့သည်။ သို့သော် ပေါလုက ဤသို့ထပ်ဆင့်ခဲ့သည်– “သင်သည် အဘယ်သူထံ၌နည်းခံခဲ့ပြီးသည်ကို . . . သိမှတ်သည်နှင့်၊ အထက်ကသင်၍နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလော့။” (၂ တိမောသေ ၃:၁၃၊ ၁၄၊ ၁၅) သင်ခံယူသောအရာတိုင်းသည် သင့်ကို အနည်းနှင့်အများ ဩဇာလွှမ်းမိုးလိမ့်မည်ဖြစ်သောကြောင့် အဓိကအချက်မှာ ‘အဘယ်သူထံ၌နည်းခံသည်၊’ ကိုယ်ကျိုးကိုမဟုတ်ဘဲ သင့်အကျိုးကိုလိုလားသူများဖြစ်မဖြစ် သေချာသိထားရန်ဖြစ်သည်။

ကိုယ်တိုင်ရွေးချယ်ရမည့်ကိစ္စဖြစ်သည်။ သင့်အတွေးအခေါ်ကို ဤလောက၏အတွေးအခေါ်များနှင့် တန်ဖိုးဖြတ်စနစ်များကို လွှမ်းမိုးခွင့်ပေးခြင်းအားဖြင့် ‘ဤလောက၏ပုံသဏ္ဌာန်ကို’ ဆောင်ဖို့သင်ရွေးချယ်နိုင်သည်။ (ရောမ ၁၂:၂) သို့သော် ဤလောကသည် သင့်ကောင်းကျိုးကိုလိုလားသည်မဟုတ်။ ထို့ကြောင့် တမန်တော်ပေါလုက “လူအဆက်ဆက်ခံသော နည်းဥပဒေသ . . . ကိုလိုက်၍၊ လော[က]ပညာနှင့်အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှမလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့” ဟုသတိပေးခဲ့သည်။ (ကောလောသဲ ၂:၈) ဤနည်းဖြင့် စာတန်၏ပုံစံခွက်ထဲဖိညှစ်ပုံသွင်းခံရခြင်း သို့မဟုတ် သားကောင်အဖြစ် ‘လုယူဖျက်ဆီးခံရ’ ခြင်းသည် မခဲယဉ်းပေ။ ယင်းသည် ဆေးလိပ်ငွေ့နှင့်တူသည်။ ညစ်ညမ်းသောလေကို သင်ရှူရှိုက်ရုံဖြင့် ကိုယ်တိုင်ရောဂါခံရမည်ဖြစ်သည်။

တစ်ဖက်မှကြည့်လျှင် ထို “လေ” ကိုမရှူဘဲနေနိုင်သည်။ (ဧဖက် ၂:၂) ပေါလု၏ဤအကြံပြုချက်ကို သင်လိုက်နိုင်၏– “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။” (ရောမ ၁၂:၂) ထိုသို့ပြုရန် ကြိုးစားအားထုတ်မှုအမှန်လိုသည်။ (သု. ၂:၁-၅) ယေဟောဝါသည် ကြိုးကိုင်သူမဟုတ်ကြောင်းသတိရပါ။ ကျွန်ုပ်တို့လိုအပ်သည့် သိသင့်သိအပ်သော အချက်အလက်အားလုံးကို ကိုယ်တော်စီမံထားသော်လည်း ၎င်းတို့မှအကျိုးခံစားရရန် နားထောင်ခံယူပြီး သင့်အတွေးအခေါ်ကိုအကျိုးပြုစေရမည်ဖြစ်သည်။ (ဟေရှာယ ၃၀:၂၀၊ ၂၁; ၁ သက်သာလောနိတ် ၂:၁၃) ဘုရားသခင့်မှုတ်သွင်းခံ “ဓမ္မကျမ်းစာ” ပါအမှန်တရားနှင့် သင့်စိတ်ကိုပြည့်နေစေရမည်။—၂ တိမောသေ ၃:၁၅-၁၇။

ယေဟောဝါ၏ပုံသွင်းခြင်းကိုခံပါ

ယေဟောဝါ၏ပုံသွင်းမှုကိုခံခြင်းမှ အကျိုးခံစားလိုလျှင် သင့်ဘက်မှတလိုတလားနာခံလိုစိတ်ရှိဖို့လိုကြောင်း ပရောဖက်ယေရမိအား အိုးထိန်းသမားတစ်ဦး၏အလုပ်ရုံသို့လည်ပတ်ရန် ကိုယ်တော်မိန့်မှာသောပုံဥပမာတွင် ထိရောက်စွာဖော်ပြခဲ့သည်။ အိုးထိန်းသမားကြိုးစားလုပ်ခဲ့သောအိုးမြေသည် “အိုးထိန်းသမား၏လက်၌ပျက်စီး” သောအခါ သူသည်စိတ်ပြောင်းကာ အခြားအိုးပြန်လုပ်သည်ကို ယေရမိတွေ့မြင်ခဲ့သည်။ ထို့နောက် ယေဟောဝါက ဤသို့ဆို၏– “အိုဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကိုငါမပြုနိုင်သလော။ အိုဣသရေလအမျိုး၊ အိုးမြေသည်အိုးထိန်းသမားလက်၌ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။” (ယေရမိ ၁၈:၁-၆) ယင်းကြောင့် ဣသရေလနိုင်ငံရှိလူတို့သည် အိုးတစ်မျိုးမဟုတ်တစ်မျိုးသို့ပုံသွင်းရန် ယေဟောဝါ၏လက်တော်တွင် အသက်မဲ့အိုးမြေသဖွယ်သာဖြစ်သည်ဟု ဆိုလိုနေခြင်းလော။

ယေဟောဝါသည် လူသားတို့၏ဆန္ဒကိုလွန်ဆန်၍ မိမိ၏အတိုင်းအဆမဲ့တန်ခိုးတော်ကို ဘယ်တော့မျှအသုံးမပြုချေ; အိုးထိန်းသမားတစ်ဦးကြောင့် အပြစ်အနာအဆာရှိအိုးများဖြစ်ပေါ်လာစေကာမူ ကိုယ်တော်နှင့်ပတ်သက်၍ကား ထိုသို့မဟုတ်ချေ။ (တရားဟောရာ ၃၂:၄) ယေဟောဝါက အပြုသဘောဖြင့်ပုံသွင်းရန်ကြိုးစားသော်လည်း ကိုယ်တော့်ညွှန်ကြားမှုကိုဆန့်ကျင်၍ ပုံသွင်းမခံကြသောအခါ အပြစ်အနာအဆာများဖြစ်ပေါ်လာတတ်၏။ ယင်းသည် သင်နှင့် အသက်မဲ့သောအိုးမြေ၏ ကွာခြားမှုကြီးတစ်ခုဖြစ်သည်။ သင့်မှာ လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိသည်။ ယင်းလုပ်ပိုင်ခွင့်ကိုအသုံးပြုကာ ယေဟောဝါ၏ပုံသွင်းခြင်းကိုခံဖို့ သို့မဟုတ် တမင်တကာငြင်းဆန်ဖို့ သင်ရွေးချယ်နိုင်သည်။

အလေးအနက်စဉ်းစားစရာသင်ခန်းစာပါတကား! “ငါဘာလုပ်ရမယ်ဆိုတာကို ဘယ်သူမှပြောစရာမလိုဘူး” ဟုစိတ်ကြီးဝင်ကာပြောမည့်အစား ယေဟောဝါ၏စကားတော်ကိုနားထောင်ရန် မည်မျှပိုကောင်းသည်တကား! ကျွန်ုပ်တို့အားလုံး ယေဟောဝါ၏လမ်းပြမှုသြဇာခံရန်လိုသည်။ (ယောဟန် ၁၇:၃) “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကိုသွန်သင်တော်မူပါ” ဟုဆုတောင်းခဲ့သူ ဆာလံဆရာဒါဝိဒ်ကဲ့သို့ ဖြစ်ကြစို့။ (ဆာလံ ၂၅:၄) ဘုရင်ရှောလမုန်ပြောခဲ့သည့် ဤစကားကို သတိရပါ– “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်တိုးပွားရလိမ့်မည်။” (သု. ၁:၅) သင်နားထောင်မည်လော။ နားထောင်မည်ဆိုလျှင် “သမ္မာသတိသည် သင့်ကိုထိန်းသိမ်း၍ ဉာဏ်သည်လည်းစောင့်ရှောက်” လိမ့်မည်။—သု. ၂:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ