ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၇/၁ စာ. ၃၀-၃၁
  • ကြွယ်ဝစွာဆုချခံခဲ့ရသည့် လည်ပတ်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြွယ်ဝစွာဆုချခံခဲ့ရသည့် လည်ပတ်မှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာရုံကိုဆွဲဆောင်သည့်သတင်းတစ်ခု
  • နက်နဲခက်ခဲသောမေးခွန်းများ၊စိတ်ကျေနပ်ဖွယ်အဖြေများ
  • ကျွန်ုပ်တို့အတွက်သင်ခန်းစာ
  • အတိုင်းထက်အလွန်ရက်ရောကြသောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ပညာရှိဘုရင် ရှောလမုန်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဉာဏ်ပညာကို တန်ဖိုးထားသူ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ဉာဏ်ပညာ ကြီးမားတဲ့ ယေဟောဝါကို ချီးမွမ်းပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၇/၁ စာ. ၃၀-၃၁

သူတို့သည် ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ

ကြွယ်ဝစွာဆုချခံခဲ့ရသည့် လည်ပတ်မှု

ရှေဘပြည်မှ ယေရုရှလင်မြို့သို့ခရီးစဉ်သည် မိဖုရားအတွက် အလွန်ပင်ပန်းခက်ခဲသောခရီးစဉ်ဖြစ်ခဲ့ပေမည်။ ထိုမိဖုရားသည် စည်းစိမ်ခံလေ့ရှိသူဖြစ်သည်။ ယခုမူ သူသည် မိုင်ပေါင်း ၁,၅၀၀ ရှိခရီးရှည်ကို ကုလားအုတ်ဖြင့် သွားနေသည်၊ မိုင်အတော်များများမှာ ခြစ်ခြစ်တောက်ပူပြင်းသော သဲကန္တာရထဲတွင်ဖြစ်သည်။ ခန့်မှန်းချက်တစ်ခုအရ သူ၏အသွားခရီးတစ်ခုတည်းကပင် ၇၅ ရက်ခန့်ကြာပေမည်!a

ကြွယ်ဝချမ်းသာသည့် ဤမိဖုရားသည် ရှေဘပြည်မှ သူ၏သက်သောင့်သက်သာနေအိမ်ကိုစွန့်ကာ ဤမျှခက်ခဲသောခရီးကို အဘယ်ကြောင့်နှင်ခဲ့ရသနည်း။

အာရုံကိုဆွဲဆောင်သည့်သတင်းတစ်ခု

ရှေဘပြည်ကိုအစိုးရသောမိဖုရားသည် “ရှောလမုန်၏ဂုဏ်အသရေနှင့် ထာဝရဘုရား၏နာမတော်သတင်းကိုကြား” ပြီးနောက် ယေရုရှလင်မြို့သို့လာခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၀:၁) မိဖုရားကြားခဲ့သည့်သတင်းအတိအကျကိုမူ မဖော်ပြထားချေ။ သို့ရာတွင် ယေဟောဝါသည် ရှောလမုန်ကို ထူးကဲသည့်ဉာဏ်ပညာ၊ စည်းစိမ်ဥစ္စာနှင့် ဂုဏ်အသရေတို့ဖြင့် ကောင်းချီးပေးထားကြောင်း ကျွန်ုပ်တို့သိကြရသည်။ (၂ ရာဇဝင်ချုပ် ၁:၁၁၊ ၁၂) ယင်းကို ထိုမိဖုရားအဘယ်သို့သိခဲ့သနည်း။ ရှေဘပြည်သည် ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျသောနေရာတစ်ခုဖြစ်ရာ သူ့တိုင်းပြည်သို့လာရောက်ခဲ့သည့် ကုန်သည်များထံမှ ရှောလမုန်၏ဂုဏ်သတင်းကို ကြားခဲ့ခြင်းဖြစ်ပေမည်။ ဤသူများမှအချို့သည် ရှောလမုန်နှင့် စီးပွားရေးအတော်များများပြုလုပ်သည့် ဩဖိရမြို့သို့ရောက်ဖူးခဲ့ပေမည်။—၃ ဓမ္မရာဇဝင် ၉:၂၆-၂၈။

မည်သို့ပင်ဖြစ်စေ ထိုမိဖုရားသည် “နံ့သာမျိုးနှင့်များစွာသောရွှေ၊ အဖိုးထိုက်သောကျောက်တို့ကိုဆောင်သော ကုလားအုတ်များ၊ လိုက်သောသူများနှင့်တကွ” ယေရုရှလင်မြို့သို့ရောက်လာခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၀:၂က) အချို့က “လိုက်သောသူများ” တွင် လက်နက်ကိုင်စောင့်ကြပ်သူတစ်စုပါဝင်သည်ဟုဆိုကြ၏။ မိဖုရားသည် ဩဇာအာဏာကြီးမားသူတစ်ဦးဖြစ်ပြီး ဒေါ်လာသန်းပေါင်းများစွာတန်သော အဖိုးတန်ပစ္စည်းများနှင့် ခရီးသွားနေခြင်းကို ထည့်စဉ်းစားလျှင် ယင်းသို့ပြုခြင်းသည် ယုတ္တိတန်ပေသည်။b

သို့သော် ထိုမိဖုရားသည် ရှောလမုန်၏ဂုဏ်သတင်းကို “ထာဝရဘုရား၏နာမတော်သတင်း” နှင့်တွဲ၍ကြားကြောင်း သတိပြုပါ။ ထို့ကြောင့် ၎င်းသည် စီးပွားရေးခရီးစဉ်တစ်ခုမျှမဟုတ်ပါ။ မိဖုရားသည် အဓိကအနေနှင့် ရှောလမုန်၏ဉာဏ်ပညာ—သူ၏ဘုရားသခင် ယေဟောဝါအကြောင်းကိုပင်—ကြားနာရန်လာခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ သူသည် ယေဟောဝါအားဝတ်ပြုခဲ့ကြသူများဖြစ်သော ရှေမ သို့မဟုတ် ဟာမမှဆင်းသက်လာနိုင်ဖွယ်ရှိသောကြောင့် သူ့ဘိုးဘေးများ၏ဘာသာတရားကို သိလိုစိတ်ပြင်းပြခဲ့ပေမည်။

နက်နဲခက်ခဲသောမေးခွန်းများ၊စိတ်ကျေနပ်ဖွယ်အဖြေများ

မိဖုရားသည် ရှောလမုန်ကိုတွေ့ဆုံသည့်အခါ “နက်နဲခက်ခဲသော ပြဿနာ [“မေးခွန်းများ၊” ကဘ]” နှင့်စုံစမ်းလေတော့သည်။ (၃ ဓမ္မရာဇဝင် ၁၀:၁) ဤတွင်အသုံးပြုထားသော ဟေဗြဲစကားလုံးကို “စကားထာများ” ဟုပြန်ဆိုနိုင်သည်။ သို့ရာတွင် ဤသို့ဆိုသဖြင့် ထိုမိဖုရားသည် ရှောလမုန်နှင့် အပျော်တမ်းစကားထာဖွဲ့သည်ဟုမဆိုလိုပါ။ စိတ်ဝင်စားဖွယ်မှာ ဆာလံ ၄၉:၄ တွင် ၎င်းဟေဗြဲစကားလုံးကို အပြစ်၊ သေခြင်းနှင့် ရွေးနုတ်ခြင်းတို့နှင့်ပတ်သက်သော လေးနက်သည့်မေးခွန်းများကိုဖော်ပြရာ၌ အသုံးပြုထားသည်။ သို့ဖြစ်၍ ရှေဘပြည်၏မိဖုရားသည် ရှောလမုန်၏ဉာဏ်ပညာကိုစမ်းရန် နက်နဲသောအကြောင်းအရာများကို သူနှင့် ဆွေးနွေးနေခြင်းဖြစ်နိုင်သည်။ သူသည် “မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏” ဟုသမ္မာကျမ်းစာကဖော်ပြထားသည်။ ရှောလမုန်ကလည်း “သူမေးမြန်းသောပြဿနာရှိသမျှတို့ကို . . . ဖြေလေ၏။ နားမလည်၍မဖြေနိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ။”—၃ ဓမ္မရာဇဝင် ၁၀:၂ခ၊ ၃။

ရှေဘမိဖုရားသည် ရှောလမုန်၏ဉာဏ်ပညာနှင့် သူ၏နိုင်ငံတော်ကောင်းစားမှုတို့ကို အလွန်စွဲမှတ်သွားရာ “မိန်းမောတွေဝေလျက်ရှိ” သည်။ (၃ ဓမ္မရာဇဝင် ၁၀:၄၊ ၅) ဤစကားစုကို အချို့က မိဖုရားသည် “အသက်ရှုမှားမတတ်” ဖြစ်ကျန်ခဲ့သည်ဟုယူဆကြသည်။ ပညာရှင်တစ်ဦးက မိဖုရားမေ့မျောသွားသည်ဟုပင် ဖော်ပြထားသည်တကား! မည်သို့ပင်ဖြစ်စေ၊ မိဖုရားသည် သူကြားရမြင်ရသည့်အရာများကို အလွန်အံ့အားသင့်ခဲ့သည်။ ရှောလမုန်၏ ဉာဏ်ပညာကိုကြားရကြသည့် သူ၏ကျေးကျွန်များသည် မင်္ဂလာရှိကြောင်းသူမြွက်ဆိုကာ ရှောလမုန်ကို နန်းတင်ပေးသော ယေဟောဝါအား ချီးမွမ်းထောမနာပြုခဲ့သည်။ ထို့နောက် မင်းကြီးအား အဖိုးတန်လက်ဆောင်များပေးခဲ့ရာ ရွှေတစ်မျိုးတည်းက မျက်မှောက်ခေတ်တန်ဖိုးနှင့်ဆိုလျှင် ဒေါ်လာသန်း ၄၀ ခန့်ရှိသည်။ ရှောလမုန်လည်း လက်ဆောင်များပေးခဲ့ပြီး မိဖုရား၏ “အလိုဆန္ဒပြည့်စုံစေခြင်းငှာ၊ သူတောင်းသမျှ” ကိုပေးလေ၏။c—၃ ဓမ္မရာဇဝင် ၁၀:၆-၁၃။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ

ယေရှုသည် ကျမ်းပြုဆရာများနှင့် ဖာရိရှဲများအတွက် ရှေဘမိဖုရားကို ရုပ်ပြသင်ခန်းစာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ “တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကိုအစိုးရသောမိဖုရားသည်၊ ဤလူမျိုးတစ်ဖက်၌ ထ၍အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကိုနားထောင်ခြင်းငှာ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ကြီးမြတ်သောသူရှိ၏။” (မဿဲ ၁၂:၄၂) မှန်ပါသည်၊ ရှေဘမိဖုရားသည် ဘုရားသခင်ပေးသည့်ဉာဏ်ပညာကို အလွန်တန်ဖိုးထားကြောင်းပြခဲ့၏။ ရှောလမုန်၏စကားကိုနားထောင်ရန် မိုင်ပေါင်း ၁,၅၀၀ ဝေးသည့်နေရာမှ ခရီးနှင်ခဲ့သည်ဆိုလျှင် ကျမ်းပြုဆရာများနှင့် ဖာရိရှဲများသည် သူတို့ရှေ့၌ရောက်ရှိနေသော ယေရှု၏စကားကို အမှန်တကယ်အာရုံစူးစိုက် နားထောင်သင့်ပေသည်။

ယနေ့ ကျွန်ုပ်တို့သည် သာ၍ကြီးမြတ်သောရှောလမုန် ယေရှုခရစ်တော်အား အလွန်တန်ဖိုးထားလေးစားကြောင်း တင်ပြနိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ တစ်နည်းမှာ “လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေ” ပါဟူသော ကိုယ်တော်၏ညွှန်ကြားချက်ကို လိုက်နာခြင်းဖြင့်ဖြစ်သည်။ (မဿဲ ၂၈:၁၉) အခြားတစ်နည်းမှာ ယေရှု၏ပုံသက်သေနှင့် ကိုယ်တော်၏စိတ်နေသဘောထားတို့ကို အနီးကပ်တွေးတောဆင်ခြင်ကာ ယင်းတို့ကိုတုပခြင်းဖြင့်ဖြစ်သည်။—ဖိလိပ္ပိ ၂:၅; ဟေဗြဲ ၁၂:၂၊ ၃။

မှန်ပါသည်၊ သာ၍ကြီးမြတ်သောရှောလမုန်၏ ပုံသက်သေကိုလိုက်ရာတွင် ကျွန်ုပ်တို့ဘက်မှကြိုးပမ်းဖို့လိုပေမည်။ သို့တိုင် ကြွယ်ဝစွာဆုချခံရကြပါလိမ့်မည်။ အမှန်အားဖြင့် ယေဟောဝါ၏လူမျိုးတော်သည် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို တင်ပြကြမည်ဆိုလျှင် ကိုယ်တော်သည် ‘မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ သူတို့အပေါ်သို့ ကောင်းချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်’ ဟုကတိထားတော်မူ၏။—မာလခိ ၃:၁၀။

[အောက်ခြေမှတ်ချက်များ]

a ပညာရှင်များစွာက ရှေဘပြည်သည် ယနေ့ ယီမင်သမ္မတနိုင်ငံဖြစ်သည့် အာရေဗျအနောက်မြောက်ဘက်တွင်ရှိသည်ဟု ယူဆကြသည်။

b ရှေးခေတ်ဂရိပထဝီပညာရှင် စထရာဘို၏အဆိုအရ ရှေဘပြည်သူပြည်သားတို့သည် အလွန်ကြွယ်ဝချမ်းသာခဲ့ကြသည်။ သူတို့၏ပရိဘောဂများ၊ အိုးခွက်ပန်းကန်များနှင့် သူတို့အိမ်နံရံများ၊ တံခါးများနှင့် ခေါင်မိုးများပေါ်၌ပင် ရွှေကို နှမြောခြင်းမရှိသုံးထားကြသည်ဟု သူဆိုသည်။

c ဤစကားစုက မိဖုရားသည် ရှောလမုန်နှင့် လိင်ဆက်ဆံမှုပြုခဲ့သည့် အဓိပ္ပာယ်ရှိ၏ဟု အချို့ယူဆကြသည်။ ဒဏ္ဍာရီများက သူတို့သည် သားတစ်ဦးပင်ရခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ယင်းနှင့်ပတ်သက်သည့် အထောက်အထားမရှိချေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ