ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၂/၁ စာ. ၃
  • အောင်မြင်ရန် သော့ချက်ကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောင်မြင်ရန် သော့ချက်ကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဇွဲရှိခြင်းဖြင့် အောင်မြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • စွမ်းအားသုံးလေယာဉ်
    နိုးလော့!—၂၀၁၀
  • လေယာဉ်ပျံ မည်သို့ဖြစ်ပေါ်လာသနည်း
    နိုးလော့!—၂၀၀၁
  • ဇွဲရှိဖို့ သားသမီးကို သင်ပေးပါ
    မိသားစုအတွက် အကူအညီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၂/၁ စာ. ၃

အောင်မြင်ရန် သော့ချက်ကား အဘယ်နည်း

တီထွင်စွန့်စားတတ်သော လူငယ်နှစ်ဦးသည် အရေးပါသည့်စမ်းသပ်မှုတစ်ခုအတွက် ထူးဆန်းသောပုံစံစက်တစ်ခုကို စနစ်တကျတပ်ဆင်နေကြ၏။ ရုတ်တရက် လေပြင်းတိုက်ခတ်ကာ ခိုင်ခိုင်ခံ့ခံ့မရှိသေးသောထိုကိရိယာကို လေဟုန်ထဲဝှေ့ပင့်သွားပြီးနောက် မြေကြီးပေါ်သို့ တစ်စစီဝုန်းခနဲပျက်ကျလာသည်။ သူတို့သည် စိတ်ပျက်ပျက်ဖြင့် နှုတ်ဆိတ်၍ရပ်ကြည့်နေကြ၏။ သူတို့ကြိုးစားပမ်းစား စေ့စေ့စပ်စပ်ဂရုစိုက်လုပ်ကိုင်ထားသည့်ကိရိယာသည် တွန့်လိမ်သွားသော သစ်သားနှင့် သတ္တုပုံတွင် ကြေမွပျက်စီးခဲ့ရသည်။

၁၉၀၀ ပြည့်နှစ် အောက်တိုဘာလ ထိုရက်၌ ဖြစ်ပျက်ခဲ့သော၎င်းအခြင်းအရာမှာ အော်ဗီလ်နှင့် ဝီလဗာရိုက်တို့အတွက် ဦးဆုံးအကြိမ်စိတ်ဓာတ်ကျစရာမဟုတ်ပေ။ သူတို့သည် လေထက်လေးသည့်ပျံသန်းစက်ကို နှစ်အတန်ကြာ ကြိုးစားတည်ဆောက်ခဲ့ကြ၍ ငွေလည်းအတော်ကုန်ခဲ့ပြီဖြစ်သည်။

သို့သော် အဆုံး၌ သူတို့၏မဆုတ်မနစ်ဇွဲသည် အကျိုးဖြစ်ထွန်းစေခဲ့၏။ ၁၉၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်၌ ယူ.အက်စ်.အေ.၊ ကယ်ရိုလိုင်းနားပြည်နယ်မြောက်ပိုင်း ကစ်တီဟော့ခ်တွင် ရိုက်ညီနောင်သည် ရှေ့ပြေးစက်ကိရိယာပုံစံတစ်ခုကို ၁၂ စက္ကန့်ကြာပျံသန်းစေနိုင်ခဲ့ကြသည်။ ယခုအခါ လေယာဉ်များ ပျံသန်းမှုနှင့်နှိုင်းယှဉ်လျှင် အချိန်တိုဖြစ်သော်လည်း ကမ္ဘာကိုထာဝစဉ်ပြောင်းလဲသွားစေရန် အချိန်အလုံအလောက်ဖြစ်ခဲ့သည်တကား!

ကြိုးစားဆောင်ရွက်မှုများအောင်မြင်ရန် စိတ်ရှည်ရှည်နှင့်ဇွဲရှိရှိပြုလုပ်ခြင်းအပေါ် များစွာမူတည်သည်။ ဘာသာစကားအသစ်တစ်ခုကို တတ်ကျွမ်းခြင်း၊ လုပ်ငန်းအသစ်တစ်ခုသင်ယူခြင်း၊ ခင်မင်ရင်းနှီးမှု တိုးပွားစေခြင်းအစရှိသည့် တန်ဖိုးရှိအရာအများတွင် အောင်မြင်ရန် အတန်ကြာကြိုးပမ်းမှုရှိမှသာလျှင်ဖြစ်နိုင်သည်။ “အောင်မြင်ရန် ဆယ်ကြိမ်တွင်ကိုးကြိမ်မှာ တစ်ခုတည်းအပေါ် တိုက်ရိုက်မူတည်သည်—ကြိုးစားလုပ်ဆောင်မှုပင်” ဟုစာရေးဆရာ ချားလ်စ် တဲမ်ပဲလ်တန်ကဆိုသည်။ ပင်တိုင်ဆောင်းပါးရှင် လဲန်နာဒ် ပစ္စ ဂျူနီယာ. က ဤသို့သတိပြုသည်– “ကျွန်ုပ်တို့သည် အစွမ်းအစအကြောင်း ပြောဆိုကြ၏၊ ကံကိုအသိအမှတ်ပြုကြ၏၊ သို့သော်လည်း အရေးကြီးဆုံးအရာများကိုကား လျစ်လျူရှုထားလေ့ရှိကြသည်။ ၎င်းတို့မှာ ကြိုးစားအားထုတ်မှုနှင့် အကြိမ်ကြိမ်ရှုံးနိမ့်မှုဖြစ်သည်။ အလုပ်သို့စောစောလာခြင်းနှင့် နောက်ကျမှပြန်ခြင်းတို့ဖြစ်သည်။”

ယင်းသည် ရှေးလွန်လေပြီးသောကာလက သမ္မာကျမ်းစာ၏အဆိုကို ထောက်ခံသည်– “လုံ့လဝီရိယပြုသောသူသည် အစိုးရတတ်၏။” (သု. ၁၂:၂၄) လုံ့လဝီရိယဟူသည် ဇွဲရှိရှိကြိုးပမ်းအားထုတ်ခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့ရည်ရွယ်ထားသည်အတိုင်း ဖြစ်စေလိုလျှင် ထိုသို့ပြုဖို့လိုသည်။ ဇွဲရှိခြင်းကား အဘယ်နည်း။ ကျွန်ုပ်တို့၏ပန်းတိုင်များသို့ရောက်ရန် မည်သို့ဇွဲရှိနိုင်မည်နည်း၊ အဘယ်အရာ၌ ကျွန်ုပ်တို့ ဇွဲရှိသင့်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် ဖြေဆိုပါမည်။

[Picture Credit Line on page 3]

U.S. National Archives photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ