ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၇/၁၅ စာ. ၈-၉
  • တိုင်ဝမ်လယ်ကွင်းများတွင် သတင်းကောင်းကြေညာခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိုင်ဝမ်လယ်ကွင်းများတွင် သတင်းကောင်းကြေညာခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝိညာဉ်ရေးရိတ်သိမ်းမှုတွင် ဇွဲရှိခြင်း
  • ထပ်မံကြိုးပမ်းမှုများ အောင်မြင်မှုရ
  • ဇွဲရှိခြင်းက တိုင်ဝမ်၏အခြားဒေသများ၌ ကောင်းချီးများခံစားစေ
  • ဥစ္စာဓန ပေါကြွယ်ခြင်းသည် ပျော်ရွှင်ချမ်းမြေ့မှုအတွက် အာမခံနိုင်သလော
    နိုးလော့!—၁၉၉၆
  • ပါရဂွေးနိုင်ငံတွင် သီးခြားရပ်ကွက်၌အမှုဆောင်ခြင်းမှ အသီးသီးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါရဲ့အကူအညီနဲ့ အကောင်းဆုံးပေးဆက်နိုင်ခဲ့
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၇/၁၅ စာ. ၈-၉

ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြ

တိုင်ဝမ်လယ်ကွင်းများတွင် သတင်းကောင်းကြေညာခြင်း

တိုင်ဝမ်ကျွန်းတွင် နှစ်စဉ်စပါးနှစ်သီးစားထွက်စေရန် အများအားဖြင့် မိုးရေလုံလောက်သည်။ သို့သော် တစ်ခါတစ်ရံ မိုးရွာရမည့်အချိန်တွင် မိုးမရွာသည့်အခါ ပျိုးပင်များသေကျေပျက်စီးရသည်။ ထိုသို့ဖြစ်ပျက်သောအခါ လယ်သမားသည် လက်လျှော့သလော။ လက်မလျှော့ပါ။ ဇွဲရှိဖို့လိုကြောင်း သူသိသည်။ လယ်ကွင်းတွင် ပျိုးပင်အသစ်များကိုစိုက်ပျိုးပါသည်။ ထိုအခါ အခြေအနေကောင်းလျှင် လယ်သမားသည် သီးနှံများစွာရိတ်သိမ်းရပေမည်။ ဝိညာဉ်ရေးအရစိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းသည်လည်း တစ်ခါတစ်ရံ အလွန်ပင်တူသည်။

ဝိညာဉ်ရေးရိတ်သိမ်းမှုတွင် ဇွဲရှိခြင်း

တိုင်ဝမ်ရှိယေဟောဝါသက်သေများသည် အကျိုးဖြစ်ထွန်းပုံမရသည့် ဒေသအချို့တွင် ကျမ်းစာသမ္မာတရားမျိုးစေ့ စိုက်ပျိုးပြီးရိတ်သိမ်းရန် နှစ်များတစ်လျှောက် ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ သာဓကတစ်ရပ်မှာ မီအောလီ ခရိုင်မှဖြစ်သည်။ ထိုဒေသတွင် အခါအားလျော်စွာ သက်သေခံရန်ကြိုးစားအားထုတ်မှုကို တုံ့ပြန်မှုသိပ်မရှိလှပေ။ ထို့ကြောင့် ၁၉၇၃ တွင်ထိုနေရာ၌ အချိန်ပြည့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် အမှုဆောင်ရန် အထူးရှေ့ဆောင်မောင်နှံစုံတစ်စုံကို တာဝန်ပေးအပ်ခဲ့သည်။ အစပိုင်းတွင် သတင်းကောင်းကို အချို့စိတ်ဝင်စားပုံရှိသည်။ သို့သော် မကြာမီပင် သူတို့၏စိတ်ဝင်စားမှုလျော့နည်းသွားသည်။ သို့နှင့် ၎င်းအထူးရှေ့ဆောင်များသည် အခြားဒေသတစ်ခုတွင် တာဝန်ပေးအပ်ခံရသည်။

၁၉၉၁ တွင် အခြားအထူးရှေ့ဆောင်ညီအစ်မနှစ်ဦးသည် ထိုနေရာတွင်တာဝန်ကျလေသည်။ ဤအကြိမ်လည်း ဝိညာဉ်ရေးအရကြီးထွားဖို့အတွက် ရာသီမဟုတ်သေးကြောင်း အခြေအနေများကဖော်ပြသည်။ နှစ်အနည်းငယ်ကြာလေသော် ပို၍သီးပွင့်ဖြစ်ထွန်းမည့်ပုံရှိသော အခြားလယ်ကွင်းများသို့ ထိုအထူးရှေ့ဆောင်များလည်း တာဝန်လွှဲပြောင်းခံခဲ့ရသည်။ သို့ဖြင့် ထိုမြေယာသည် အတန်ကြာလယ်ရိုင်းဖြစ်ခဲ့ရသည်။

ထပ်မံကြိုးပမ်းမှုများ အောင်မြင်မှုရ

၁၉၉၈ စက်တင်ဘာတွင် တိုင်ဝမ်ရှိ အလွန်ကျယ်ပြန့်သည့် ခန့်အပ်မထားသောရပ်ကွက်တွင် ပိုသီးပွင့်ဖြစ်ထွန်းမည့်နေရာများကိုရှာဖွေရန် ကြိုးစားအားထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ယင်းကို မည်သို့ပြုလုပ်ကြမည်နည်း။ လူဦးရေပိုများသည့် ခန့်အပ်မထားသောရပ်ကွက်များတွင် အမှုဆောင်ရန် ယာယီအထူးရှေ့ဆောင် ၄၀ ကိုတာဝန်ခန့်အပ်ခြင်းအားဖြင့်ဖြစ်သည်။

၎င်းကင်ပိန်းအတွက်ရွေးချယ်သောနယ်မြေများတွင် မီအောလီခရိုင်ရှိ ကပ်လျက်မြို့နှစ်မြို့ ပါဝင်ခဲ့သည်။ ထိုနယ်မြေတွင် သုံးလခန့် အစမ်းသဘောဖြင့်အမှုဆောင်ကြရန် တစ်ကိုယ်ရေညီအစ်မလေးဦးကို စေလွှတ်ခဲ့သည်။ သူတို့ရောက်ပြီးမကြာမီ စိတ်ဝင်စားသူများအကြောင်း အားရစရာသတင်းများ ရေးပို့ခဲ့ကြသည်။ ထိုနယ်မြေမှာ သူတို့ရှေ့ဆောင်ခဲ့ကြသည့်သုံးလအကုန်တွင် အိမ်တွင်းကျမ်းစာသင်အံမှုများစွာကို သူတို့ကျင်းပနေကြသည်။ အနီးအနားရှိအသင်းတော်မှ အကြီးအကဲတစ်ဦး၏အကူအညီဖြင့် စာအုပ်ကြီးသင်တန်းအုပ်စုတစ်ခုကိုလည်း သူတို့ ဖွဲ့စည်းခဲ့သည်။

ထိုညီအစ်မများမှသုံးဦးသည် ကောင်းစွာကြီးထွားလာနေသည့် နုနယ်သော “ပျိုးပင်များ” ကိုဆက်၍ပြုစုလိုကြကြောင်း ဖော်ပြခဲ့သည်။ သို့ဖြစ်၍ သူတို့ထဲမှနှစ်ဦးသည် အထူးရှေ့ဆောင်များအဖြစ် အမြဲအမှုဆောင်ကြရန် ခန့်အပ်ခံရပြီး တတိယတစ်ယောက်မှာမူ မှန်မှန်ရှေ့ဆောင်အဖြစ် ထိုနေရာတွင် ဆက်အမှုဆောင်ခဲ့သည်။ အနီးအနားရှိအသင်းတော်မှအကြီးအကဲတစ်ဦးသည် သူတို့ကိုကူညီပေးရန် ထိုနယ်မြေသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုဒေသတွင် ပထမဆုံးသော လူထုဟောပြောချက်ကို တက်ရောက်သူ ၆၀ ကျော်ရှိခဲ့သည်။ ယခု အနီးအနားရှိအသင်းတော်သည် တနင်္ဂနွေအစည်းအဝေးများအပြင် စာအုပ်ကြီးသင်တန်းများ မှန်မှန်ကျင်းပရန် ဤအုပ်စုငယ်အသစ်ကို ကူညီပေးလျက်ရှိသည်။ မကြာမီ ထိုဒေသတွင် အသင်းတော်သစ်တစ်ခု တည်ထောင်နိုင်စရာအကြောင်းရှိသည်။

ဇွဲရှိခြင်းက တိုင်ဝမ်၏အခြားဒေသများ၌ ကောင်းချီးများခံစားစေ

အခြားဒေသများသည်လည်း အလားတူတုံ့ပြန်ခဲ့ကြသည်။ ကျွန်း၏အရှေ့မြောက်ဘက်ရှိ အီလန်ခရိုင်တွင် ယာယီအထူးရှေ့ဆောင်များအမှုဆောင်ခဲ့သည့်ဒေသ၌ အသင်းတော်စာအုပ်ကြီးသင်တန်းအသစ်တစ်ခုကို တည်ထောင်ခဲ့ရသည်။

တစ်ညနေခင်းတွင် တစ်အိမ်မှတစ်အိမ်သက်သေခံသွားနေစဉ် ယာယီအထူးရှေ့ဆောင်တစ်ယောက်သည် လူငယ်တစ်ယောက်နှင့်တွေ့ဆုံပြီး အသင်းတော်အစည်းအဝေးများကိုဖော်ပြသည့် လက်ကမ်းကြော်ငြာတစ်စောင်ကိုပြခဲ့သည်။ သူက ချက်ချင်းပင် “မနက်ဖြန်ညနေအစည်းအဝေးကို ကျွန်တော်တက်လို့ရမလား။ ရမယ်ဆိုရင် ကျွန်တော်ဘာဝတ်လာသင့်သလဲ” ဟုမေးခဲ့သည်။ ဤရှေ့ဆောင်ညီအစ်မသည် စိတ်ဝင်စားသူများနှင့် ကျမ်းစာသင်အံမှုရှစ်ခုကို အပတ်စဉ်ကျင်းပခဲ့ရသည်။ ကျမ်းစာသင်သားအချို့သည် နှစ်ခြင်းခံရန်ပန်းတိုင်ထားပြီး မကြာမီတွင် သတင်းကောင်းကြွေးကြော်သူများဖြစ်လာရန် စီစဉ်နေကြသည်။

ထိုမြို့ရှိအခြားသူတစ်ဦးမှာ ချာ့ချ်ကို နှစ်ချီ၍မှန်မှန်တက်ရောက်ခဲ့သော်လည်း သူ့ကိုကျမ်းစာသင်ပေးမည့်သူ တစ်ယောက်ကိုမျှမတွေ့ ခဲ့ချေ။ ကျမ်းစာသင်အံမှုအစီအစဉ်အကြောင်း သူကြားသည့်အခါ ထိုအခွင့်အရေးကို ချက်ချင်းယူခဲ့သည်။ သင်ခန်းစာကိုကြိုတင်ပြင်ဆင်ရန် သူ့ကိုအားပေးခဲ့၏။ သင်အံမှုကျင်းပရန် ယာယီအထူးရှေ့ဆောင်ရောက်လာသောအခါ ဤသူသည် မှတ်စုစာအုပ်တစ်အုပ်ဝယ်ထားပြီး ယင်းတွင် သင်တန်းဆောင်းပါးမှ ပုံနှိပ်မေးခွန်းများကိုရေး၍ “အိမ်စာ” ပြုလုပ်ထားသည်ကို တွေ့ ရှိခဲ့ရသည်။ ထို့နောက် မေးခွန်းတစ်ခုစီ၏အဖြေကို သူရေးချထား၏။ ထို့ပြင် သင်ခန်းစာတွင်ပါသော ညွှန်းထားသည့်ကျမ်းချက်အားလုံးကိုလည်း သူ၏မှတ်စုစာအုပ်တွင် ကူးရေးထားသည်။ ပထမအကြိမ်သင်အံမှုကျင်းပရန် ညီအစ်မရောက်ရှိလာချိန်တွင် ထိုအမျိုးသမီးသည် ပထမသင်ခန်းစာသုံးခုကို ပြင်ဆင်ထားနှင့်ပြီးသားဖြစ်သည်!

တိုင်ဝမ်အလယ်ပိုင်း ဒေါင်းရှီမြို့၌လည်း အလားတူအကျိုးဖြစ်ထွန်းမှုရရှိခဲ့သည်။ ယာယီအထူးရှေ့ဆောင်များသည် ထိုနေရာတွင် သူတို့အမှုဆောင်ခဲ့သည့်သုံးလအတွင်း ဘရိုရှာ ၂,၀၀၀ ကျော်ဝေငှခဲ့ရသည်။ တတိယလတွင် သူတို့သည် အိမ်တွင်းကျမ်းစာသင်အံမှု ၁၆ ခုကျင်းပလျက်ရှိကြသည်။ ၁၉၉၉ စက်တင်ဘာ ၂၁ ရက်တွင် တိုင်ဝမ်ကျွန်းဗဟိုတွင် လှုပ်ခဲ့သည့်မြေငလျင်ကြောင့် ၎င်းမြို့သည် အကြီးအကျယ်ပျက်စီးခဲ့ရသည်၊ သို့သော် စိတ်ဝင်စားသူအချို့သည် အနီးဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်အစည်းအဝေးတက်ရန် တစ်နာရီကြာသွားရသော်လည်း ဝိညာဉ်ရေးတွင် သူတို့ဆက်တိုးတက်လျက်ရှိသည်။ မှန်ပါသည်၊ အသီးအနှံဖြစ်စေ၊ ဝိညာဉ်ရေးအရဖြစ်စေ အသီးများစွာရိတ်သိမ်းရရန် ဇွဲရှိဖို့လိုအပ်ပါသည်။

[စာမျက်နှာ ၈ ပါပုံစာ]

(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

တရုတ်

တိုင်ဝမ် ရေလက်ကြား

တိုင်ဝမ်

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ