ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁၂/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရိတ်သိမ်းချိန်မတိုင်မီ “လယ်” ၌လုပ်ဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “ကျမ်းချက်ချင်း နှိုင်းယှဉ်လေ့လာကြပါစို့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သင်မှတ်မိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • “အသစ်ပြုပြင်တော်မူသော ကပ်ကာလ” နီးပြီ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁၂/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကိုဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မနိုင် စမ်းကြည့်ပါ–

• တစ်စုံတစ်ဦးနှင့် သဘောထားကွဲလွဲမှုကိုဖြေရှင်းရာတွင် အဘယ်အရာကအခြေခံဖြစ်သနည်း။

ဦးဆုံး ကျွန်ုပ်တို့အားလုံး အတွေးအခေါ်မှားများနှင့် စိတ်နေစိတ်ထားမှားများရှိနိုင်ကြောင်းကို အသိအမှတ်ပြုသင့်သည်။ ထို့နောက် ပြဿနာ၏ဇာစ်မြစ်သည် အခြားသူမဟုတ်ဘဲ မိမိကိုယ်တိုင်ဟုတ်မဟုတ် အလေးအနက်သုံးသပ်သင့်သည်။—၈/၁၅၊ စာမျက်နှာ ၂၃။

• တမန်တော် ၃:၂၁ တွင်ဖော်ပြထားသော “အသစ်ပြုပြင်တော်မူသောကပ်ကာလ” သည် အဘယ်အချိန်၌ဖြစ်မည်နည်း။

အသစ်ပြုပြင်ခြင်းသည် အဆင့်နှစ်ဆင့်ဖြစ်သည်။ ပထမမှာ ၁၉၁၉ မှစ၍ ဖြစ်ပျက်ဆဲရှိသည့် ဝိညာဉ်ရေးရာပရဒိသုသို့ အသစ်ပြုပြင်ခြင်းဖြစ်သည်။ နောက်ထပ်အသစ်ပြုပြင်ခြင်းမှာ ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးကို ပကတိပရဒိသုအခြေအနေသို့ ပြန်လည်ထူထောင်လာသောအခါဖြစ်သည်။—၉/၁၊ စာမျက်နှာ ၁၇၊ ၁၈။

• နယပုံပြင် ၆:၆-၈ တွင်ဖော်ပြထားသကဲ့သို့ ပုရွက်ဆိတ်သည် မည်သို့ဦးစီးမရှိသနည်း၊ သို့သော်လည်း ကျွန်ုပ်တို့အတွက် မည်သို့ပုံသက်သေကောင်းပေးသနည်း။

ပုရွက်ဆိတ်အုံတစ်ခုတွင် ပုရွက်ဆိတ်ဘုရင်မတစ်ကောင်ရှိသည်၊ သို့သော် ၎င်းသည် ဥဥပေးဖို့နှင့် ပုရွက်ဆိတ်အုံ၏မိခင်အနေဖြင့်သာ ဘုရင်မဖြစ်နေသည်။ ပုရွက်ဆိတ်များသည် လုံ့လဝီရိယရှိကြသည်ဖြစ်၍ ကျွန်ုပ်တို့လည်း ကြီးကြပ်ပေးသူမရှိသည့်အခါ၌ပင် ကျွန်ုပ်တို့၏အလုပ် တိုးတက်စေဖို့ ကြိုးပမ်းအားထုတ်နေသင့်သည်။—၉/၁၅၊ စာမျက်နှာ ၂၆။

• ယောရှိသည် တိုက်ပွဲတွင် အကြီးအကျယ်ဒဏ်ရာရခဲ့သည်ဖြစ်ရာ ၄ ဓမ္မရာဇဝင် ၂၂:၂၀ ၌ မှတ်တမ်းတင်ထားသည့်အတိုင်း “ငြိမ်ဝပ်” စွာသူသေဆုံးမည်ဟူသော ဟုလဒ၏ပရောဖက်ပြုချက်သည် မှန်ကန်ခဲ့သလော။

မှန်ကန်ခဲ့ပါသည်၊ ဗာဗုလုန်လူမျိုးတို့သည် ယေရုရှလင်မြို့ကိုဝိုင်းရံ၍ ဖျက်ဆီးခဲ့ချိန် ဘီ.စီ.အီး. ၆၀၉-၆၀၇ ခုနှစ် ဘေးဆိုးမဆိုက်မီသေဆုံးခဲ့သည့်သဘောဖြင့် ငြိမ်ဝပ်စွာသူသေဆုံးခဲ့သည်။—၉/၁၅၊ စာမျက်နှာ ၃၀။

• ရှောလမုန်က ဇနီးတစ်ဦးကို “စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သောဒရယ်မ [“တောင်ဆိတ်၊” ကဘ]” အဖြစ်ဖော်ပြခြင်းသည် မည်သို့ချီးမွမ်းခြင်းဖြစ်သနည်း။ (သု. ၅:၁၈၊ ၁၉)

တောင်ဆိတ်မသည် နူးညံ့သိမ်မွေ့သောသဘောသဘာဝနှင့် လှပကျော့ရှင်းသောဟန်ပန်ရှိသည်။ သို့သော် ၎င်းသည် အစားအစာရှားပါးသည့် ကျောက်ဆောင်ပေါများ၊ ခရီးမပေါက်နိုင်သောနေရာများတွင် အသက်ရှင်၍ မွေးဖွားနိုင်သည်။—၁၀/၁၊ စာမျက်နှာ ၃၀၊ ၃၁။

• ဟင်နရီဂရူးနှင့် ဂျော့ဂ်ျစတောစ်တို့ကား မည်သူများနည်း။

ဤသူနှစ်ဦးတို့သည် ၁၈၀၀ ပြည့်လွန်နှစ်များတွင် အသက်ရှင်ခဲ့ကြပြီး စိတ်ထက်သန်သော ကျမ်းစာကျောင်းသားများဖြစ်ခဲ့ကြသည်။ သုံးပါးတစ်ဆူသည် မသေနိုင်သောစိုးလ်နှင့် မီးငရဲအယူဝါဒများကဲ့သို့ ကျမ်းစာနှင့်မညီညွတ်ကြောင်း ဂရူးသိရှိခဲ့သည်။ အချို့သူတို့သည် မြေကြီးပေါ်တွင် အဆုံးမဲ့အသက်ရရှိမည်ကို စတောစ်သဘောပေါက်ခဲ့သည်။ သူတို့နှစ်ဦးစလုံးမှာ ၁၈၇၉ တွင်ဤမဂ္ဂဇင်းကိုစတင်ထုတ်ဝေခဲ့သော ချားလ်စ် တေဇ် ရပ်စဲလ်ထက် အရင်ကျသူများဖြစ်ကြ၏။—၁၀/၁၅၊ စာမျက်နှာ ၂၆-၃၀။

• ယေဟောဝါသက်သေများသည် မိမိကိုယ်နှိုက်၏သွေးကိုအသုံးပြုသော ဆေးကုထုံးများကို မည်သို့ရှုမြင်ကြသနည်း။

သူတို့သည် မိမိတို့၏ယုံကြည်ချက်များကို ကျမ်းစာပေါ်အခြေပြုကာ မိမိကိုယ်နှိုက်၏အသွေးကို သိုလှောင်၍ ပြန်သွင်းခြင်းမပြုကြပါ။ ခရစ်ယာန်ယောက်တိုင်းသည် ခွဲစိတ်ကုသနေစဉ်၊ ဆေးစစ်ခံနေစဉ် သို့မဟုတ် လောလောလတ်လတ်ကုထုံးတို့ဖြင့်ကုသနေစဉ် မိမိ၏ကိုယ်ပိုင်သွေးကို မည်သို့ပြုလုပ်မည်နှင့်စပ်လျဉ်း၍ မိမိဘာသာဆုံးဖြတ်ကြသည်။ သွေးနှင့်ပတ်သက်၍ ကျမ်းစာမည်သို့ဆိုကြောင်း ဆင်ခြင်သုံးသပ်ကာ မိမိသည် ဘုရားသခင်ထံ လုံးလုံးဆက်ကပ်အပ်နှံထားကြောင်း သူသတိရသင့်သည်။—၁၀/၁၅၊ စာမျက်နှာ ၃၀၊ ၃၁။

• ဤနှစ်အစောပိုင်း၌ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုက ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေများအကြားတွင် အဘယ်အရာအထူးလိုအပ်ကြောင်း ဖော်ပြခဲ့သနည်း။

ငွေကြေးချို့တဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမပေါင်း ၁၁,၀၀၀ ကျော်လိုသည်။ နိုင်ငံများစွာရှိ ခရစ်ယာန်များထံမှအလှူငွေများကို သင့်လျော်သော အစည်းအဝေးကျင်းပရာနေရာများ ဆောက်လုပ်ခြင်း၌ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားသည်။—၁၁/၁၊ စာမျက်နှာ ၃၀။

• သမ္မာကျမ်းစာတွင် ဝတ်ပြုရေးနှင့်ပတ်သက်၍ အသုံးပြုထားသော မူရင်းစကားလုံးအချို့ကား အဘယ်နည်း။

တစ်ခုမှာ “လူထုအမှုဆောင်ခြင်း” ဟုပြန်ဆိုထားသော လီတိုယိအာဖြစ်သည်။ အခြားတစ်ခုမှာ “မြင့်မြတ်သောအမှုဆောင်ခြင်း” ဟုဘာသာပြန်ထာသော လာထရီအာဖြစ်၏။ (ဟေဗြဲ ၁၀:၁၁; လုကာ ၂:၃၆၊ ၃၇)—၁၁/၁၅၊ စာမျက်နှာ ၁၁-၁၂။

• အာဒံ၊ ဧဝတို့နှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းမှ ကျွန်ုပ်တို့သင်ယူနိုင်သည့် အခြေခံကျသောသင်ခန်းစာတစ်ခုကား အဘယ်နည်း။

ဘုရားသခင်ထံမှ အမှီအခိုကင်းရေးအတွက် အရေးဆိုခြင်းမှန်သမျှသည် လုံးလုံးမိုက်မဲ၏။—၁၁/၁၅၊ စာမျက်နှာ ၂၄-၇။

• ဘုရားသခင်သည် မိမိ၏ကျေးကျွန်များကို ခွန်အားပေးတော်မူကြောင်း အဘယ်ကျမ်းဆိုင်ရာအထောက်အထားရှိသနည်း။

ယေဟောဝါဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံစေခြင်းသည် အမှန်ဖြစ်ကြောင်း ဒါဝိဒ်၊ ဟဗက္ကုတ်နှင့် ပေါလုတို့အားလုံးက ကိုယ်တိုင်အထောက်အထားများပေးခဲ့ကြသည်။ (ဆာလံ ၆၀:၁၂; ဟဗက္ကုတ် ၃:၁၉; ဖိလိပ္ပိ ၄:၁၃) ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုခွန်အားပေးလိုသည့်ဆန္ဒရှိပြီး တတ်လည်းတတ်နိုင်တော်မူကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။—၁၂/၁၊ စာမျက်နှာ ၁၀၊ ၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ