ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၅/၁၅ စာ. ၂၇
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့်ကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • “လူအမျိုးမျိုး ဆုတောင်းရာအိမ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၅/၁၅ စာ. ၂၇

စာရှုသူများထံမှမေးခွန်းလွှာ

ဒံယေလ ၉:၂၄ တွင်ကြိုဟောထားသည့် “အလွန်သန့် ရှင်းသောအရပ်ဌာန” ကိုမည်သည့်အချိန်တွင် ဘိသိက်ပေးခဲ့သနည်း။

ဒံယေလ ၉:၂၄-၂၇ သည် ‘မေရှိယသခင်’ ခရစ်တော်ကြွလာခြင်းနှင့်စပ်လျဉ်းသည့် ပရောဖက်ပြုချက်ဖြစ်သည်။ ထို့ကြောင့် ကြိုဟောထားသော “အလွန်သန့်ရှင်းသောအရပ်ဌာန” ကိုဘိသိက်ပေးခြင်းသည် ယေရုရှလင်ဗိမာန်တော်၏ အလွန်သန့်ရှင်းသောအခန်းကို ဘိသိက်ပေးခြင်းကို ရည်ညွှန်းနေခြင်းမဟုတ်ပါ။ ယင်းအစား၊ “အလွန်သန့်ရှင်းသောအရပ်ဌာန” ဟူသောစကားမှာ ယေဟောဝါ၏မဟာဝိညာဉ်ရေးဗိမာန်တော်ရှိ ဘုရားသခင်၏ကောင်းကင်ဆိုင်ရာ သန့်ရှင်းသော—ကောင်းကင်ဆိုင်ရာအသန့်ရှင်းဆုံး—ဌာနတော်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။a—ဟေဗြဲ ၈:၁-၅; ၉:၂-၁၀၊ ၂၃။

ဘုရားသခင်၏ဝိညာဉ်ရေးဗိမာန်တော်သည် မည်သည့်အချိန်တွင် စတင်လုပ်ဆောင်ခဲ့သနည်း။ စီ.အီး. ၂၉ တွင် ယေရှုသည် နှစ်ခြင်းခံရန် မိမိကိုယ်ကိုဆက်သခဲ့ချိန်၌ အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ယေရှုအသက်တာ၏ ထိုအချိန်မှစ၍ ကိုယ်တော်သည် ဆာလံ ၄၀:၆-၈ ပါစကားကို ပြည့်စုံစေခဲ့သည်။ ယေရှုသည် ဘုရားသခင်ထံ ဤသို့ဆုတောင်းခဲ့ကြောင်း နောက်ပိုင်းတွင် တမန်တော်ပေါလုကဖော်ပြသည်– “အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာကိုပြင်ဆင်တော်မူပြီ။” (ဟေဗြဲ ၁၀:၅) ယေရုရှလင်ဗိမာန်တော်၌ တိရစ္ဆာန်ယဇ်များကို ဆက်၍ပူဇော်ရန် ဘုရားသခင် “အလိုတော်မရှိ” ကြောင်း ယေရှုသိတော်မူ၏။ ၎င်းအစား ယဇ်အဖြစ်ပူဇော်ရန် ယေရှု၏စုံလင်သောလူသားခန္ဓာကိုယ်ကို ယေဟောဝါပြင်ဆင်ခဲ့လေသည်။ မိမိ၏နှလုံးသားဆန္ဒကိုဖော်ပြလျက် ယေရှုဤသို့ဆက်၍ဆိုခဲ့သည်– “ကျမ်းစာလိပ်၌ အကျွန်ုပ်ကိုအမှတ်ပြု၍ ရေးထားသည်နှင့်အညီ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကိုဆောင်အံ့သောငှာ သွားပါမည်။” (ဟေဗြဲ ၁၀:၇) ယေဟောဝါ၏တုံ့ပြန်မှုကား အဘယ်နည်း။ မဿဲခရစ်ဝင်ကျမ်းက ဤသို့ဖော်ပြသည်– “ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း’ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။”—မဿဲ ၃:၁၆၊ ၁၇။

ယဇ်အဖြစ် ယေရှု၏ခန္ဓာကိုယ်ဆက်သခြင်းကို ယေဟောဝါဘုရားသခင်လက်ခံခြင်းသည် ယေရုရှလင်ဗိမာန်တော်ရှိ ပကတိယဇ်ပလ္လင်ထက် သာ၍ကြီးမြတ်သောယဇ်ပလ္လင်တစ်ခု တည်ရှိလာခြင်းကိုဆိုလိုသည်။ ၎င်းကား ယဇ်သကာအဖြစ် ယေရှု၏လူသားအသက်ကိုလက်ခံဖို့ ဘုရားသခင့် “အလိုတော်” သို့မဟုတ် အစီအစဉ်ယဇ်ပလ္လင်ဖြစ်သည်။ (ဟေဗြဲ ၁၀:၁၀) ယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးလိုက်ခြင်းသည် ဘုရားသခင်၏ဝိညာဉ်ရေးဗိမာန်တော် အစီအစဉ်တစ်ခုလုံးကို ဆောင်ကြဉ်းခဲ့ပြီဟူသည့် အဓိပ္ပာယ်သက်ရောက်သည်။b ထို့ကြောင့် ယေရှုနှစ်ခြင်းခံချိန်၌ ဘုရားသခင်၏ကောင်းကင်စံရာသည် မဟာဝိညာဉ်ရေးအစီအစဉ်တွင် “အလွန်သန့်ရှင်းသောအရပ်ဌာန” အဖြစ် ဘိသိက်ပေးခံရ၏ သို့မဟုတ် သီးသန့်ခွဲခြားခံရ၏။

[အောက်ခြေမှတ်ချက်များ]

a ဘုရားသခင်၏ဝိညာဉ်ရေးဗိမာန်တော် အသွင်အပြင်အမျိုးမျိုးကို ဆွေးနွေးခြင်းအတွက် ၁၉၉၆၊ ဇူလိုင် ၁ ရက် ကင်းမျှော်စင် စာမျက်နှာ ၁၄-၁၉ ကိုရှု။

b ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့! [လိပ်] စာအုပ်၏စာမျက်နှာ ၁၉၅ တွင် ယင်းကိုညွှန်းထားသည်။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ယေရှုနှစ်ခြင်းခံသောအခါ “အလွန်သန့်ရှင်းသောအရပ်ဌာန” ဘိသိက်ပေးခံရခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ