ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၈/၁ စာ. ၁၈
  • ဘုရားသခင်သည် သူ၏မျက်ရည်ကို သုတ်တော်မူပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်သည် သူ၏မျက်ရည်ကို သုတ်တော်မူပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖျားနာနေသောဆွေမျိုးတစ်ဦးကို ကြည့်ရှုစောင့်ရှောက်စဉ် ဘုရားသခင့်လုပ်ငန်းတော်တွင် ဆက်၍အလုပ်များနေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • စာတွေအတွက် သူတို့ ကျေးဇူးတင်
    တွေ့ကြုံမှုများ
  • ဘဝပြဿနာများကို ယေဟောဝါရှင်ကူညီဖြေရှင်းပေးခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ညည်းတွားမှုတွေအတွက် အဖြေရှာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၈/၁ စာ. ၁၈

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း

ဘုရားသခင်သည် သူ၏မျက်ရည်ကို သုတ်တော်မူပြီ

ယေဟောဝါ၏ပညတ်တော်များ၊ မူများနှင့်အညီ မိမိတို့၏အသက်တာကို ပြုပြင်သူတို့သည် ကောင်းချီးများစွာခံစားကြရသည်။ လိုအပ်သည့်ပြောင်းလဲမှုများကို ပြုလုပ်ခြင်းမှာ အမြဲပင်မလွယ်ကူသော်လည်း အကူအညီနှင့် အားပေးမှုကို အလွယ်တကူရရှိနိုင်၏။ (ဆာလံ ၈၄:၁၁) ယင်းကို အရှေ့တောင်အာရှမှ အောက်ပါတွေ့ ကြုံမှုက ဖော်ပြသည်။

ပြင်သစ်မှ သက်သေခံတစ်ဦးသည် အားလပ်ရက်ခရီးထွက်စဉ် ကင်းမ်aအမည်ရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးအား ကမ္ဘာမြေကြီးအတွက် ယေဟောဝါ၏ရည်ရွယ်တော်မူချက်အကြောင်း ပြောပြခဲ့သည်။ ကင်းမ်အား သူက သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်ကိုလည်း ပေးထားခဲ့၏။ ကင်းမ်သည် စာအုပ်ကို အကြမ်းဖျင်းဖတ်ရှုကြည့်ရာ “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်” ဟူသောစကားများကို တွေ့လိုက်သည်။ (ဗျာဒိတ် ၂၁:၄) “ဒီအခန်းငယ်က ကျွန်မကို တကယ်ပဲစိတ်လှုပ်ရှားစေတယ်” ဟု ကင်းမ်ပြန်ပြောပြသည်။ “ဈေးဆိုင်မှာ တစ်နေကုန် ပြုံးပြုံးရွှင်ရွှင်နဲ့ တတွတ်တွတ်စကားပြောဆိုနေတဲ့ကျွန်မဟာ ညနေ အိမ်ပြန်ရောက်ပြီး အိပ်ပျော်နိုင်ဖို့ ငိုရတယ်ဆိုတာကို ဘယ်သူသိနိုင်မှာလဲ။” ဝမ်းနည်းရခြင်း၏အကြောင်းကို သူဤသို့ပြောပြသည်– “ယောက်ျားတစ်ယောက်နဲ့ ကျွန်မအတူနေတာ ၁၈ နှစ်ရှိပြီ၊ ကျွန်မကိုလက်ထပ်ယူဖို့ ငြင်းဆိုတဲ့အတွက် ကျွန်မအရမ်းဝမ်းနည်းတယ်။ ဒီလိုဘဝမျိုးကို ကျွန်မအဆုံးတိုင်စေချင်ပေမဲ့ သူနဲ့နေလာတာ ဒီလောက်ကြာပြီဆိုတော့ သူနဲ့ခွဲဖို့သတ္တိမရှိဘူး။”

အချိန်အနည်းငယ်ကြာသော် ကင်းမ်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်သော လင်းနှင့် ကျမ်းစာသင်ယူခဲ့သည်။ “ကျမ်းစာသွန်သင်ချက်တွေကို ကျွန်မလက်တွေ့ကျင့်သုံးဖို့ စိတ်ထက်သန်ခဲ့တယ်” ဟုကင်းမ်ပြောပြသည်။ “ဥပမာအနေနဲ့ ကျွန်မရဲ့မိသားစုက ဆန့်ကျင်ပေမဲ့ ဘိုးဘေးကိုးကွယ်မှုကို ကျွန်မ မလုပ်တော့ဘူး။ ဒါတင်မက ကျွန်မတို့ရဲ့ပတ်သက်မှုကို တရားဝင်ဖြစ်စေဖို့ကြိုးစားခဲ့တယ်၊ ကျွန်မအဖော်က ဆက်ငြင်းခဲ့တယ်။ အဲဒီအခက်အခဲ ကြုံနေရတဲ့အချိန်အတောအတွင်း ပြင်သစ်ကသက်သေခံက သမ္မာကျမ်းစာ စာပေစာတမ်းတွေကို ကျွန်မဆီမပြတ်ပို့ပေးပြီး လင်းကလည်း တော်တော်လေးအားပေးတယ်။ ဒီညီအစ်မတွေရဲ့ စိတ်ရှည်မှုနဲ့ မေတ္တာပါတဲ့ကူညီပေးမှုကြောင့် ကျွန်မရဲ့အဖော်ဟာ တကယ်တော့ဘယ်လိုလူစားမျိုးလဲဆိုတာကို ကျွန်မသိမြင်လာနိုင်တဲ့အထိ ခံနိုင်ရည်ဆက်ရှိနိုင်ခဲ့တယ်။ သူ့မှာ ‘ဇနီး’ ငါးယောက်နဲ့ ကလေး ၂၅ ယောက်ရှိထားတာကို ကျွန်မသိခဲ့ရတယ်! အဲ့ဒါက သူ့ကိုကျွန်မစွန့်ခွာဖို့ သတ္တိရှိစေခဲ့တယ်။

“ဇိမ်ရှိတဲ့အိမ်ကြီးကိုစွန့်ပြီး တိုက်ခန်းကျဉ်းကျဉ်းလေးမှာနေထိုင်ရတာ လွယ်တော့မလွယ်ပါဘူး။ အဲဒီအပြင် အဲဒီလူက သူနဲ့အတူ ပြန်လာနေဖို့ ကျွန်မကိုအတင်းတိုက်တွန်းတယ်၊ ပြန်မလာရင် ကျွန်မရုပ်ပျက်သွားရအောင် အက်စစ်နဲ့ပက်မယ်လို့တောင် ခြိမ်းခြောက်တယ်။ ယေဟောဝါရဲ့အကူအညီနဲ့ မှန်ကန်ရာကို ကျွန်မလုပ်ကိုင်နိုင်ခဲ့တယ်။” ကင်းမ်သည် ဆက်တိုးတက်လာခဲ့ရာ နောက်ဆုံးတွင် ၁၉၉၈ ခုနှစ်၊ ဧပြီလ၌ နှစ်ခြင်းခံခဲ့သည်။ ထို့အပြင် သူ၏ညီအစ်မနှစ်ဦးနှင့် သူ၏ဆယ်ကျော်သက်အရွယ် သားသည် ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာကို စတင်လေ့လာကြသည်။

“ကျွန်မရဲ့ဘဝမှာ မျှော်လင့်ချက် ဘယ်တော့မှရှိမှာမဟုတ်ဘူးလို့ ထင်မိတယ်” ဟုကင်းမ်ကပြောပြသည်။ “ဒါပေမဲ့ အခုတော့ ကျွန်မပျော်နိုင်ပြီ၊ ညည ငိုစရာမလိုတော့ဘူး။ ယေဟောဝါဟာ ကျွန်မရဲ့မျက်စိက မျက်ရည်တွေကို သုတ်ပေးနှင့်ပါပြီ။”

[အောက်ခြေမှတ်ချက်]

a အမည်များကို ပြောင်းထားပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ