ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၄/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆေးနှင့်ပြုပြင်ခြင်း ခရစ်ယာန်များအတွက် သင့်လျော်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သန့်ရှင်းစင်ကြယ်မှု အမှန်အားဖြင့် အဘယ်အရာကိုဆိုလိုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သန့်ရှင်းစင်ကြယ်မှု မည်မျှအရေးပါသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၄/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ဖိစီးမှုများကိုသက်သာစေရန် တောင်ပေါ်တရားတော်နှင့်ပတ်သက်၍ အဘယ်ကိုယ်ပိုင်အစီအစဉ်ကို အသုံးပြုနိုင်မည်နည်း။

ထိုတရားတော် သို့မဟုတ် ခရစ်ဝင်ကျမ်းများတွင် ဖော်ပြထားသော ယေရှု၏အခြေခံသွန်သင်ချက်များမှတစ်ခုကို သင်နေ့စဉ်ဖတ်ရှုနိုင်သည်။ ထိုသွန်သင်ချက်ကို သင်ဆင်ခြင်တွေးတောခြင်းဖြင့်လည်းကောင်း၊ ယင်းကို ကိုယ်တိုင်ကြိုးစားကျင့်သုံးခြင်းဖြင့်လည်းကောင်း ပိုမိုပျော်ရွှင်လာပြီး ဖိစီးမှုလျော့နည်းသွားသည်ကို တွေ့ ရှိရပေမည်။—၁၂/၁၅၊ စာမျက်နှာ ၁၂-၁၄။

• ထပ်ဆင့်တာဝန်များကို ထမ်းဆောင်ရန် ဓမ္မအမှုထမ်းများအား အသင်းတော်အကြီးအကဲများက လေ့ကျင့်ပေးဖို့ အဘယ်အကြောင်းကောင်းသုံးရပ်ရှိသနည်း။

ယေဟောဝါသက်သေအရေအတွက် တိုးများလာသောကြောင့် နှစ်ခြင်းခံပြီးစလူသစ်များ တိုးတက်ရန် ကူညီပေးဖို့ ယုံကြည်စိတ်ချရသောအမျိုးသားများ ထပ်၍လိုအပ်သည်။ ယခု အသက်အရွယ်ကြီးရင့်ခြင်းကြောင့် သို့မဟုတ် ကျန်းမာရေးကြောင့် လုပ်သက်ရင့်အကြီးအကဲအချို့သည် ယခင်ကလောက် တာဝန်များကို မထမ်းဆောင်နိုင်တော့ချေ။ အရည်အချင်းပြည့်မီသော အကြီးအကဲအချို့သည် ဒေသခံအသင်းတော်တာဝန်များထက်မက ထမ်းဆောင်နေရကြရာ အသင်းတော်တာဝန်များကို ယခင်ကကဲ့သို့ မထမ်းဆောင်နိုင်တော့ပေ။—၁/၁၊ စာမျက်နှာ ၂၉။

• လူတို့သည် အမှန်တကယ်မဟုတ်သော ဘုရားသခင်များကို မည်သို့ယုံကြည်ကိုးစားကြသနည်း။

လူများစွာသည် ဘုရားသခင်များကို ဝတ်ပြုကိုးကွယ်ကြသော်လည်း . . . ဧလိယခေတ်က ဗာလဘုရားကဲ့သို့ပင် . . . ဖြစ်ကြပေမည်။ (၃ ဓမ္မရာဇဝင် ၁၈:၂၆၊ ၂၉; ဆာလံ ၁၃၅:၁၅-၁၇) အခြားသူများမူ စစ်မှန်သောအနာဂတ်မျှော်လင့်ချက် မပေးနိုင်သော ဖျော်ဖြေရေးသမားများ၊ အားကစားအကျော်အမော်များကို ကြည်ညိုလေးမြတ်ကြ၏။ ယင်းနှင့်ခြားနားလျက် ယေဟောဝါသည် အမှန်တကယ်တည်ရှိပြီး ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို ပြည့်စုံစေသည်။—၁/၁၅၊ စာမျက်နှာ ၃-၅။

• ဘုရားသခင်၏သတိပေးချက်ကို ကာဣန၏တုံ့ပြန်ပုံမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိနိုင်သနည်း။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးထားရာ ကာဣနတုံ့ပြန်သကဲ့သို့ ကောင်းရာပြုလုပ်ခြင်းမှ သွေဖည်သွားမည့်အစား မှန်ရာကိုရွေးချယ်ပြုလုပ်နိုင်၏။ ယေဟောဝါသည် နောင်တမရသူများကို တရားစီရင်မည်ဖြစ်ကြောင်း ကျမ်းစာမှတ်တမ်းကဖော်ပြသည်။—၁/၁၅၊ စာမျက်နှာ ၂၂-၃။

• ယခုအခါ သန့်ရှင်းစင်ကြယ်မှုသည် အဘယ်ကြောင့် အထူးသဖြင့် အရေးပါသနည်း။

ပြောင်းလဲနေသော လူမှုရေးပုံစံများကြောင့် လူများစွာသည် အိမ်တွင်းသန့်ရှင်းမှုအတွက် အချိန်မပေးနိုင်တော့ချေ။ အစားအစာနှင့် ရေသန့်ရှင်းမှုကို ဂရုမစိုက်လျှင် ကျန်းမာရေးထိခိုက်နိုင်သည်။ ကာယသန့်ရှင်းမှုအပြင် ဝိညာဉ်ရေး၊ ကိုယ်ကျင့်တရားနှင့် စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်မှုကိုပါ ဂရုစိုက်ရမည်ဟု သမ္မာကျမ်းစာက အလေးပေးဖော်ပြသည်။—၂/၁၊ စာမျက်နှာ ၃-၆။

• ခရစ်ခေတ်မတိုင်မီက သက်သေခံများနှင့်စပ်လျဉ်း၍ ပေါလုက သူတို့သည် “ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်” ဟုဆို၏။ မည်သို့အားဖြင့်နည်း။ (ဟေဗြဲ ၁၁:၄၀)

လာမည့်အနှစ်တစ်ထောင်ကာလအတွင်း ခရစ်တော်နှင့် ကိုယ်တော်၏ဝိညာဉ်တော်ဖွားညီတော်များသည် ဘုရင်များနှင့် ယဇ်ပုရောဟိတ်များအဖြစ် အမှုထမ်းဆောင်ကြပြီး ထမြောက်လာသူများကို ရွေးနုတ်ဖိုးပူဇော်သကာအကျိုးကျေးဇူးများ ခံစားစေပါလိမ့်မည်။ သို့ဖြင့် ဟေဗြဲအခန်းကြီး ၁၁ တွင်ဖော်ပြထားသော သစ္စာရှိသူများသည် ‘စုံလင်ခြင်းသို့ရောက်’ ကြလိမ့်မည်။—၂/၁၊ စာမျက်နှာ ၂၃။

• ပေါလုက “ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြသေး” ဟူ၍ ဟေဗြဲလူတို့ကိုပြောသောအခါ အဘယ်အရာကို သူဆိုလိုသနည်း။ (ဟေဗြဲ ၁၂:၄)

သေသည့်အထိ ဆိုင်ပြိုင်တိုက်လှန်ခြင်းကို သူဆိုလို၏။ သေသည့်အထိ သစ္စာရှိခဲ့ကြသူများ၏ သမိုင်းကြောင်းပုံနမူနာများရှိသည်။ ပေါလုစာရေးခဲ့သော ဟေဗြဲလူတို့သည် ထိုအတိုင်းအတာအထိ စမ်းသပ်မခံရသေးသော်လည်း မည်သို့ပင်ဖြစ်လာပါစေ ခံနိုင်ရည်ရှိရန် သူတို့၏ယုံကြည်ခြင်းကို တည်ဆောက်ပြီး ရင့်ကျက်သည့်အထိ တိုးတက်ဖို့လိုနေသည်။—၂/၁၅၊ စာမျက်နှာ ၂၉။

• ယေဟောဝါသည် ကိုယ်တော်၏တရားစီရင်ခြင်းကို ကရုဏာတော်ဖြင့် လျှော့ပေါ့စေသည်ဟုဆိုခြင်းကို ရှောင်ခြင်းသည် အဘယ်ကြောင့်အကောင်းဆုံးဖြစ်သနည်း။

ဘာသာစကားအချို့တွင် “လျှော့ပေါ့” ဟူသော စကားလုံးသည် တော်ရုံသင့်ရုံ သို့မဟုတ် ထိန်းချုပ်ခြင်းဟု အဓိပ္ပာယ်ရှိနိုင်သည်။ ယေဟောဝါသည် တရားမျှတပြီး ကရုဏာရှိတော်မူသော ဘုရားသခင်ဖြစ်၏၊ အဆိုပါအရည်အသွေးများကို ဖော်ပြရာတွင် ယင်းအရည်အသွေးနှစ်ခုသည် တွဲဖက်ညီစွာလုပ်ဆောင်ကြသည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇; တရားဟောရာ ၃၂:၄; ဆာလံ ၁၁၆:၅; ၁၄၅:၉) ယေဟောဝါ၏တရားမျှတခြင်းကို ကရုဏာဖြင့် ပျော့ပျောင်းစေရန် မလိုအပ်ချေ။—၃/၁၊ စာမျက်နှာ ၃၀။

• သေဆုံးသွားသော ချစ်မြတ်နိုးရသူ၏ ကိုယ်ခန္ဓာကို ဆေးနှင့်ပြုပြင်ခြင်းသည် ခရစ်ယာန်များအတွက် သင့်လျော်ပါသလော။

ဆေးနှင့်ပြုပြင်ခြင်းမှာ ရုပ်အလောင်းကို မပုပ်ပျက်စေရန် ကြာရှည်ထားရှိခြင်းဖြစ်သည်။ ရှေးခေတ်လူအချို့သည် ဘာသာရေးအကြောင်းများကြောင့် ထိုဓလေ့ထုံးစံကိုလိုက်ခဲ့ကြ၏။ စစ်မှန်သောဝတ်ပြုကိုးကွယ်သူများသည် ထိုသို့ပြုလုပ်ကြမည်မဟုတ်ချေ။ (ဒေ. ၉:၅; တမန်တော် ၂၄:၁၅) ဆေးနှင့်ပြုပြင်ခြင်းသည် ရှောင်လွဲ၍မရသည့် မြေမှုန့်သို့ ကိုယ်ခန္ဓာပြန်သွားခြင်းအား နှောင့်နှေးကြန့်ကြာစေခြင်းသာ ဖြစ်စေပေမည်။ (ကမ္ဘာဦး ၃:၁၉) သို့သော် ဥပဒေက ဆေးနှင့်ပြုပြင်ခိုင်းလျှင်ဖြစ်စေ၊ မိသားစုမှအချို့က ထိုသို့ပြုလုပ်စေလိုလျှင်ဖြစ်စေ၊ အသုဘအတွက် ခရီးဝေးမှလာရသူအချို့ရှိလျှင်ဖြစ်စေ ဆေးနှင့်ပြုပြင်ရန် လိုအပ်ပါက ထိုသို့ ပြုနိုင်ပေသည်။—၃/၁၅၊ စာမျက်နှာ ၂၉-၃၁။

• လူမျိုးအပေါင်းကို ဘုရားသခင်ကြိုဆိုလက်ခံကြောင်း မည်သည့်ကျမ်းစာပုံသက်သေများက ဖော်ပြသနည်း။

နိနေဝေမြို့သားများကိုသတိပေးရန် ပရောဖက်ယောနကို ယေဟောဝါစေလွှတ်ခဲ့ပြီး သူတို့၏နောင်တကိုလက်ခံဖို့ ယောနအား ဘုရားသခင်တိုက်တွန်းခဲ့၏။ ယေရှုသည် စကားအားဖြင့်လည်းကောင်း၊ ပုံသက်သေအားဖြင့်လည်းကောင်း ရှမာရိလူတို့အပေါ် မေတ္တာပြ၍ အားပေးခဲ့သည်။ တမန်တော်ပေတရုနှင့် တမန်တော်ပေါလုတို့သည်လည်း ဂျူးမဟုတ်သူများထံ သတင်းကောင်းသယ်ဆောင်သွားခဲ့သည်။ ဤပုံသက်သေများက နောက်ခံအမျိုးမျိုးရှိကြသူများကို ကူညီပေးရန် ကြိုးစားဖို့လိုအပ်ကြောင်း ကျွန်ုပ်တို့အားသိရှိစေသည်။—၄/၁၊ စာမျက်နှာ ၂၁-၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ