ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၈/၁ စာ. ၃
  • အယူသီးသူ၏ ဘဝအခြေအနေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အယူသီးသူ၏ ဘဝအခြေအနေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အယူသီးခြင်းသည် ကျမ်းစာသွန်သင်ချက်နှင့် ကိုက်ညီသလော
    နိုးလော့!—၂၀၀၈
  • အယူသီးမှုများက သင့်ဘဝကို ထိန်းချုပ်ထားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “အမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်” ဆိုတာ ဘယ်လိုနည်းနဲ့လဲ
    နိုးလော့!—၂၀၁၂
  • ကမ္ဘာ့အရှည်ဆုံး ဥမင်လိုဏ်ခေါင်းလမ်းမ
    နိုးလော့!—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၈/၁ စာ. ၃

အယူသီးသူ၏ ဘဝအခြေအနေ

သင်သည် အိမ်မှထွက်ချိန်တွင် တစ်စုံတစ်ယောက်နှင့် ဝင်တိုးမိသည်။ ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်မိသည်။ ညအခါ ငှက်တစ်မျိုးသည် ထူးထူးခြားခြား အသံပြု၏။ အိပ်မက်တစ်ခုကို သင်ထပ်ခါတလဲမြင်မက်နေသည်။ ၎င်းတို့မှာ လူများစွာတို့အတွက် သာမန်အဖြစ်အပျက်များ၊ ဘေးမရှိသော အခြင်းအရာများသာ ဖြစ်ပေမည်။ သို့သော် အနောက်အာဖရိကရှိ လူတချို့အတွက်မူ ယင်းတို့သည် ဝိညာဉ်ဘုံမှလာသော လက္ခဏာများ၊ အတိတ်နိမိတ်များ၊ သတင်းများဖြစ်နေနိုင်သည်။ အဆိုပါလက္ခဏာနှင့် ၎င်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် မူတည်လျက် ကြီးပွားမှုဖြစ်စေ၊ ကပ်ဘေးဖြစ်စေ တစ်ခုခုကျရောက်တော့မည်ဟု ယူဆကြသည်။

အာဖရိကပြင်ပတွင်လည်း အယူသီးမှုများစွာရှိ၏။ ဘုရားသခင်မဲ့ဝါဒကို တရားဝင်လက်ခံထားသည့် ပတ်ဝန်းကျင်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း တရုတ်ပြည်နှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုတို့တွင်ရှိ လူများစွာသည် အယူသီးနေကြဆဲပင်။ အနောက်တိုင်း၌ လူများစွာသည် ဇာတာခွင်ကြည့်ရှုကြ၏၊ သောကြာနေ့ ၁၃ ရက်ကို ကြောက်လန့်ကြ၏၊ ကြောင်နက်များကို ရှောင်ကြ၏။ ကမ္ဘာ့မြောက်ဘက်အစွန်းပိုင်းတွင်နေထိုင်သူ လူအချို့မှာမူ မြောက်ဝင်ရိုးစွန်းမှ အလင်းတန်းများကို စစ်နှင့် ကပ်ဘေးဆိုက်မည့် အတိတ်နိမိတ်တစ်ခုအဖြစ် ရှုမြင်ကြသည်။ အိန္ဒိယနိုင်ငံတွင် ပူပြင်းသောနေ့ရက်များ၌ ကိုယ်ခန္ဓာအေးမြစေရန် လိင်ဆက်ဆံဖို့လိုသည်ဟု ယုံကြည်ကြသည့် ထရပ်ကားယာဉ်မောင်းများကြောင့် အေ့ဒ်စ်ရောဂါ ပျံ့နှံ့လျက်ရှိသည်။ ဂျပန်နိုင်ငံတွင်မူ ဥမင်လိုဏ်ခေါင်းတူးနေစဉ် အမျိုးသမီးတစ်ဦး ဝင်သွားခြင်းသည် မကောင်းသောအတိတ်နိမိတ်ဖြစ်၏ဟု အလုပ်သမားများက ယုံကြည်ကြ၏။ အဆင့်မြင့်ကြေးစား အားကစားပွဲတွင်လည်း အယူသီးမှုရှိ၏။ ဘော်လီဘောကစားသမားတစ်ဦးသည် ခြေအိတ်အဖြူအစား ခြေအိတ်အနက်စွပ်ထားခြင်းက အနိုင်ရစေသည်ဟုယူဆ၏။ တန်းစီရေးချပြရမည်ဆိုလျှင် ဆုံးလိမ့်မည်မထင်။

အသင်ကော။ သင်၌ လျှို့ဝှက်ထားသည့် ရှင်းမပြနိုင်သော ကြောက်ရွံ့မှုတစ်မျိုးတစ်မည်ရှိသလော။ “ယုံကြည်ချက်တစ်ခု၊ မယုံတယုံဖြစ်နေသည့် ယုံကြည်ချက်တစ်ခု၊ သို့မဟုတ် ကျိုးကြောင်းဆီလျော်စွာ ဖြေရှင်းနိုင်ပုံမရှိသည့် အကျင့်တစ်ခု” သည် သင့်ကို ကူးစက်နေပါသလော။ သင့်အဖြေက သင့်အတွင်းစိတ်ကို ဖော်ထုတ်ပြနိုင်သည်၊ အကြောင်းမှာ “အယူသီးခြင်း” ကို ထိုသို့ပင်ဖွင့်ဆိုထား၏။

အယူသီးခြင်းက လူတစ်ဦး၏ဆုံးဖြတ်ချက်များနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်နေမည်ဆိုလျှင် မိမိအမှန်တကယ်နားမလည်သည့်အရာကို မိမိအား လွှမ်းမိုးစေရန် ခွင့်ပြုနေခြင်းဖြစ်သည်။ ယင်းက ပညာရှိရာရောက်ပါသလော။ ဝိုးတိုးဝါးတားဖြစ်၍ ဥပါဒါန်အစွဲပင်ဖြစ်နိုင်သည့်သြဇာကို ကျွန်ုပ်တို့ခံသင့်သလော။ အယူသီးမှုသည် ထိခိုက်နစ်နာမှုမရှိ၊ မပြောပလောက်သည့် ချို့တဲ့မှုတစ်ခုမျှလော၊ သို့တည်းမဟုတ် လာဘ်တိတ်မည့်နိမိတ်တစ်ခုလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ