ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၈/၁ စာ. ၂၈
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါထံလက်ခံနိုင်ရာယဇ်များပူဇော်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • မတူညီသည့်သဘောထားများကို ကြီးထွားစေသောညီနောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သားလိမ္မာနဲ့ သားမိုက်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဒေါသထွက်ပြီး လူကိုသတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၈/၁ စာ. ၂၈

စာရှုသူများထံမှမေးခွန်းလွှာ

ဘုရားသခင်၏ မျက်နှာသာရရှိရန် တိရစ္ဆာန်ယဇ်လိုကြောင်း အာဗေလ သိခဲ့သလော။

ကာဣနနှင့် အာဗေလတို့ ယဇ်ပူဇော်ခြင်းအကြောင်းကို သမ္မာကျမ်းစာက အကျဉ်းချုပ်သာဖော်ပြထားသည်။ ကမ္ဘာဦး ၄:၃-၅ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “အချိန်စေ့သောအခါ ကာဣနသည် ထာဝရဘုရားထံ ပူဇော် . . . ဖို့ မြေအသီးကို ဆောင်ခဲ့၏။ အာဗေလသည်လည်း မိမိသိုးစုတွင် အဦးဖွားသော သားအချို့နှင့် သိုးဆီဥကို ဆောင်ခဲ့၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်[ရာယဇ်]ကို ပမာဏပြုတော်မူ၏။ ကာဣနနှင့် သူ၏ပူဇော်[ရာယဇ်]ကို ပမာဏပြုတော်မမူ။ ထိုကြောင့် ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။”

ဤအဖြစ်အပျက်မတိုင်မီ ယေဟောဝါသည် ယဇ်ပူဇော်ခြင်းအကြောင်း၊ သို့မဟုတ် ကိုယ်တော်လက်ခံနိုင်မည့် ယဇ်အမျိုးအစားအကြောင်း အသေးစိတ်ဖော်ပြထားသည့် အချက်အလက်များ ကျမ်းစာတွင် မဖော်ပြထားချေ။ သို့ဖြစ်၍ ကာဣနနှင့် အာဗေလတို့သည် သူတို့စိတ်ကြိုက် ယဇ်ပူဇော်ခဲ့ကြခြင်းဖြစ်သည်မှာ ထင်ရှားပါသည်။ သူတို့သည် မိဘများ၏ ကနဦးပရဒိသုစံအိမ်ထဲသို့ ဝင်ခွင့်မရတော့ချေ; အပြစ်၏အကျိုးဆက်များကို ခံစားနေကြရသည်; ဘုရားသခင်နှင့် စိမ်းကားသွားခဲ့သည်။ သူတို့သည် အပြစ်ရှိပြီး ကြေကွဲဖွယ်အခြေအနေ၌ရှိကြရာ ဘုရားသခင်၏အကူအညီ တကယ်လိုအပ်သည်ကို သိရှိလာကြပေမည်။ ဘုရားသခင်အား ပူဇော်သောယဇ်သည် ဘုရားသခင်၏မျက်နှာသာရရှိရန်အတွက် သူတို့စေတနာအလျောက် ပူဇော်ခဲ့ဖွယ်ရှိ၏။

ရလဒ်မှာ အာဗေလ၏ယဇ်ကို ဘုရားသခင် လက်ခံသော်လည်း ကာဣန၏ယဇ်ကိုကား လက်မခံခဲ့ချေ။ အဘယ်ကြောင့်နည်း။ အာဗေလ ပူဇော်ခဲ့သောယဇ်သည် တော်တည့်မှန်ကန်၍ ကာဣန၏ယဇ်မူကား မတော်မှန်၍လော။ မည်သည့်ယဇ်ကို လက်ခံမည်၊ မည်သည့်ယဇ်ကို လက်မခံဟု သူတို့အား မမှာကြားထားသောကြောင့် ယဇ်အမျိုးအစားအပေါ် မူတည်သည်ဟူ၍ တပ်အပ်မပြောနိုင်ပေ။ သို့သော် တစ်ခုမဟုတ်တစ်ခုကို လက်ခံနိုင်ဖွယ်ရှိ၏။ နောက်ပိုင်းတွင် ဣသရေလလူမျိုးကို ယေဟောဝါပေးခဲ့သည့် ပညတ်တော်၌ ကိုယ်တော်လက်ခံနိုင်သော ယဇ်များသည် တိရစ္ဆာန်များ သို့မဟုတ် တိရစ္ဆာန်၏အင်္ဂါအစိတ်အပိုင်းများသာမက ပေါက်ပေါက်၊ ဘာလီ၊ မုန့် ညက်၊ ဖုတ်ထားသောအစာများနှင့် စပျစ်ရည်လည်း ပါဝင်၏။ (ဝတ်ပြုရာ ၆:၁၉-၂၃; ၇:၁၁-၁၃; ၂၃:၁၀-၁၃) ဘုရားသခင်သည် ကာဣန၏ယဇ်ကိုပယ်ပြီး အာဗေလ၏ယဇ်ကို လက်ခံခဲ့ခြင်းသည် သူတို့ ပူဇော်ခဲ့ကြသော ပစ္စည်းကြောင့်သာ မဟုတ်သည်မှာ ထင်ရှားပါသည်။—ဟေရှာယ ၁:၁၁; အာမုတ် ၅:၂၂ နှိုင်းယှဉ်။

ရာစုနှစ်များစွာ နောက်ပိုင်းတွင် တမန်တော်ပေါလုက ဤသို့ဖော်ပြခဲ့သည်– “အာဗေလသည် ကာဣနပူဇော်သောယဇ်ထက် သာ၍မြတ်သောယဇ်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သောယဇ်ကို ပူဇော်၍ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့ နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။” (ဟေဗြဲ ၁၁:၄) သို့ဖြစ်၍ အာဗေလကို ဖြောင့်မတ်သူအဖြစ် ဘုရားသခင်အသိအမှတ်ပြုခဲ့ရခြင်းမှာ သူ၏ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ သို့သော် မည်သည့်အရာကို သူယုံကြည်ခဲ့သနည်း။ ‘မြွေ၏ဦးခေါင်းကိုကြိတ်’ ပြီးလျှင် တစ်ချိန်က လူသားတို့ခံစားခဲ့ရသည့် ငြိမ်သက်ခြင်းနှင့် စုံလင်ခြင်းတို့ကို ဆောင်ကြဉ်းပေးမည့် မျိုးနွယ်တော် ဖြစ်ပေါ်စေမည်ဟူသော ယေဟောဝါ၏ကတိတော်ကို ယုံကြည်ခြင်းဖြစ်သည်။ မျိုးနွယ်တော်၏ ‘ဖနောင့်သည် အကြိတ်ခံ’ ရလိမ့်မည်ဟူသော ဖော်ပြချက်မှ အသွေးသွန်းစရာလိုသောယဇ်မျိုးကို ပူဇော်ရမည်ဖြစ်ကြောင်း အာဗေလ ကျိုးကြောင်းဆင်ခြင်တွေးတောခဲ့ပေမည်။ (ကမ္ဘာဦး ၃:၁၅) မည်သို့ပင်ဖြစ်ပါစေ၊ အာဗေလ၏ယဇ်သည် “ကာဣနပူဇော်သောယဇ်ထက် သာ၍မြတ်သောယဇ်” ဖြစ်ရခြင်းမှာ သူ၏ယုံကြည်ခြင်းဖော်ပြချက်ကြောင့်ဖြစ်၏။

ထိုနည်းတူ၊ ကာဣန၏ယဇ်ကို ငြင်းပယ်ရခြင်းမှာ မမှန်ကန်သောယဇ်ကို ပူဇော်သောကြောင့်မဟုတ်ဘဲ သူ၏လုပ်ရပ်က ဖော်ပြသည့်အတိုင်း ယုံကြည်ခြင်းကင်းမဲ့သောကြောင့်ဖြစ်သည်။ ယေဟောဝါက ကာဣနကို “သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရလော” ဟု အတိအလင်းမိန့်ဆိုခဲ့ပေပြီ။ (ကမ္ဘာဦး ၄:၇) ဘုရားသခင်သည် ကာဣန၏ယဇ်ကို မနှစ်သက်သောကြောင့် သူ့ကို ငြင်းပယ်ခဲ့ခြင်းမဟုတ်ချေ။ ထိုသို့ ဖြစ်မည့်အစား ကာဣနကို ဘုရားသခင်ငြင်းပယ်ခဲ့ရခြင်းမှာ ‘သူ၏အကျင့်သည် ဆိုးယုတ်’ ၍မနာလိုခြင်း၊ မုန်းတီးခြင်းနှင့် နောက်ဆုံးတွင် လူသတ်သည်အထိ ဖြစ်ခဲ့သောကြောင့်ဖြစ်၏။—၁ ယောဟန် ၃:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ