ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၁၂/၁ စာ. ၂၉
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • တွေ့ရခဲတဲ့ ကန္တာရတောကြောင်
    နိုးလော့!—၂၀၁၃
  • သဲပေါ်လမ်းလျှောက်ခြင်း—ကျန်းမာရေး ပိုမိုကောင်းမွန်စေသော လှုပ်ရှားမှုများ
    နိုးလော့!—၁၉၉၇
  • “ပင်လယ်စည်းစိမ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • မိတ်ဆွေမြဲဖို့ သင်သည် မိတ်ဆွေတစ်ဦး ဖြစ်ရမည်
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၁၂/၁ စာ. ၂၉

စာရှုသူများထံမှမေးခွန်းလွှာ

ဗျာ. ၂၀:၈ ကိုထောက်၍ နောက်ဆုံးစမ်းသပ်ချိန်တွင် စာတန်၏လှည့်ဖြားမှု ခံရမည့်သူတို့သည် အတိုင်းမသိများပြားလိမ့်မည်ဟု ကျွန်ုပ်တို့ကောက်ချက်ချသင့်သလော။

ဗျာ. ၂၀:၈ [သမ] က မေရှိယနိုင်ငံတော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုအဆုံးတွင် မြေကြီးပေါ်ရှိသူများကို စာတန်နောက်ဆုံးတိုက်ခိုက်ခြင်းအကြောင်း ဖော်ပြသည်။ စာတန့်အကြောင်း ထိုကျမ်းချက်ကဤသို့ဆို၏– “ဂေါဂ၊ မာဂေါဂသည် မြေကြီးလေးစွန်းရှိ လူမျိုးများကို လှည့်ဖြားလျက် စစ်ပွဲသို့စုရုံးစေခြင်းငှာ ထွက်လိမ့်မည်။ သမုဒ္ဒရာသဲလုံးနှင့်အမျှများပြားသော ထိုလူမျိုးတို့သည် မြေကြီးတစ်လျှောက် ချီလာ” လိမ့်မည်။

သိပ္ပံနည်းပညာများနှင့် ကိရိယာတန်ဆာပလာများ တိုးတက်ထွန်းကားနေသော်လည်း “သမုဒ္ဒရာသဲလုံး” ၏အရေအတွက်ကိုမသိနိုင်သေးချေ။ ထို့ကြောင့် ၎င်းအသုံးအနှုန်းသည် မသိရသေးသော၊ အတိအကျမပြောနိုင်သော အရေအတွက်ကို ရည်ညွှန်းသည်ဟုဆိုနိုင်ပါသည်။ သို့သော် ယင်းက အလွန့်အလွန်များပြားသော၊ အတိုင်းမသိများပြားသော စိတ်ကူးကြည့်၍ပင်မရနိုင်သော အရေအတွက်ကိုဆိုလိုသလော၊ သို့မဟုတ် အရေအတွက်အတိအကျမသိနိုင်သော်လည်း  အတော်အတန်များပြားသည်ဟုသာ  ဆိုလိုသလော။

သမ္မာကျမ်းစာတွင် “သမုဒ္ဒရာသဲလုံးနှင့်အမျှ” ဟူသောအသုံးအနှုန်းကို နည်းအမျိုးမျိုးဖြင့် အသုံးပြုထားသည်။ ဥပမာ၊ ကမ္ဘာဦး ၄၁:၄၉ ၌ဤသို့ဖတ်ရသည်– “စပါးကိုကား [ယောသပ်သည်] သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာစုထား၍ မရေမတွက်နိုင်အောင်များသောကြောင့် မရေတွက်ဘဲနေသတည်း။” ဤတွင် မရေမတွက်နိုင်ခြင်းကို အလေးပေးဖော်ပြသည်။ အလားတူ ယေဟောဝါက “မိုးကောင်းကင်တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို တောင်းတင်းနှင့်မခြင်နိုင်အောင် များပြားသကဲ့သို့ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကို . . . ငါများပြားစေမည်” ဟုမိန့်တော်မူခဲ့သည်။ ကောင်းကင်ကြယ်နှင့် သမုဒ္ဒရာသဲလုံးတို့ကို မရေတွက်နိုင်သည်မှာ သေချာသကဲ့သို့ ဒါဝိဒ်ကို ယေဟောဝါပေးခဲ့သောကတိတော် မလွဲဧကန်ပြည့်စုံရမည်။—ယေရမိ ၃၃:၂၂။

အများအားဖြင့် “သမုဒ္ဒရာသဲလုံး” ဟူသောအသုံးအနှုန်းသည် အတော်အတန်ကြီးသောအရာနှင့် မှတ်သားလောက်သော အရေအတွက် သို့မဟုတ် ပမာဏကို ရည်ညွှန်းသည်။ ဂိလဂါလမြို့ရှိ ဣသရေလလူတို့သည် မိတ်မတ်မြို့၌ တပ်ချကြသော “သမုဒ္ဒရာသဲလုံးနှင့်အမျှရှိသော” ဖိလိတ္တိလူမျိုးကြောင့် အလွန်စိတ်ပူပန်ခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၁၃:၅၊ ၆; တရားသူကြီး ၇:၁၂) ထို့ပြင် “ဘုရားသခင်သည် များစွာသောဉာဏ်ပညာကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသောနှလုံးကိုလည်းကောင်း [ရှောလမုန်ကို] ပေးတော်မူသည်။” (၃ ဓမ္မရာဇဝင် ၄:၂၉) အဆိုပါအဖြစ်အပျက်တစ်ခုစီ၌ ဖော်ပြသောအရာသည် အတော်အတန်ကြီးသော်လည်း အကန့်အသတ်ရှိ၏။

“သမုဒ္ဒရာသဲလုံး” ဟူသည် များပြားခြင်းကိုမဆိုလိုဘဲ မသိနိုင်သည့်အရေအတွက်ကိုလည်း ဆိုလိုနိုင်၏။ အာဗြဟံကို ယေဟောဝါဤသို့မိန့်တော်မူခဲ့သည်– “သင်၏အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့လည်းကောင်း အစဉ်အမြဲပွားများစေမည်။” (ကမ္ဘာဦး ၂၂:၁၇) ဤကတိတော်ကို အာဗြဟံ၏မြေးယာကုပ်အား ထပ်မံဖော်ပြရာ၌ ယေဟောဝါသည် “မြေမှုန့်ကဲ့သို့များပြား” ဟူသောအသုံးအနှုန်းကို အသုံးပြုခဲ့ပြီး ယင်းကို ယာကုပ်က “သမုဒ္ဒရာသဲလုံး” အဖြစ် ပြန်လည်ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၂၈:၁၄; ၃၂:၁၂) ဖြစ်ပျက်လာသည့်အတိုင်း အာဗြဟံ၏ “အမျိုးအနွယ်” အရေအတွက်မှာ ယေရှုခရစ်အပြင် ၁၄၄,၀၀၀ ဖြစ်ပြီး ယင်းကို ယေရှုက “သိုးစုငယ်” ဟုခေါ်ဆိုခဲ့သည်။—လုကာ ၁၂:၃၂; ဂလာတိ ၃:၁၆၊ ၂၉; ဗျာ. ၇:၄; ၁၄:၁၊ ၃။

ဤပုံဥပမာများမှ ကျွန်ုပ်တို့အဘယ်အရာသိရှိရသနည်း။ “သမုဒ္ဒရာသဲလုံးနှင့်အမျှ” ဟူသောအသုံးအနှုန်းသည် အကန့်အသတ်မရှိ၊ အတိုင်းထက်အလွန်များသည်ဟု အမြဲမဆိုလိုပါ; ပမာဏအလွန်ကြီးမားသော သို့မဟုတ် အရွယ်အစားလွန်စွာကြီးမားခြင်းကို အစဉ်ဖော်ပြနေခြင်းလည်းမဟုတ်ပါ။ များသောအားဖြင့် အရွယ်အစားအတော်အတန်ရှိသော်လည်း မသိရှိရသော အရေအတွက်ကို ဆိုလို၏။ ထို့ကြောင့် ဘုရားသခင့်လူမျိုးတော်ကို စာတန်နောက်ဆုံးတိုက်ခိုက်ရာ၌ သူ့ကိုထောက်ခံမည့် ပုန်ကန်သူလူစုသည် အတိုင်းမသိများပြားမည်မဟုတ်ဘဲ အန္တရာယ်ဖြစ်စေနိုင်လောက်အောင် အတော်အတန်များမည်ဟု ယူမှတ်ခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။ သို့ရာတွင် ထိုအရေအတွက်ကို ယခုအချိန်ထိ မသိရသေးပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ