ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၅/၁ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • နတ်ပူးသောသူငယ် ကုသခံရ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နတ်ဆိုးစွဲနေတဲ့ကောင်လေးကို ကုသပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ကပေရနောင်မြို့မှာ ကြီးမားတဲ့အမှုဆောင်လုပ်ငန်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၅/၁ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ခရစ်ယာန်တစ်ဦး စကားသံများ ကြားနေရလျှင် သူ့ကို နတ်ဆိုးရန်မူနေသည်ဟု ဆိုနိုင်မည်လော။

မဆိုနိုင်ပါ။ နတ်ဆိုးများသည် ထိုနည်းဖြင့် လူတို့ကို နှောင့်ယှက်ကြသော်လည်း စကားသံများကြားရသူ၊ သို့မဟုတ် တခြားရှင်းမပြနိုင်သည့် နှောင့်ယှက်မှုများကို ခံစားနေရသူများစွာသည် စမ်းသပ်စစ်ဆေးခံရပြီးနောက် ကျန်းမာရေးချို့တဲ့နေကြောင်း တွေ့ ရှိခဲ့ရသည်။

ပထမရာစု၌ပင် နတ်ဆိုးရန်မူမှုများနှင့် ကျန်းမာရေးအခြေအနေမကောင်းခြင်းသည် တစ်ခါတစ်ရံ ဆင်တူယိုးမှားအခြေအနေများ ဖြစ်ပေါ်သည်ကို အသိအမှတ်ပြုခဲ့ကြသည်။ ယေရှုကုသပေးခဲ့သည့် လူငယ်တစ်ဦးအကြောင်းကို မဿဲ ၁၇:၁၄-၁၈ တွင်ကျွန်ုပ်တို့ဖတ်ရသည်။ ထိုလူငယ်တွင် ဝက်ရူးပြန်ရောဂါလက္ခဏာများကို တွေ့ရသော်လည်း အမှန်မှာ သူ၏ဝေဒနာသည် နတ်ဆိုးကြောင့်ဖြစ်နေ၏။ သို့သော် အစောပိုင်းတစ်ကြိမ်တွင် ရောဂါဝေဒနာခံစားနေကြသော လူအုပ်ကြီးကို ယေရှုထံ ခေါ်ဆောင်လာသောအခါ ထိုသူတို့တွင် “နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ” အချို့ပါဝင်ကြောင်း သိရှိကြရသည်။ (မဿဲ ၄:၂၄) ဤတွင်ထင်ရှားသည်မှာ ဝက်ရူးစွဲသူအချို့သည် နတ်ဝင်ခံရသူများမဟုတ်ချေ။ ထိုသူတို့သည် ကျန်းမာရေးချို့တဲ့သောကြောင့်ဖြစ်၏။

ဆေးကုသ၍ ရောဂါသက်သာသွားနိုင်သော စိတ်ကစဉ့်ကလျားရောဂါသည်အချို့သည် စကားသံများ ကြားရသည်၊ သို့မဟုတ် ထူးဆန်းပုံရှိသော တခြားလက္ခဏာများ တွေ့ ကြုံခံစားရသည်ဟု သိရှိခဲ့ရ၏။a တခြားရောဂါအခြေအနေများကလည်း နတ်ဆိုးများကြောင့်ဖြစ်သည်ဟု တလွဲယူမှတ်စေနိုင်သည့် စိတ်ရှုပ်ထွေးမှုဖြစ်ပေါ်စေပေမည်။ ထို့ကြောင့် စကားသံများ ကြားရသည်၊ သို့မဟုတ် တခြား နှောင့်ယှက်မှုများကို ခံစားနေရသူသည် နတ်ဆိုးနှောင့်ယှက်မှုကြောင့်ဖြစ်နိုင်သော်လည်း ကျန်းမာရေးကြောင့်လောဟု ဆေးစစ်ကြည့်ရန် သူ့ကို အားပေးသင့်သည်။

[အောက်ခြေမှတ်ချက်]

a ကင်းမျှော်စင်၏တွဲဖက်မဂ္ဂဇင်း ၁၉၈၆၊ စက်တင်ဘာ ၈ ရက်ထုတ် နိုးလော့! [လိပ်] မှ “စိတ်ရောဂါဖြစ်မဖြစ် အဖြေပေါ်ခြင်း” ဆောင်းပါးကိုရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ