ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၃/၁၅ စာ. ၃
  • သင့်ကိုအကျိုးပြုသော ပွဲတော်တစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကိုအကျိုးပြုသော ပွဲတော်တစ်ခု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင့်ညစာစားပွဲ—ဘုရားသခင်ကို ဂုဏ်တင်တဲ့ပွဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သခင့်ညစာစားပွဲကို အဘယ်ကြောင့် ကျင်းပကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သခင့်ညစာစားပွဲ မည်သို့ကျင်းပရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၃/၁၅ စာ. ၃

သင့်ကိုအကျိုးပြုသော ပွဲတော်တစ်ခု

မြေကြီးပေါ်ရှိစဉ်အခါက ယေရှုခရစ်သည် ဘုရားသခင်အားဂုဏ်တင်သော ပွဲတော်တစ်ခုကို အစပြုကျင်းပခဲ့သည်။ ဤကား မိမိ၏နောက်လိုက်များ ကျင်းပရန် ကိုယ်တော်တိုက်ရိုက်မိန့်မှာခဲ့သည့် တစ်ခုတည်းသော ဘာသာရေးအခမ်းအနားဖြစ်သည်။ ယင်းသည် နောက်ဆုံးညစာစားပွဲဟူ၍ လူသိများသော သခင့်ညစာစားပွဲဖြစ်၏။

ထိုအခါသမယကို အစပျိုးပေးသောဖြစ်ရပ်များကို မထင်မရှား လေ့လာကြည့်ရှုနေသူတစ်ဦးအဖြစ် သင့်ကိုယ်ကို မြင်ယောင်ကြည့်ပါ။ ယေရှုနှင့် ကိုယ်တော်၏တမန်တော်များသည် ဂျူးပသခါပွဲကိုကျင်းပရန် ယေရုရှလင်မြို့ရှိ အထက်ခန်းမတစ်ခုသို့ စုရုံးလာကြသည်။ ကင်ထားသောသိုးသား၊ ခါးသောဟင်းရွက်၊ တဆေးမပါသောမုန့်နှင့် အနီရောင်စပျစ်ဝိုင်တို့ပါဝင်သော ထုံးတမ်းစဉ်လာ ပသခါစားပွဲကို သူတို့သုံးဆောင်ပြီးလေပြီ။ မတည်ကြည်သော တမန်တော်ယုဒရှကာရုတ်ကို ထွက်သွားစေရာ မကြာမီ သူ၏သခင်ကို သစ္စာဖောက်၍ အပ်နှံပေတော့မည်။ (မဿဲ ၂၆:၁၇-၂၅; ယောဟန် ၁၃:၂၁၊ ၂၆-၃၀) ယေရှုသည် တည်ကြည်သော တမန်တော် ၁၁ ပါးနှင့်အတူ ကျန်ရစ်သည်။ သူတို့အထဲမှတစ်ဦးမှာ မဿဲဖြစ်၏။

မျက်မြင်သက်သေ မဿဲ၏မှတ်တမ်းအရ သခင့်ညစာစားပွဲကို ယေရှုဤသို့အစပြုကျင်းပလေသည်– “ယေရှုသည် [တဆေးမဲ့] မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ‘ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့’ ဟု မိန့်တော်မူလျက်၊ တပည့်တို့အား ပေးတော်မူ၏။ [စပျစ်ဝိုင်] ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍၊ ‘သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွှတ်စေခြင်းငှာသွန်းသော ငါ၏သွေးဖြစ်၏။’”—မဿဲ ၂၆:၂၆-၂၈။

ယေရှုသည် သခင့်ညစာစားပွဲကို အဘယ်ကြောင့် အစပြုကျင်းပခဲ့သနည်း။ ကျင်းပနေစဉ် တဆေးမဲ့မုန့်နှင့် အနီရောင်စပျစ်ဝိုင်ကို ကိုယ်တော်အဘယ်ကြောင့် အသုံးပြုခဲ့သနည်း။ ၎င်းအထိမ်းအမှတ်များကို ခရစ်တော်၏နောက်လိုက်အားလုံး သုံးဆောင်ရမည်လော။ ဤစားသောက်ပွဲကို အကြိမ်မည်မျှ ကျင်းပရမည်နည်း။ ယင်းသည် သင့်အတွက် အမှန်ပင်အဓိပ္ပာယ်ရှိသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ