ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၄/၁၅ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်တော် ထုချေမယ့်စကားကို နားထောင်ကြပါ”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • “ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကို သတိနှင့်ကြဉ်ရှောင်ကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • “ငါ့ထံ၌နည်းခံကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆဲန်ဟီဒရင်၌ လွှတ်အရာရှိတို့ စုဝေးကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၄/၁၅ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

တမန်တော်ပေါလုက “အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏” ဟုဆဲန်ဟီဒရင်ရှေ့မှောက်ဆိုသောအခါ ခရစ်ယာန်ယုံကြည်ခြင်းကို သူအလျှော့ပေးလိုက်လျောနေခြင်းမဟုတ်ပေလော။

တမန်တော် ၂၃:၆ ပါ ပေါလု၏ထွက်ဆိုချက်ကို နားလည်ရန် ယင်း၏ရှေ့နောက်စကားကို ကျွန်ုပ်တို့ သုံးသပ်ကြည့်ဖို့လိုပါသည်။

ပေါလုသည် ယေရုရှလင်မြို့တွင် ဂျူးတို့၏ အုပ်စုလိုက်ရမ်းကားခြင်းကို ခံရပြီးနောက် သူတို့ကို မိန့်ခွန်းပြောခဲ့သည်။ မိမိသည် “ဂါမလျေလအမည်ရှိသောဆရာ၏ခြေရင်း [ယေရုရှလင်မြို့] ၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်ဘဆက်ကျင့်သောတရားကို သေချာစွာသိနားလည်ခြင်းငှာ နည်းဥပဒေသကိုခံ” ခဲ့ကြောင်း သူပြောပြသည်။ လူအုပ်သည် သူ၏ထုချေချက်ကို ခေတ္တမျှနားထောင်ပြီးနောက် ဒေါသထွက်လာကြပြန်ရာ စစ်သူကြီးက ပေါလုကို ရဲတိုက်ထဲသွင်းစေ၏။ ပေါလုအရိုက်ခံရဆဲဆဲတွင် သူက “ရောမလူဖြစ်သောသူကို ဓမ္မသတ်အတိုင်းမစီရင်ဘဲလျက်၊ သင်တို့သည်ရိုက်ရသလော” ဟုဆို၏။—တမန်တော် ၂၁:၂၇–၂၂:၂၉။

နောက်တစ်နေ့တွင် စစ်သူကြီးသည် ပေါလုကို ဂျူးအထက်တရားရုံး၊ ဆဲန်ဟီဒရင်ရှေ့ ခေါ်ဆောင်သွားသည်။ သူတို့ကို ဂရုစိုက်ကြည့်လိုက်ရာ ဆဲန်ဟီဒရင်အဖွဲ့ဝင်များတွင် ဇဒ္ဒုကဲများနှင့် ဖာရိရှဲများပါကြောင်း ပေါလုသတိပြုခဲ့သည်။ ထိုအခါ သူဤသို့ဆိုလေသည်– “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည်ထမြောက်မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏။” ယင်းကြောင့် ဖာရိရှဲများနှင့် ဇဒ္ဒုကဲများ ပြင်းပြင်းထန်ထန် သဘောထားကွဲလွဲကြကုန်၏၊ “ကွဲပြားသည်အကြောင်းကား၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်မရှိ၊ . . . ဝိညာဉ်မရှိဟုယူကြ၏။ ဖာရိရှဲတို့က နှစ်ပါးစလုံးရှိသည်ဟုဝန်ခံကြ၏။” ဖာရိရှဲဘက်တော်သားအချို့က “ဤသူ၌အဘယ်အပြစ်ကိုမျှငါတို့မတွေ့” ဟု ပြင်းထန်စွာငြင်းခုံလေ၏။—တမန်တော် ၂၃:၆-၁၀။

ပေါလုသည်အလွန်စိတ်ထက်သန်သော ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း လူသိများရာ မိမိသည် တက်ကြွသော ဖာရိရှဲဂိုဏ်းဝင်တစ်ဦးဖြစ်သည်ဟု ဆဲန်ဟီဒရင်အား အယုံသွင်းနိုင်မည်မဟုတ်ချေ။ ထိုတွင်ရှိနေသော ဖာရိရှဲများကလည်း ဟိုလိုလိုဒီလိုလိုလူစားမျိုးကို လက်ခံလိမ့်မည်မဟုတ်။ ထို့ကြောင့် ဖာရိရှဲဖြစ်သည်ဟု ပေါလုဆိုခဲ့ခြင်းတွင် အတိုင်းအတာရှိရပေမည်၊ ထိုတွင်ရှိ ဖာရိရှဲများသည်လည်း ပေါလု၏စကားကို ထိုအတိုင်း နားလည်ခဲ့ကြပေမည်။

သေသောသူတို့သည်ထမြောက်မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့် စစ်ကြောစီရင်ခံနေရသည်ဟု ပေါလုဆိုရာတွင် သူသည် ဤအချက်တွင် ဖာရိရှဲများနှင့်တူသည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုအကြောင်း အငြင်းပွားမှုဖြစ်တိုင်း ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကိုမယုံသော ဇဒ္ဒုကဲများနှင့်မတူ ဖာရိရှဲများနှင့်တူနေသည်။

ခရစ်ယာန်တစ်ဦးအနေနှင့် ပေါလု၏ယုံကြည်ချက်များသည် ဖာရိရှဲများယုံကြည်သော ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်တမန်များနှင့် ပညတ်တရားပါ အချို့သောအချက်များနှင့် ကွဲပြားဆန့်ကျင်ခြင်းမရှိပါ။ (ဖိလိပ္ပိ ၃:၅) ထို့ကြောင့် ဤအတိုင်းအတာအတွင်း ပေါလုသည် ဖာရိရှဲများနှင့်တူနိုင်သည်၊ ဆဲန်ဟီဒရင်ရှိ ဖာရိရှဲများကလည်း သူ၏စကားကို ထိုအတိုင်းနားလည်ခဲ့ကြပါသည်။ ပေါလုသည် အစွဲရှိသော ဂျူးတရားရုံးချုပ်နှင့် အချေအတင်ပြောဆိုချိန်တွင် သူ၏နောက်ခံကို အသုံးချခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ယေဟောဝါ၏မျက်နှာသာကို ပေါလုဆက်လက်ရရှိထားခြင်းက သူ၏ယုံကြည်ခြင်းကို အလျှော့ပေးလိုက်လျောခြင်းမပြုခဲ့ကြောင်း သက်သေထူ၏။ အဆိုပါထွက်ဆိုချက်ကို ပေါလုပြောပြီး နောက်တစ်ညတွင် ယေရှုက “အားယူလော့။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌သက်သေခံပြီးသည်နည်းတူ ရောမမြို့၌လည်းခံရလေဦးမည်” ဟုမိန့်တော်မူ၏။ ယေဟောဝါ၏နှစ်သက်လက်ခံမှုကို ပေါလု ဆက်ရရှိထားသည်ဖြစ်ရာ သူ၏ခရစ်ယာန်ယုံကြည်ခြင်းကို အလျှော့ပေးလိုက်လျောခြင်းမပြုခဲ့ဟု ကျွန်ုပ်တို့ကောက်ချက်ချရပေမည်။—တမန်တော် ၂၃:၁၁၊ သမ္မာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ