ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၂/၁ စာ. ၃
  • အာမဂေဒုန်—ရုတ်တရက်ကမ္ဘာကုန်ခြင်းလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာမဂေဒုန်—ရုတ်တရက်ကမ္ဘာကုန်ခြင်းလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာမဂေဒုန်ကို လူတချို့ ဘယ်လိုယူမှတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • အာမဂေဒုန်—ပျော်ရွှင်ဖွယ်ကောင်းသောအစ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၂/၁ စာ. ၃

အာမဂေဒုန်—ရုတ်တရက်ကမ္ဘာကုန်ခြင်းလော

အာမဂေဒုန်။ ဤစကားလုံးက အစုလိုက်အပြုံလိုက်ပျက်စီးခြင်း သို့မဟုတ် စကြဝဠာလောင်ကျွမ်းပျက်စီးခြင်းဆိုင်ရာ ပုံရိပ်များကို မြင်ယောင်စေသလော။ ကမ္ဘာ့ဒေသအတော်များများတွင် နေ့စဉ်သုံးစကားဖြစ်လာသည့် “အာမဂေဒုန်” ကဲ့သို့သော ကျမ်းစာအသုံးအနှုန်းများ မရှိသလောက်ပင်။ လူသားတို့ရင်ဆိုင်ရမည့် ဝမ်းနည်းဖွယ်အလားအလာကို ဖော်ပြရန် ထိုစကားလုံးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြပြီ။ လာအံ့ဆဲဆဲ “အာမဂေဒုန်” ၏ထိတ်လန့်ဖွယ်မြင်ကွင်းများနှင့်စပ်လျဉ်း၍ ဖျော်ဖြေရေးလုပ်ငန်းတွင် လူ့စိတ်ကူးစိတ်သန်းများနှင့် ပြည့်နေသည်။ ထိုစကားလုံးသည် နက်နဲသောလျှို့ဝှက်ချက်များနှင့် တလွဲရှုမြင်ချက်များဖြင့် လွှမ်းနေသည်။ အာမဂေဒုန်၏အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ ယူဆချက်များစွာရှိသော်လည်း အများစုမှာ ၎င်းအသုံးအနှုန်း၏ရင်းမြစ်ဖြစ်သော ကျမ်းစာသွန်သင်ရာနှင့် မကိုက်ညီပါ။

သမ္မာကျမ်းစာက အာမဂေဒုန်ကို “ကမ္ဘာကုန်” ခြင်းနှင့်ဆက်စပ်ထားရာ ထိုစကားလုံး၏ အဓိပ္ပာယ်မှန်ကို ရှင်းရှင်းလင်းလင်းနားလည်ရန် အရေးကြီးကြောင်း သင်သဘောမတူပေလော။ (မဿဲ ၂၄:၃) ထို့ပြင် အာမဂေဒုန်သည် အဘယ်အရာဖြစ်ကြောင်း အဖြေရှာရန် အမှန်တရား၏အဓိကရင်းမြစ်ဖြစ်သော သမ္မာကျမ်းစာကို သုံးသပ်ခြင်းက ကျိုးကြောင်းညီသည်မဟုတ်ပေလော။ ယင်းသည် သင်နှင့် သင့်မိသားစုအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

ထိုသို့ဆန်းစစ်ကြည့်ခြင်းက အာမဂေဒုန်သည် ရုတ်တရက်ကမ္ဘာကုန်ခြင်းဖြစ်မည့်အစား ဖြောင့်မတ်သောကမ္ဘာသစ်တွင် အသက်ရှင်နေထိုင်လိုသူများအတွက် ပျော်ရွှင်ဖွယ်ကောင်းသောအစဖြစ်ကြောင်း သိစေမည်။ နောက်ဆောင်းပါးတွင်ဆွေးနွေးထားသော အာမဂေဒုန်၏ဆိုလိုရင်းအမှန်ကို သင်သုံးသပ်သည်နှင့်အမျှ အရေးပါသော ကျမ်းဆိုင်ရာအမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်လာပါလိမ့်မည်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အာမဂေဒုန်ကို အဘယ်အရာဟု သင်ထင်သနည်း

• နျူကလီးယား မီးလောင်တိုက်သွင်းခြင်း

• ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်

• ကမ္ဘာနှင့်ဂြိုဟ်တစ်လုံး တိုက်မိခြင်း

• ဆိုးယုတ်မှုကို ဘုရားသခင်ဖျက်ဆီးခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ