ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၀/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယေရှုခရစ်တော်သည် မည်သို့အားဖြင့် မောရှေကဲ့သို့သော ဖရောဖက်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သင် ဘယ်ကို မျှော်ကြည့်နေသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၀/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

တရားဟောရာ ၃၁:၂ တွင် မောရှေသည် ဣသရေလခေါင်းဆောင်တစ်ဦးအဖြစ် “ထွက်ဝင်ခြင်းငှာ နောက်တစ်ဖန်မတတ်နိုင်” ဟုဆိုထားသော်လည်း ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် ဣသရေလခေါင်းဆောင်တစ်ဦးအဖြစ် လုပ်ဆောင်ခွင့်မပြုဟု အဘယ်ကြောင့်ဆိုထားသနည်း။

မေးခွန်းတွင်ပါသော ဟေဗြဲစကားလုံးကို အဓိပ္ပာယ်နှစ်မျိုးပြန်ဆိုနိုင်သော်လည်း ဘာသာပြန်ကျမ်းအချို့က မောရှေသည် အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်လာသောကြောင့် ခေါင်းဆောင်တာဝန်ကို မထမ်းဆောင်နိုင်တော့ခြင်းဖြစ်သည်ဟု ဖော်ပြကြသည်။ ဥပမာ၊ ခေတ်သုံးမြန်မာသမ္မာကျမ်းက မောရှေ၏စကားကို ဤသို့ဖော်ပြသည်– “ယခု ငါသည် အသက်တစ်ရာ့နှစ်ဆယ်ရှိပြီဖြစ်၍ သင်တို့အား ဆက်လက်ခေါင်းဆောင်နိုင်တော့မည်မဟုတ်။” အလားတူ၊ သမာကျမ်းတွင် ဤသို့ဆို၏– “ငါသည် ယနေ့ အသက်တစ်ရာ့နှစ်ဆယ်ပြည့်၍ ချီဝင်ခြင်း၊ ချီထွက်ခြင်းကို ဆက်လက်ပြုနိုင်တော့မည်မဟုတ်။”

သို့သော် တရားဟောရာ ၃၄:၇ က မောရှေသည် အသက်ကြီးပြီဖြစ်သော်လည်း အိုမင်းမစွမ်းမဖြစ်သေးဟု ဖော်ပြသည်။ ထိုတွင်ဤသို့ဆို၏– ‘မောရှေသည် ကွယ်လွန်သောအခါ အသက်တစ်ရာ့နှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်သေး။ ခွန်အားလည်းမလျော့သေး။’ ထို့ကြောင့် မောရှေသည် ဣသရေလလူမျိုးကို ဦးဆောင်နိုင်စွမ်းရှိသည်။ သို့သော် မောရှေဆက်ဦးဆောင်ဖို့ ယေဟောဝါအလိုတော်မရှိပေ။ ယင်းကို မောရှေဆက်ပြောသော ဤစကားကဖော်ပြ၏– ‘ထာဝရဘုရားသခင်ကလည်း “သင်သည် ယော်ဒန်မြစ်ကိုမကူးရ” ဟုမိန့်တော်မူပြီ။’ ယေဟောဝါသည် မေရိဘအရပ်၌ မိန့်တော်မူသောစကားကို ပြန်ပြောဆိုနေခြင်း ဖြစ်ပုံရသည်။—တောလည်ရာ ၂၀:၉-၁၂။

မောရှေသည် အသက်ရှည်ရှည်နေခဲ့ရပြီး ဘဝတွင် ထူးခြားသောဖြစ်ရပ်များကို တွေ့ ကြုံခဲ့ရသည်။ သူ့အသက်တာကို သုံးပိုင်းပိုင်းခြားနိုင်သည်။ အီဂျစ်ပြည်တွင် အနှစ် ၄၀ နေထိုင်ခဲ့ပြီး ထိုတွင် “အဲဂုတ္တုအတတ်ပညာ အလုံးစုံတို့ကိုသင်၍ နှုတ်သတ္တိ၊ လက်သတ္တိ” ရှိသူဖြစ်သည်။ (တမန်တော် ၇:၂၀-၂၂) ထို့နောက် မိဒျန်ပြည်တွင် အနှစ် ၄၀ နေထိုင်ခဲ့သည်။ ထိုတွင် ယေဟောဝါ၏လူမျိုးတော်ကို ဦးဆောင်ရန် လိုအပ်သည့်ဝိညာဉ်ရေးအရည်အသွေးများကို သင်ယူခဲ့သည်။ နောက်ဆုံးတွင် ဣသရေလလူမျိုးကို အနှစ် ၄၀ ဦးဆောင်အုပ်ချုပ်ခဲ့သည်။ သို့သော် ယခု ယော်ဒန်မြစ်ကိုဖြတ်ပြီး ဣသရေလလူမျိုးကို ကတိထားရာပြည်တော်ထဲ ဦးဆောင်ခေါ်သွားမည့်သူမှာ မောရှေမဟုတ်ဘဲ ယောရှုဖြစ်သည်ဟု ယေဟောဝါဆုံးဖြတ်ခဲ့၏။—တရားဟောရာ ၃၁:၃။

ထို့ကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းက တရားဟောရာ ၃၁:၂ ၏အဓိပ္ပာယ်အမှန်ကို ဖော်ပြပေးသည်။ မောရှေသည် ကာယစွမ်းရည်မရှိသောကြောင့် ဣသရေလလူမျိုး၏ခေါင်းဆောင်အဖြစ် ဆက်မလုပ်နိုင်ခြင်းမဟုတ်ဘဲ ယေဟောဝါခွင့်မပြုသောကြောင့် ဆက်မလုပ်နိုင်ခြင်းဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ