ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၁/၁ စာ. ၃
  • အားထား၍မရသော “ပညာရှင်များ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အားထား၍မရသော “ပညာရှင်များ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာအုပ်များတွင် လမ်းညွှန်မှုရှာခြင်း
  • အကြံဉာဏ်ကောင်းရယူပါ
    နိုးလော့!—၂၀၀၇
  • သားသမီးမွေးမြူရေးအတွက် ယုံကြည်အားထားရသောလမ်းညွှန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဖိစီးမှု အောက်ရှိ မိဘများ
    နိုးလော့!—၁၉၉၈
  • မိခင်ဘဝ၏ တန်းကျော်ပြေးပွဲ
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၁/၁ စာ. ၃

အားထား၍မရသော “ပညာရှင်များ”

ယနေ့ခေတ်တွင် သားသမီးမွေးမြူရေးနှင့်ပတ်သက်သော လမ်းညွှန်ချက်များကို အင်တာနက်တွင်ရှာဖွေကြည့်ပါက အကြောင်းအရာပေါင်း ၂၆ သန်းကျော်ကို သင်တွေ့ရှိနိုင်သည်။ တစ်ခုစီကို တစ်မိနစ်မျှ အချိန်ပေးဖတ်ရှုလျှင်ပင် အားလုံးအပြီးဖတ်နိုင်ရန် နှစ်ပေါင်းများစွာ ကြာညောင်းလိမ့်မည်။

ကလေးအထူးကုဆရာဝန်များ၊ ကလေးဆိုင်ရာ စိတ်ပညာရှင်များနှင့် အင်တာနက်စသည်တို့မရှိမီက မိဘများသည် မည်သည့်နေရာမှ လမ်းညွှန်မှုရရှိကြသနည်း။ အများအားဖြင့် ဆွေမျိုးအသိုင်းအဝိုင်းများထံမှဖြစ်သည်။ မိခင်၊ ဖခင်၊ အဒေါ်၊ ဦးလေးတို့က လိုလိုလားလား လမ်းညွှန်ပေးကြ၊ ငွေကြေးအကူအညီပေးကြပြီး ကလေးထိန်းပေးကြသည်။ သို့သော် နိုင်ငံများစွာတွင် ကျေးလက်နေလူထုသည် မြို့ကြီးများသို့ ပြောင်းရွှေ့လာကြရာ ထိုသို့သောမိသားစုအနှောင်အဖွဲ့များ လုံးဝပြတ်တောက်လုနီးပါးဖြစ်ခဲ့သည်။ ယနေ့ မိခင်ဖခင်များသည် မိဘဖြစ်ခြင်း၏စိန်ခေါ်ချက်များကို မိမိတို့ဘာသာ ဖြေရှင်းနေကြရသည်။

ယင်းက ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ တစ်ရှိန်ထိုးတိုးများလာခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်၏။ နောက်အကြောင်းရင်းတစ်ခုမှာ သိပ္ပံပညာကို ပို၍ယုံကြည်လက်ခံလာသောကြောင့်ဖြစ်သည်။ ၁၈၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် အမေရိကန်ပြည်သူများက သိပ္ပံပညာသည် လူ့ဘဝကဏ္ဍတိုင်းကို တိုးတက်စေနိုင်သည်ဟု ယုံကြည်လာကြ၏။ ယင်းတွင် ကလေးပြုစုပျိုးထောင်ရေးလည်း ပါဝင်သည်။ ထို့ကြောင့် ၁၈၉၉ ခုနှစ်တွင် မိခင်များဆိုင်ရာ အမေရိကန်အမျိုးသားကွန်ဂရက်က “မိဘများ အရည်အချင်းမပြည့်မီ” ခြင်းကို လူသိရှင်ကြားညည်းညူမြည်တမ်းခဲ့ရာ “သိပ္ပံပညာရှင်” များစွာက အကူအညီပေးမည်ဟု ချက်ချင်းကမ်းလှမ်းလာကြသည်။ သားသမီးမွေးမြူရေးတွင် ရုန်းကန်နေရသည့် မိခင်ဖခင်များကို ကူညီပေးမည်ဟု သူတို့ကတိပေးကြ၏။

စာအုပ်များတွင် လမ်းညွှန်မှုရှာခြင်း

သို့တိုင် ထိုပညာရှင်များ အဘယ်အရာကို ပြီးမြောက်စေခဲ့ပြီနည်း။ ယနေ့ မိဘများသည် ယခင်ကထက် ပြဿနာများလျော့နည်းလာပြီး သားသမီးမွေးမြူရေးတွင် ပို၍အရည်အချင်းပြည့်မီလာကြသလော။ ဗြိတိန်နိုင်ငံတွင် မကြာသေးမီက ကောက်ခံခဲ့သော မဲဆန္ဒအရ လုံးဝမဟုတ်ပါ။ မိဘ ၃၅ ရာခိုင်နှုန်းသည် မိမိတို့သားသမီးအတွက် ယုံကြည်အားထားနိုင်သော လမ်းညွှန်မှုရှာဆဲဖြစ်သည်ဟု ယင်းက ဖော်ပြသည်။ အခြားသူများကမူ မိမိတို့၏ ပင်ကိုအသိဉာဏ်ကိုသာ အားထားရတော့မည်ဟု ယူမှတ်ကြသည်။

Raising America: Experts, Parents, and a Century of Advice About Children (အမေရိကကိုပြုစုပျိုးထောင်ခြင်း– ပညာရှင်များ၊ မိဘများနှင့် ကလေးများအတွက် အကြံပြုရာစုနှစ်) စာအုပ်တွင် အန်းဟဲလ်ဘတ်က ကလေးပြုစုပျိုးထောင်ခြင်းနှင့်ပတ်သက်သော ပညာရပ်စာပေသမိုင်းကို လေ့လာခဲ့သည်။ ကလေးနှစ်ဦး၏မိခင်ဖြစ်သူ ဟဲလ်ဘတ်က ပညာရှင်များ၏ ဖော်ပြချက်အနည်းငယ်သာ ခိုင်လုံသောသိပ္ပံပညာပေါ် အခြေပြုထားသည်ဟု ပြောဆိုခဲ့သည်။ အမှန်မှာ ဖြစ်ရပ်မှန်ပေါ်အခြေပြုသော အချက်အလက်များထက် သူတို့၏ဘဝအတွေ့အကြုံက သူတို့၏လမ်းညွှန်ချက်ကို လွှမ်းမိုးထားပုံရသည်။ ပြန်သုံးသပ်ကြည့်လျှင် သူတို့၏ရေးသားချက်အများစုသည် အခိုက်အတန့်သာ တွင်ကျယ်ပြီး ဆီလျော်မှုမရှိသည့်အပြင် တစ်ခါတစ်ရံ အလွန်အူကြောင်ကြောင်နိုင်သည်။

ထို့ကြောင့် ယနေ့ မိဘများ၏အခြေအနေ မည်သို့ရှိသနည်း။ အမှန်ဆိုရလျှင် ယခင်ကထက်ပိုများသော လမ်းညွှန်ချက်များ၊ ထင်မြင်ချက်များနှင့် အချေအတင်ပြောဆိုမှုများကြောင့် မိဘများ စိတ်ရှုပ်ထွေးလာကြသည်။ သို့သော် လမ်းညွှန်မှုမရှိတော့ဟု မိဘအားလုံး ယူဆကြသည်မဟုတ်ပေ။ ကမ္ဘာတစ်ဝန်းရှိ မိဘများစွာသည် ဉာဏ်ပညာ၏ ရှေးကျသောရင်းမြစ်မှ အကျိုးခံစားခဲ့ရပြီ၊ နောက်ဆောင်းပါးတွင် တွေ့ရမည့်အတိုင်း ယင်းသည် ယုံကြည်အားထားရသော လမ်းညွှန်မှု၏ ရင်းမြစ်ဖြစ်နေဆဲပင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ