ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၁/၁၅ စာ. ၈-၉
  • “ရဲရင့်သောစိတ်” နှင့် စေ့စေ့စပ်စပ်သက်သေခံခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ရဲရင့်သောစိတ်” နှင့် စေ့စေ့စပ်စပ်သက်သေခံခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူအုပ်နှင့်တိုက်ခိုက်ခံရငြား မဆီးတားနိုင်
  • ရောက်ရန်ခက်ခဲသောပရိသတ်များထံ ဟောပြောခြင်း
  • ယေဟောဝါ၏နိုင်ငံတော်အကြောင်း ရဲရင့်စွာ ကြေညာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “သတ္တိရှိပါ”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • “ကဲသာဘုရင်၏အယူတော်ကို ခံပါမည်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အစိုးရအရာရှိတွေရှေ့ သတင်းကောင်းကို ခုခံကာကွယ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၁/၁၅ စာ. ၈-၉

“လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏”

“ရဲရင့်သောစိတ်” နှင့် စေ့စေ့စပ်စပ်သက်သေခံခြင်း

ကြမ်းတမ်းရမ်းကားသောအုပ်စုတစ်စုသည် ဘုရားသခင်ကိုနာခံသော ကျေးကျွန်တစ်ဦးအား သေသည့်အထိရိုက်ရန် အသင့်ဖြစ်နေကြသည်။ သို့သော် ရောမစစ်သားများသည် ထိုလူကို တိုက်ခိုက်သူများလက်မှ အချိန်မီကယ်တင်လိုက်ပြီး သူ့ကို ထိန်းသိမ်းထားလိုက်သည်။ ယင်းသည် ငါးနှစ်ခန့်ကြာသော ဆက်တိုက်အဖြစ်အပျက်တစ်ခု၏ အစဖြစ်သည်။ အကျိုးဆက်အနေနှင့် ရောမအရာရှိကြီးများစွာသည် ယေရှုခရစ်အကြောင်းကို ကြားသိခွင့်ရကြသည်။

တိုက်ခိုက်ခံရသူမှာ တမန်တော်ပေါလုဖြစ်သည်။ အေဒီ ၃၄ ခန့်တွင် ယေရှုက မိမိ၏နာမတော်ကို “ရှင်ဘုရင်တို့” ထံ ပေါလု (ရှောလု) ဟောပြောကြေညာမည်ဟု ဖော်ပြခဲ့သည်။ အေဒီ ၅၆ တွင် ယင်းသို့မဖြစ်သေးပါ။ သို့သော် တမန်တော်၏တတိယအကြိမ် ခရစ်ယာန်သာသနာပြုခရီးစဉ် ပြီးဆုံးခါနီးတွင် အခြေအနေများ ပြောင်းလဲတော့မည်။

လူအုပ်နှင့်တိုက်ခိုက်ခံရငြား မဆီးတားနိုင်

ပေါလုသည် ယေရုရှလင်သို့ဆက်သွားနေစဉ် ပြင်းထန်သောညှဉ်းပန်းနှိပ်စက်မှု စောင့်ကြိုနေကြောင်း “ဝိညာဉ်တော်အားဖြင့်” ခရစ်ယာန်အချို့က သတိပေးကြသည်။ ပေါလုဤသို့ ရဲရင့်စွာပြောသည်– “သခင်ယေရှု၏နာမတော်ကြောင့် ယေရုရှလင်မြို့၌ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင်ခံခြင်းငှာ ငါအသင့်ရှိသည်။” (တမန်တော် ၂၁:၂-၁၄) ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်သို့ ပေါလုလည်ပတ်သည်နှင့် အာရှပြည်တွင် တမန်တော်၏ဧဝံဂေလိလုပ်ငန်း အောင်မြင်မှုရှိကြောင်း သိကျွမ်းနေကြသော ထိုပြည်မှဂျူးတို့က သူ့ကိုသတ်ရန် လူအုပ်ကို လှုံ့ဆော်ကြသည်။ ရောမစစ်သားများသည် သူ့ကို ကူညီပေးရန် ချက်ချင်းရောက်လာကြသည်။ (တမန်တော် ၂၁:၂၇-၃၂) ထိုသို့ကယ်တင်ခံလိုက်ရခြင်းက ပေါလုအား ရန်လိုသောလူအုပ်နှင့် အရာရှိကြီးများထံ ခရစ်တော်နှင့်ပတ်သက်သော အမှန်တရားကိုကြေညာရန် အထူးအခွင့်အရေးရရှိစေသည်။

ရောက်ရန်ခက်ခဲသောပရိသတ်များထံ ဟောပြောခြင်း

အဲန်တိုနီးယားရဲတိုက်ဟု လူသိများသော ခံတပ်အဆောက်အအုံရှိ လှေကားထစ်များသို့ ပေါလု၏ လုံခြုံမှုအတွက်ဆွဲခေါ်သွားခဲ့သည်။a တမန်တော်သည် ထိုလှေကားထစ်များမှနေ၍ ဆူပူနေသောဘာသာရေးလူစုအား အားပါသောသက်သေခံချက်ကို ပေးသည်။ (တမန်တော် ၂၁:၃၃–၂၂:၂၁) သို့သော် တစ်ပါးအမျိုးသားများထံ ဟောပြောရန် မိမိတာဝန်ရထားကြောင်း ပြောပြသည်နှင့် ဆူပူမှုတစ်ဖန်ဖြစ်ပြန်သည်။ ပေါလုအား ဂျူးများစွပ်စွဲရသည့်အကြောင်းရင်းကိုသိဖို့ သူ့ကို ရိုက်နှက်စစ်ဆေးရန် စစ်သူကြီးလုသိက အမိန့်ပေးသည်။ သို့သော် ပေါလုက မိမိသည် ရောမနိုင်ငံသားဖြစ်ကြောင်း အသိပေးလိုက်သောအခါ ရိုက်နှက်မခံရတော့ပေ။ နောက်နေ့တွင် လုသိသည် ပေါလုအား ဂျူးများစွပ်စွဲရသည့်အကြောင်းကို သိရှိရန် သူ့ကို ဆဲန်ဟီဒရင်ရှေ့ခေါ်သွားလေသည်။—တမန်တော် ၂၂:၂၂-၃၀။

ဤအထက်တရားရုံးရှေ့မှောက် ပေါလုသည်ရပ်လျက် ဂျူးအမျိုးသားချင်းများကို သက်သေခံရန် နောက်ထပ်အခွင့်အရေးကောင်း ရရှိပြန်သည်။ ကြောက်ရွံ့ခြင်းမရှိသော ဤဧဝံဂေလိဟောပြောသူသည် ရှင်ပြန်ထမြောက်ခြင်းကို မိမိယုံကြည်ကြောင်း ကြေညာလေသည်။ (တမန်တော် ၂၃:၁-၈) ဂျူးများ၏မုန်းတီးသတ်ဖြတ်လိုစိတ်သည် တင်းမာနေဆဲဖြစ်ပြီး ပေါလုကိုတပ်စခန်းတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ နောက်နေ့ညတွင် ဤအားတက်ဖွယ်အာမခံချက်ကို သခင်ဘုရားထံမှ သူရရှိသည်– “မစိုးရိမ်နှင့်။ ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌လည်းခံရလေဦးမည်။”—တမန်တော် ၂၃:၉-၁၁။

ပေါလုကို ယုဒပြည်နယ်ဆိုင်ရာ ရောမအုပ်ချုပ်ရေးမြို့တော် ကဲသရိမြို့သို့ တိတ်တဆိတ်အလျင်အမြန်ခေါ်ထုတ်သွားချိန်တွင် တမန်တော်ကို သတ်ရန် ကြိုတင်ကြံစည်ခဲ့ကြသည်။ (တမန်တော် ၂၃:၁၂-၂၄) ကဲသရိမြို့တွင် ထပ်ဆင့်တန်ဖိုးရှိအခွင့်အရေးများရရှိရာ ပေါလုသည် “ရှင်ဘုရင်တို့” ကို သက်သေခံလေသည်။ သို့သော် တမန်တော်က မိမိကို စွပ်စွဲရသည့်အထောက်အထားမရှိကြောင်း ဖေလဇ်မင်းထံ ဦးစွာတင်ပြ၏။ နောက်ပိုင်းတွင် ပေါလုသည် ဖေလဇ်မင်းနှင့် သူ့ဇနီးဒြုသိလေကို ယေရှု၊ စိတ်ချုပ်တည်းခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းတို့ကို ဟောပြောလေသည်။ သို့သော် ဖေလဇ်မင်းသည် သူဘယ်တော့မျှမရခဲ့သော လာဘ်ထိုးမှုကို မျှော်လင့်နေသောကြောင့် ပေါလုသည် နှစ်,နှစ်ထောင်ချခံရသည်။—တမန်တော် ၂၃:၃၃–၂၄:၂၇။

ဖေလဇ်မင်း၏အရာကို ဖေတ္တုမင်းကဆက်ခံသောအခါ ဂျူးများသည် ပေါလုအား ပြစ်ဒဏ်စီရင်၍သေဒဏ်ချမှတ်ရန် သူတို့၏အားထုတ်မှုကို တစ်ဖန်ကြိုးစားပြန်၏။ အမှုကို ကဲသရိမြို့တွင် ပြန်ကြားနာခဲ့ပြီး ယင်းအမှုကို ယေရုရှလင်မြို့သို့ မလွှဲပြောင်းစေရန် ပေါလုက ဤသို့ဆိုသည်– “ကဲသာဘုရင်၏တရားပလ္လင်ရှေ့မှာ အကျွန်ုပ်ရပ်ပါ၏။ . . . ကဲသာဘုရင်၏အယူတော်ကိုခံပါမည်။” (တမန်တော် ၂၅:၁-၁၁၊ ၂၀၊ ၂၁) နောက်ပိုင်းတွင် တမန်တော်သည် မိမိအမှုကို ဘုရင်ဟေရုဒ်အဂြိပ္ပ ၂ ထံတင်ပြပြီးနောက် ဘုရင်က ဤသို့ဆိုသည်– “သင်သည်ဖြားယောင်းသွေးဆောင်သောအားဖြင့် ငါသည်ခရစ်ယာန်ဖြစ်လုပြီ။” (တမန်တော် ၂၆:၁-၂၈) အေဒီ ၅၈ ခန့်တွင် ပေါလုကို ရောမသို့ ပို့ခဲ့၏။ ထိုတွင်အကျဉ်းသားတစ်ဦးအနေနှင့် ကြံဖန်တတ်သောတမန်တော်သည် ခရစ်တော်အကြောင်းဟောပြောရန် နှစ်,နှစ်ကျော် နည်းလမ်းများဆက်ရှာဖွေသည်။ (တမန်တော် ၂၈:၁၆-၃၁) နောက်ဆုံး၌ ပေါလုသည် ဧကရာဇ်နီရိုရှေ့ရောက်ခဲ့ပုံရှိပြီး အပြစ်မရှိကြောင်း ကြေညာခံရကာ နောက်ဆုံးတွင် လွတ်လပ်သူတစ်ဦးအနေနဲ့ သူ၏ခရစ်ယာန်သာသနာပြုလုပ်ငန်းကို ပြန်လုပ်ဆောင်နိုင်ခဲ့သည်။ အခြားမည်သည့်တမန်တော်မျှ ထိုသို့သောထင်ပေါ်ကျော်စောသူတို့ထံ သတင်းကောင်းဝေမျှရန် အခွင့်အရေးရရှိသည်ဟူ၍ မှတ်တမ်းမရှိပါ။

အထက်တွင်ဖော်ပြသည့်အတိုင်း တမန်တော်ပေါလုသည် ဂျူးတရားရုံးရှေ့ သူ၏ခရစ်ယာန်ယုံကြည်သူချင်းများ ဖော်ပြခဲ့သည့် အရေးပါသောမူနှင့်အညီ အသက်ရှင်နေထိုင်ခဲ့သည်။ ယင်းမူမှာ “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဖြစ်သည်။ (တမန်တော် ၅:၂၉) ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းပါတကား! သူ့ကို ရပ်တန့်စေရန် လူ့ကြိုးစားအားထုတ်မှုများ အဆက်မပြတ်ရှိသော်လည်း တမန်တော်သည် စေ့စေ့စပ်စပ်သက်သေခံရန် ဟူသောပညတ်ကို အပြည့်အဝလိုက်နာခဲ့သည်။ ထိုသို့ ဘုရားသခင်အား မယိမ်းမယိုင်နာခံမှုတင်ပြသောကြောင့် ပေါလုသည် “တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့လည်းကောင်း” ယေရှု၏နာမတော်ကို ကြေညာရန် “ရွေးကောက်သောတန်ဆာ” အဖြစ် မိမိ၏တာဝန်ကို ကျေပွန်ခဲ့သည်။—တမန်တော် ၉:၁၅။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ၏ ၂၀၀၆ ခုနှစ်ပြက္ခဒိန်၊ နိုဝင်ဘာ/ဒီဇင်ဘာကိုရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ပေါလုသည် မိမိကိုယ်ကို ကာကွယ်ဖို့လောက်သာ စိတ်ဝင်စားခဲ့သလော

ဤမေးခွန်းကိုဖြေဆိုရာတွင် စာရေးဆရာ ဘင် ဝိသာရင်တန် ၃ က ဤသို့ရေးသည်– “ပေါလု၏ . . . ရှုထောင့်မှကြည့်သော် အရေးကြီးသောအချက်မှာ မိမိကိုယ်ကိုကာကွယ်ရန် ပေါလုအတွက် အဓိကမဟုတ်ပါ။ ယင်းအစား ဂျူးနှင့်တစ်ပါးအမျိုးသား အခွင့်အာဏာရှိသူများထံ . . . သတင်းကောင်းကို ဟောပြောသက်သေခံရန်ဟူသောအချက်သည် သူ့အတွက်အရေးကြီး၏။ အမှန်တကယ် ရုံးတင်ခံနေရသည့်အရာမှာ သတင်းကောင်းဖြစ်သည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ