ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၂/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အန္တိခရစ်ဆိုတာ ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အန္တိခရစ်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • အန္တိခရစ်ဆိုတာ ဘယ်သူလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အန္တိခရစ် ဖော်ထုတ်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၂/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များ ဖတ်ရှုရသည်ကို သင်နှစ်သက်ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• သင်ချစ်ရသူတစ်ဦး ယေဟောဝါကို ကျောခိုင်းသွားသောအခါ အဘယ်အရာက သင့်ကို ကူညီပေးနိုင်သနည်း။

မိမိကိုယ်ကိုနှင့် တည်ကြည်သော အခြားမိသားစုဝင်များကို အားပေးတည်ဆောက်ပါ။ ဝိညာဉ်ရေးလုပ်ဆောင်မှုများတွင် ဆက်ပါဝင်နေပါ။ အခြားသူတို့ကို ကူညီပေးနိုင်ရန် ကိုယ့်ကိုယ်ကို အသုံးတော်ခံပါ။ ချစ်ရသူသည် ပြန်လှည့်လာနိုင်သည်ဟူသော မျှော်လင့်ချက်ကို မစွန့်လွှတ်ပါနှင့်။ ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနှင့်။ ယေဟောဝါ၏ ဆုံးမပဲ့ပြင်မှုအစီအစဉ်ကို လေးစားပါ။ သင့်ခံစားချက်များကို မိတ်ဆွေများထံ ရင်ဖွင့်ပြောဆိုပါ။—၉/၁၊ စာမျက်နှာ ၁၈-၂၁။

• ကျမ်းစာတွင်ဖော်ပြသော အဘယ်နည်းနှစ်နည်းဖြင့် ‘နောက်ဆုံးကာလ’ ကို ခွဲခြားသိမြင်နိုင်သနည်း။

“ကမ္ဘာကုန်” ချိန်အတွင်း ဖြစ်ပျက်မည့်ဖြစ်ရပ်များကို သမ္မာကျမ်းစာတွင် ကြိုဟောထားသည်။ (မဿဲ ၂၄:၃၊ ၇၊ ၈; လုကာ ၂၁:၁၁) ထို့ပြင် ‘နောက်ဆုံးကာလ’ တွင် လူတို့၏ စရိုက်သဘောထားများ ပြောင်းလဲမည်ဟုလည်း ကျမ်းစာက ဖော်ပြသည်။ (၂ တိမောသေ ၃:၁-၅) ထူးခြားသည်မှာ ထိုအချိန်အတွင်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရမည်။—၉/၁၅၊ စာမျက်နှာ ၄-၆။

• ခရစ်ယာန်ယာဉ်မောင်းတစ်ဦးကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး အခြားသူများသေဆုံးသွားခဲ့လျှင် အသင်းတော်၌ မည်သည့်တာဝန်ရှိသနည်း။

သူသည် သေဆုံးမှုဖြစ်ပွားသော အခြေအနေကို လုံးဝမထိန်းချုပ်နိုင်သောကြောင့် သွေးပြစ်မသင့်ဟု ထိုအမှုကိုကိုင်တွယ်သော အကြီးအကဲများက ဆုံးဖြတ်ပေမည်။ သို့သော် သူသည် သွေးပြစ်ကျူးလွန်ပြီး နောင်တရပါက သူ့ကို ကျမ်းစာနှင့်အညီ ဆုံးမပဲ့ပြင်မည်၊ အသင်းတော်တာဝန်များကို ကန့်သတ်မည်ဖြစ်သည်။—၉/၁၅၊ စာမျက်နှာ ၃၀။

• ထာဝရအသက်သည် သိပ္ပံဆိုင်ရာတိုးတက်မှုများတွင် အဘယ်ကြောင့် မမူတည်သနည်း။

လူ့သက်တမ်းရှည်စေရန် ဆဲလ်အသစ်ပွားနှုန်း တိုးများစေခြင်း သို့မဟုတ် လူနာများနှင့်အထူးသင့်လျော်သော အင်္ဂါအသစ်များရရှိရန် ပုံတူမျိုးပွားခြင်းစသည့် သိပ္ပံဆိုင်ရာကြိုးပမ်းမှုများရှိပါသည်။ သို့သော် ယေရှု၏ရွေးနုတ်ဖိုးအားဖြင့်သာ လူသားများ ထာဝရအသက်ရရှိနိုင်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။—၁၀/၁၊ စာမျက်နှာ ၃-၅။

• ဂျူးတို့၏ဘာသာရေးထုံးတမ်းအရ ရေချိုးခြင်းသည် နှစ်ခြင်း၏ရှေ့ပြေးပုံရိပ်လော။

မဟုတ်ပါ။ ဂျူးတို့သည် ဘာသာရေးထုံးတမ်းအရ မိမိတို့ကိုယ်ကို သန့်ရှင်းစင်ကြယ်စေရန် ပြုကြသော်လည်း ယောဟန်ပေးသည့်နှစ်ခြင်းမှာမူ ထိုသို့မဟုတ်ပါ။ မောရှေပညတ်တောင်းဆိုသော သန့်ရှင်းစင်ကြယ်မှုသည် အကြိမ်ကြိမ်ပြုလုပ်ရပြီး ခရစ်ယာန်နှစ်ခြင်းမှာမူ တစ်ကြိမ်သာပြုရ၏။—၁၀/၁၅၊ စာမျက်နှာ ၁၂-၁၃။

• ဓမ္မအမှုသင်တန်းကျောင်းဟူသည် အဘယ်နည်း။

ယင်းသည် ရှစ်ပတ်ကြာသင်တန်းဖြစ်ပြီး သာ၍လိုအပ်သောနေရာတွင် အမှုဆောင်နိုင်သူ တစ်ကိုယ်ရေအကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအတွက်ဖြစ်သည်။ မိမိတို့အသင်းတော်တွင်ဖြစ်စေ၊ မိမိတို့နိုင်ငံရှိ အခြားအသင်းတော်တွင်ဖြစ်စေ၊ နိုင်ငံခြားတွင်ဖြစ်စေ ခန့်အပ်ခံရသည်။—၁၁/၁၅၊ စာမျက်နှာ ၁၀-၁၁။

• ၁ ယောဟန် ၂:၁၈; ၄:၃ တွင်ဖော်ပြထားသော အန္တိခရစ်သည် အဘယ်အရာ သို့မဟုတ် အဘယ်သူဖြစ်သနည်း။

ယေဘုယျအနေဖြင့် “အန္တိခရစ်” သည် ခရစ်တော် သို့မဟုတ် ကိုယ်တော်၏ကိုယ်စားလှယ်များကို ဆန့်ကျင်သူအားလုံး၊ ခရစ်တော် သို့မဟုတ် ကိုယ်တော်၏ကိုယ်စားလှယ် အတုအယောင်အားလုံးကို ဆိုလိုသည်။ ယေရှုနှင့် ယောဟန်တို့၏စကားအရ အန္တိခရစ်သည် ဘာသာရေးလှည့်ဖြားသူနှင့် ဘုရားသခင့်နိုင်ငံတော်ကို ဆန့်ကျင်သူဖြစ်ပြီး တစ်ဦးတစ်ယောက်မဟုတ်ဘဲ အန္တိခရစ်အများဖြစ်ကြောင်း ထင်ရှားသည်။—၁၂/၁၊ စာမျက်နှာ ၄-၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ