ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၂/၁၅ စာ. ၃
  • လှပသာယာသောမြေကမ္ဘာဝယ် ပျော်မွေ့ကြစို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လှပသာယာသောမြေကမ္ဘာဝယ် ပျော်မွေ့ကြစို့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏စကြဝဠာ မည်သို့ဖြစ်ပေါ်လာသနည်း—အငြင်းပွားမှု
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • တုနှိုင်းမရသော နေအဖွဲ့အစည်းဖြစ်ပေါ်လာပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဖန်ဆင်းနိုင်စွမ်းတန်ခိုး—‘ကောင်းကင်၊ မြေကြီးကိုဖန်ဆင်းတော်မူသောအရှင်’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ပြည့်စုံကောင်းမွန်သော ကမ္ဘာ့ “တည်နေရာ”
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၂/၁၅ စာ. ၃

လှပသာယာသောမြေကမ္ဘာဝယ် ပျော်မွေ့ကြစို့

လူသားတို့၏စံအိမ်သည် အပြောကျယ်လှသော စကြဝဠာတွင် မြူမှုန်ကလေးတစ်မှုန်မျှသာဖြစ်ကြောင်း နက္ခတ္တဗေဒပညာရှင်များ တွေ့မြင်ခဲ့ကြသည်။ စကြဝဠာတွင် ဤနေရာမှလွဲ၍ အခြားမည်သည့်နေရာတွင်မျှ သက်ရှိများကို မတွေ့ရပေ။ သက်ရှိများရှင်သန်နိုင်သည့် အခြေအနေမျိုး ဤကမ္ဘာဂြိုဟ်တွင်သာရှိသည်။

ထို့ပြင် လှပသာယာသော ဤကမ္ဘာမြေတွင် ကျွန်ုပ်တို့ အသက်ရှင်ပျော်မွေ့နိုင်ကြသည်။ ချမ်းစိမ့်စိမ့်နေ့တစ်နေ့တွင် နေရောင်ခြည်အနွေးဓာတ်ကို ခံစားရခြင်းက အလွန်နှစ်သက်ဖွယ်ပင်။ အရုဏ်ဦး သို့မဟုတ် နေဝင်ဆည်းဆာ၏အလှကို သဘောမကျသူ မည်သူရှိပါမည်နည်း။ နေသည် ကျွန်ုပ်တို့ကို သာယာကြည်နူးစေရုံသက်သက်မျှ မဟုတ်ပေ။ သက်ရှိများရှင်သန်နိုင်ရန် မရှိမဖြစ်လိုအပ်ရာဖြစ်သည်။

မရေမတွက်နိုင်သည့် နှစ်သန်းပေါင်းများစွာကပင် နေ၏ဒြပ်ဆွဲအားကြောင့် ကမ္ဘာနှင့် အခြားဂြိုဟ်များသည် တည်မြဲသောပတ်လမ်းတွင်ရှိကြသည်။ ကျောင်းတွင်သင်ခဲ့ရသည့်အတိုင်း နေအဖွဲ့အစည်းတစ်ခုလုံးသည် နဂါးငွေ့တန်းဂလက်ဆီ၏ဗဟိုအနီးအနားတွင် မိမိတို့ပတ်လမ်းကြောင်းအတိုင်း ရွေ့လျားနေကြသည်။ နေသည် နဂါးငွေ့တန်းဂလက်ဆီ၏ဗဟိုအနီးအနားတွင် ရွေ့လျားနေသောကြယ်ပေါင်း ဘီလီယံ ၁၀၀ ကျော်အနက် တစ်လုံးသာဖြစ်သည်။

နဂါးငွေ့တန်းဂလက်ဆီနှင့် အခြားဂလက်ဆီ ၃၅ ခုခန့်သည် ဒြပ်ဆွဲအားကြောင့် ကြယ်ပြွတ်တစ်ခုအဖြစ် ဖွဲ့စည်းတည်ရှိသည်။ ပိုကြီးသောကြယ်ပြွတ်အချို့တွင် ဂလက်ဆီထောင်ချီရှိသည်။ ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းသည် ဂလက်ဆီများစွာရှိသော ကြယ်ပြွတ်ကြီးတစ်ခုတွင်သာ တည်ရှိပါက ဤမျှတည်မြဲနိုင်မည်မဟုတ်ပေ။ ယခုမူ နေအဖွဲ့အစည်းသည် စကြဝဠာတွင် “ရှုပ်ထွေးလှသောသက်ရှိများအတွက် အသင့်တော်ဆုံးနေရာဖြစ်သည်” ဟု ဂေလာမိုဂေါ်န်ဇာလပ်စ်နှင့် ဂျေးဒဗလျူရစ်ချပ်တို့က ပြိုင်စံရှားဂြိုဟ် စာအုပ်တွင် ဖော်ပြခဲ့သည်။

ဤဂြိုဟ်ပေါ်တွင် သက်ရှိများတည်ရှိခြင်းသည် “မဟာပေါက်ကွဲမှု” ကြောင့် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းလော။ သို့မဟုတ် လှပသာယာသော ဤကမ္ဘာဂြိုဟ်ပေါ်တွင် သက်ရှိများတည်ရှိခြင်းသည် ထူးခြားသောအဓိပ္ပာယ်ရှိသလော။

အမှန်မှာ ကျွန်ုပ်တို့၏ ကမ္ဘာ့စံအိမ်ကို အသက်ရှင်သန်ရေးအတွက် အထူးဖန်တီးထားကြောင်း လူများစွာ အသိအမှတ်ပြုကြသည်။a လွန်ခဲ့သောရာစုနှစ်များစွာမှ ဟေဗြဲကဗျာဆရာတစ်ဦးက မြေကြီးနှင့်ကောင်းကင်အကြောင်း အလေးပေးကာ ဤသို့ရေးဖွဲ့ခဲ့၏– “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ် . . . သနည်း။” (ဆာလံ ၈:၃၊ ၄) ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း သူယုံကြည်ခဲ့သည်။ ထိုသို့ကောက်ချက်ချခြင်းသည် ယနေ့ သိပ္ပံခေတ်တွင် ကျိုးကြောင်းဆီလျော်ပါသလော။

[အောက်ခြေမှတ်ချက်]

a ဆာလံကျမ်း၊ အထူးသဖြင့် အခန်းကြီး ၈ ကိုရှု။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

“ကမ္ဘာကြီးသည် မဟူရာအာကာသတွင် အပြာရောင်ကျောက်မျက်တစ်ပွင့်နှယ်လင်းလက်နေသည်” ဟုရုပ်ပြသိပ္ပံစွယ်စုံကျမ်း—⁠အံ့ဖွယ်ကမ္ဘာဂြိုဟ်စာအုပ်က ဖော်ပြသည်။

[Credit Line]

Globe: U.S. Fish & Wildlife Service, Washington, D.C./​NASA

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ