ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၂/၁၅ စာ. ၈
  • ဖန်ဆင်းရှင်ထံမှ ထာဝရ ဆုလက်ဆောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖန်ဆင်းရှင်ထံမှ ထာဝရ ဆုလက်ဆောင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု
    နိုးလော့!—၂၀၂၃
  • လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကမ္ဘာမြေ ဖျက်ဆီးခံရမလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၂/၁၅ စာ. ၈

ဖန်ဆင်းရှင်ထံမှ ထာဝရ ဆုလက်ဆောင်

ဆွေးနွေးခဲ့သည့်အတိုင်း မည်သည့်ဂြိုဟ်ပေါ်တွင်မဆို သက်ရှိများရှင်သန်နိုင်ရန် မရှိမဖြစ်လိုအပ်သည်ဟု သိပ္ပံပညာရှင်များ ယူဆထားသောအချက်များ သို့မဟုတ် သမ္မာကျမ်းစာ၏ ပထမအခန်းကြီးတွင် တိုက်ရိုက်ဖော်ပြထားသည့်အချက်များသည် အံ့သြဖွယ်ရာမဟုတ်ပေလော။ ထိုအချက်များကား အဘယ်နည်း။

သက်ရှိများရှင်သန်နိုင်ရန် ကမ္ဘာဦး ၁:၂ တွင်ဖော်ပြသည့်အတိုင်း ရေအလျှံပယ်ရှိရမည်။ ဂြိုဟ်ပေါ်ရှိရေများ အရည်အဖြစ်ရှိနေနိုင်ရန် လုံလောက်သောအပူချိန်ရှိရမည်။ ထိုသို့ဖြစ်နိုင်ရန် ဂြိုဟ်သည် နေမှအနေတော်ကွာဝေးရမည်။ နေအကြောင်း၊ ကမ္ဘာအပေါ် နေ၏အကျိုးသက်ရောက်မှုအကြောင်းတို့ကို ကမ္ဘာဦးကျမ်းမှတ်တမ်းက အကြိမ်ကြိမ်ဖော်ပြသည်။

ဂြိုဟ်ပေါ်တွင် လူသားများနေထိုင်နိုင်ရန် ဓာတ်ငွေ့များ အချိုးကျကျပေါင်းစပ်ထားသော လေထုရှိဖို့လိုသည်။ ထိုအရေးပါသောအချက်ကို ကမ္ဘာဦး ၁:၆-၈ တွင်ဖော်ပြထားသည်။ ကမ္ဘာဦး ၁:၁၁၊ ၁၂ တွင်ဖော်ပြထားသော သစ်ပင်မြက်ပင်များ ရှင်သန်ကြီးထွားနိုင်ရန် အောက်ဆီဂျင်ကောင်းစွာရရှိရမည်။ ဂြိုဟ်ပေါ်တွင် တိရစ္ဆာန်အမျိုးမျိုး ရှင်သန်နိုင်ရန် ကမ္ဘာဦး ၁:၉-၁၂ တွင်ဖော်ပြသည့်အတိုင်း စိုက်ပျိုးဖြစ်ထွန်းနိုင်သောကုန်းမြေ လိုအပ်သည်။ နောက်ဆုံးအနေနှင့် သင့်တော်သောရာသီဥတုရှိရန် ဂြိုဟ်သည် မိမိဝင်ရိုးပေါ်တွင် အနေအထားမှန်မှန်တိမ်းစောင်းရမည့်အပြင် ထိုအနေအထားအတိုင်း အမြဲရှိနေရန်လည်းလိုသည်။ ကမ္ဘာဂြိုဟ်သည် ထိုအနေအထားတွင်ရှိနေရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် လ၏ဆွဲအားကြောင့်ဖြစ်သည်။ လ၏တည်ရှိမှုနှင့် ၎င်း၏အကျိုးကျေးဇူးများကို ကမ္ဘာဦး ၁:၁၄၊ ၁၆ တွင် ဖော်ပြထားသည်။

ကျမ်းရေးသူမောရှေသည် ခေတ်သစ်သိပ္ပံပညာ၏ အကူအညီမပါဘဲ အဆိုပါအချက်များကို မည်သို့သိရှိနိုင်ခဲ့သနည်း။ ထိုအရေးပါသောအကြောင်းများကို သိရှိခြင်းမှာ မိမိနှင့်တစ်ခေတ်တည်းသားများထက် ဉာဏ်ရည်ထက်မြက်ခြင်းကြောင့်လော။ အမှန်မှာ ကောင်းကင်မြေကြီးဖန်ဆင်းရှင်က သူ့ကို ဖော်ပြသောကြောင့်သာဖြစ်သည်။ ကမ္ဘာဦးကျမ်းမှတ်တမ်းသည် သိပ္ပံပညာနှင့်ကိုက်ညီခြင်းမှာ မှတ်သားဖွယ်ဖြစ်၏။

စကြဝဠာတွင် ကျွန်ုပ်တို့တွေ့ရှိရသော အံ့ဖွယ်ရာများ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုရှိကြောင်း သမ္မာကျမ်းစာကဆိုသည်။ ‘ကောင်းကင်ကား ထာဝရဘုရားသခင်၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ’ ဟု ဆာလံ ၁၁၅:၁၆ ကဆို၏။ ကိုယ်တော်သည် “မြေကြီးအမြစ်ကို ကာလအစဉ်အမြဲမရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ” သည်ဟုလည်း ဆိုထားသည်။ (ဆာလံ ၁၀၄:⁠၅) ဖန်ဆင်းရှင်သည် စကြဝဠာနှင့် လှပသာယာသော ကမ္ဘာဂြိုဟ်ကို ပုံစံပြုဖန်ဆင်းထားခြင်းဖြစ်ပါက ယင်းတို့ကို ထိန်းသိမ်းနိုင်စွမ်းလည်းရှိမည်မှာ ကျိုးကြောင်းဆီလျော်ပါသည်။ ယင်းက ဤအံ့ချီးဖွယ်ကတိတော် ပြည့်စုံမည်ကို သင်ယုံကြည်စိတ်ချနိုင်၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉) ဘုရားသခင်သည် မြေကြီးကို “အချည်းနှီးဖန်ဆင်းသည်မဟုတ်၊” မိမိလုပ်ဆောင်ရာများကို အသိအမှတ်ပြုသော၊ ကျေးဇူးတင်လေးမြတ်သော လူသားများ ထာဝရ “နေစရာဖို့ ဖန်ဆင်းတော်မူ” ခဲ့သည်။—⁠ဟေရှာယ ၄၅:၁၈။

သမ္မာကျမ်းစာအရ ယေရှုသည် ဘုရားသခင်အကြောင်း၊ နာခံမှုရှိသောလူသားများကို ထာဝရအသက်ပေးမည့် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း သွန်သင်ပေးရန် ကမ္ဘာမြေသို့ ကြွလာခြင်းဖြစ်သည်။ (ယောဟန် ၃:၁၆) ဘုရားသခင်သည် မကြာမီ “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်ဖြစ်ပြီး ကယ်တင်ခြင်းအတွက် မိမိ၏ပြင်ဆင်ပေးချက်ကို လက်ခံသည့် ငြိမ်းချမ်းရေးမြတ်နိုးသူများကို လွတ်မြောက်စေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြသည်။ (ဗျာ. ၇:၉၊ ၁၄; ၁၁:၁၈) ဘုရားသခင်၏ အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာများကို ထာဝရကာလပတ်လုံး စူးစမ်းရှာဖွေကာ ခံစားပျော်မွေ့ရမည့် အသက်တာသည် မည်မျှနှစ်သက်ဖွယ်ပါတကား!—⁠ဒေ. ၃:၁၁; ရောမ ၈:၂၁။

[Picture Credit Line on page 8]

NASA photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ