ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၁၁/၁ စာ. ၂၃
  • မကောင်းကြံ ဘေးဒဏ်ထိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကောင်းကြံ ဘေးဒဏ်ထိ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ဒံယေလ ၆:၁-၂၈ ကိုဖတ်ပါ။
  • ဧဒင်ဥယျာဉ် ပျောက်ဆုံးသွားပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၁၁/၁ စာ. ၂၃

လူငယ်စာရှုသူများအတွက်

မကောင်းကြံ ဘေးဒဏ်ထိ

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်တို့ပါဝင်တယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ဒံယေလ ၆:၁-၂၈ ကိုဖတ်ပါ။

သင်တို့ ဘယ်လိုထင်သလဲ။ ဒါရိက ဘယ်လိုလူစားမျိုးလဲ။ သင်တို့စိတ်ထဲပေါ်လာတဲ့အတိုင်း သူ့ရဲ့ရုပ်သွင်ကို ရေးကြည့်ပါ။ ဘယ်လိုအသံနေအသံထားနဲ့ သူစကားပြောမယ်လို့ ထင်သလဲ။ (အခန်းငယ် ၁၄၊ ၁၆၊ ၁၈-၂၀ ကိုထပ်ဖတ်ကြည့်ပါ။)

․․․․․

ဒံယေလကိုပစ်ချတဲ့တွင်းက ဘာနဲ့တူသလဲ၊ ခြင်္သေ့တွေကို ဘယ်လိုပုံဖော်မလဲ။

․․․․․

ဒံယေလကိုပစ်ချပြီး ခြင်္သေ့တွင်းကို ပိတ်လိုက်တဲ့အချိန်ခဏလေးမှာ ဘာဖြစ်မယ်လို့ထင်သလဲ။

․․․․․

ထပ်လေ့လာကြည့်ပါဦး။

ဒါရိမင်းရဲ့ဝန်ကြီးတွေက ဒံယေလကို ဘာကြောင့် မနာလိုဖြစ်ကြတာလဲ။ (အခန်းငယ် ၃ ကိုထပ်ဖတ်ကြည့်ပါ။)

․․․․․

ဒံယေလက တိတ်တိတ်လေး ဆုတောင်းနိုင်ရက်နဲ့ ဘာကြောင့် အများမြင်အောင်ဆုတောင်းရတာလဲ။ (အခန်းငယ် ၁၀၊ ၁၁ ကိုထပ်ဖတ်ကြည့်ပါ။)

․․․․․

ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး အမိန့်ထုတ်ဖို့အကြံပေးလာတာကို ဒါရိ ဘာကြောင့်သဘောကျသွားမယ်လို့ ထင်သလဲ။ (အခန်းငယ် ၇ ကိုထပ်ဖတ်ကြည့်ပါ။)

․․․․․

သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .

․․․․․

ဆန့်ကျင်မှုကြုံရချိန်မှာတောင် ရဲစွမ်းသတ္တိရှိမှု။

․․․․․

ဆုတောင်းခြင်းရဲ့အရေးကြီးမှု။

․․․․․

တည်ကြည်မှုရှိတဲ့ကျေးကျွန်တွေအပေါ် ယေဟောဝါရဲ့ဂရုစိုက်မှု။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင်တို့ကို စိတ်ထိမိစေသလဲ။ ဘာကြောင့်လဲ။

․․․․․

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ