ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၃/၁ စာ. ၂၄
  • လာဇရု အသက်ပြန်ရှင်လာတယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လာဇရု အသက်ပြန်ရှင်လာတယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၃/၁ စာ. ၂၄

လူငယ်စာရှုသူများအတွက်

လာဇရု အသက်ပြန်ရှင်လာတယ်

ညွှန်ကြားချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကိုဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာမြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ အဓိကဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။

အဖြစ်အပျက်ကို ဆန်းစစ်ပါ။—ယောဟန် ၁၁:၁-၄၅ ကိုဖတ်ပါ။

အခန်းငယ် ၂၁ နဲ့ ၃၂ ကိုဖတ်တဲ့အခါ မာသနဲ့မာရိ ဘယ်လိုခံစားနေရမယ်လို့ သင်ထင်သလဲ။

․․․․․

အခန်းငယ် ၃၃ နဲ့ ၃၅ မှာဖော်ပြထားတဲ့ ယေရှုရဲ့ပြင်းထန်တဲ့ခံစားချက်ကို သင်ဘယ်လိုပုံဖော်မလဲ။

․․․․․

အခန်းငယ် ၄၃၊ ၄၄ မှာဖော်ပြထားတာကို တွေ့ ကြုံခံစားရရင် ဘယ်လိုနေမယ်ဆိုတာ လာဇရုရဲ့ရှုထောင့်နဲ့ အဲဒီမှာရှိနေတဲ့လူအုပ်ရဲ့ရှုထောင့် နှစ်မျိုးစလုံးကနေ မြင်ယောင်ကြည့်ပါ။

ထပ်လေ့လာကြည့်ပါဦး။

ယေရှုရှိတဲ့နေရာနဲ့ ဗေသနိရွာက နှစ်ရက်ခရီးကွာဝေးတယ်။ ဒါဆို ယေရှုက ဘာကြောင့် ချက်ချင်းမသွားဘဲ နှောင့်နှေးနေသလဲ။ (အခန်းငယ် ၆ ကိုပြန်ဖတ်ပါ။)

․․․․․

မာရိနဲ့မာသနှစ်ယောက်စလုံးက ဝတ်ပြုရေးနဲ့ဆိုင်တဲ့အကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုတာ ကျမ်းစာမှာ ဘယ်လိုဖော်ပြသလဲ။ (လုကာ ၁၀:၃၈၊ ၃၉; ယောဟန် ၁၁:၂၄)

․․․․․

တစ်နေ့ကျရင် ပြန်သေဆုံးသွားမယ့်လူတွေဖြစ်ရက်နဲ့ ယေရှုက သူတို့ကို အသက်ပြန်ရှင်အောင် ဘာကြောင့်လုပ်ပေးခဲ့သလဲ။ (မာကု ၁:၄၁၊ ၄၂; ယောဟန် ၅:၂၈၊ ၂၉; ၁၁:၄၅)

․․․․․

သင်ယူသိရှိခဲ့တာကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာကို ချရေးကြည့်ပါ . . .

လူသေတွေကို ရှင်ပြန်ထမြောက်ပေးနိုင်တဲ့ ယေရှုရဲ့အစွမ်းနဲ့ ထမြောက်ပေးလိုစိတ်ရှိခြင်း။

․․․․․

ဝမ်းနည်းပူဆွေးနေသူတွေအပေါ်ထားရှိတဲ့ ယေရှုရဲ့ကိုယ်ချင်းစာနာစိတ်။

․․․․․

ရှင်ပြန်ထမြောက်လာမယ့် ဘယ်သူတွေနဲ့ သင် ဆုံဆည်းချင်သလဲ။

․․․․․

ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကိုအရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ