ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၅/၁ စာ. ၈-၉
  • ၄ သင် သံသယဝင်သည့်အချက်များကို အဖြေရှာပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၄ သင် သံသယဝင်သည့်အချက်များကို အဖြေရှာပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “ယုံကြည်ခြင်းလိုနေသည့်နေရာတွင် ကျွန်ုပ်အားကူညီပေးတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • သတင်းကောင်းကို သင် အမှန်တကယ်ယုံကြည်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၅/၁ စာ. ၈-၉

၄ သင် သံသယဝင်သည့်အချက်များကို အဖြေရှာပါ

“ယုံကြည်ခြင်း အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသံသယစိတ် ဝင်သနည်း။”—မဿဲ ၁၄:၃၁။

အတားအဆီးကား အဘယ်အရာနည်း။ ယေရှု၏တပည့်များပင် တစ်ခါတစ်ရံ ယုံမှားသံသယစိတ်ဝင်ခဲ့ဖူးသည်။ (မဿဲ ၁၄:၃၀; လုကာ ၂၄:၃၆-၃၉; ယောဟန် ၂၀:၂၄၊ ၂၅) ယုံကြည်ခြင်းအားနည်းမှုကို “အလွယ်တကူကျော့မိစေတတ်သော အပြစ်” ဟု ကျမ်းစာတွင် ဖော်ပြထားသည်။ (ဟေဗြဲ ၁၂:၁) ထို့ပြင် “ယုံကြည်ခြင်းသည် လူခပ်သိမ်း ပိုင်ဆိုင်သောအရာမဟုတ်” ဟု တမန်တော်ပေါလုရေးခဲ့သည်။ (၂ သက်သာလောနိတ် ၃:၂) လူအချို့သည် ထိုအရည်အသွေးကို တင်ပြနိုင်စွမ်းမရှိဟု သူဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းအစား ထိုအရည်အသွေးကိုပိုင်ဆိုင်ရန် လူတို့ကြိုးစားမလုပ်ဆောင်ကြဟု ဆိုလို၏။ သို့သော် ထိုသို့လုပ်ဆောင်ရန် ကြိုးစားအားထုတ်သူများကို ဘုရားသခင် ကောင်းချီးပေးတော်မူမည်။

ထိုအတားအဆီးကို သင် မည်သို့ကျော်လွှားနိုင်သနည်း။ သင့်စိတ်တွင် သံသယဝင်နေသည့်အချက်များကို ခွဲခြားသိမြင်ပါ။ ဥပမာ၊ တပည့်ဖြစ်သူသောမသည် အခြားတမန်တော်များက ထမြောက်လာသောယေရှုကို မြင်တွေ့ခဲ့ကြောင်း ပြောပြသော်လည်း ယုံမှားသံသယဖြစ်ခဲ့သည်။ သောမသည် သက်သေအထောက်အထားရလို၏။ အကျိုးကျေးဇူးကား အဘယ်နည်း။ သူ၏ယုံကြည်ခြင်းခိုင်ခံ့စေရန် လိုအပ်သောသက်သေအထောက်အထားကို ယေရှုပေးခဲ့သည်။—ယောဟန် ၂၀:၂၄-၂၉။

ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏ယုံမှားသံသယစိတ်ကို ဖယ်ရှားနိုင်ရန် လိုအပ်သောသက်သေအထောက်အထားကို ကျမ်းစာမှတစ်ဆင့် ပေးထား၏။ ဥပမာ၊ လူသားတို့ကို အတိဒုက္ခရောက်စေသော စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် ဆင်းရဲခက်ခဲမှုများအတွက် ဘုရားသခင်တွင်တာဝန်ရှိသည်ဟု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လူတို့အပြစ်တင်ပြီး ကိုယ်တော့်ကို ယုံကြည်ခြင်းကင်းမဲ့လာကြသည်။ ယင်းနှင့်ပတ်သက်၍ ကျမ်းစာမည်သို့ဆိုသနည်း။

ဘုရားသခင်သည် လူ့လောကကိုအုပ်စိုးသောအရှင် မဟုတ်ပါ။ ထို့ကြောင့် လူ့အုပ်စိုးရှင်များသည် ကိုယ်တော်၏ ထိန်းချုပ်မှုအောက်တွင် မရှိချေ။ ယေရှုက မျက်စိဖြင့်မမြင်နိုင်သော နာမ်ဝိညာဉ်သားတစ်ဦးဖြစ်သည့် စာတန်အား “ဤလောကကို အစိုးရသောမင်း” ဟုရည်ညွှန်းဖော်ပြခဲ့သည်။ (ယောဟန် ၁၄:၃၀) စာတန်သည် မိမိကို တစ်ကြိမ်သာဝတ်ပြုကိုးကွယ်ပါက မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးကို အုပ်စိုးနိုင်သည့်အခွင့်အာဏာပေးမည်ဟုဆိုကာ ယေရှုကို ဤသို့ကမ်းလှမ်းသည်– “ဤအခွင့်အာဏာရှိသမျှနှင့် ထိုနိုင်ငံများ၏ ဘုန်းစည်းစိမ်ကို သင့်အား ငါပေးမည်။ ထိုအရာများကို ငါ့အား လွှဲအပ်ထားပြီးဖြစ်၍ ငါပေးလိုသူအား ပေးနိုင်၏။” စာတန်တွင် ထိုအခွင့်အာဏာရှိကြောင်း ယေရှုမငြင်းဆိုခဲ့ပါ။ ယင်းအစား “‘သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ကျမ်းစာ၌ရေးထားသည်” ဟုပြန်ပြောခဲ့သည်။ (လုကာ ၄:၅-၈) ထို့ကြောင့် ကမ္ဘာပေါ်ရှိဆင်းရဲခက်ခဲမှုများအတွက် ဘုရားသခင်ကိုမဟုတ်ဘဲ စာတန်နှင့်လူ့အုပ်စိုးရှင်များကိုသာ အပြစ်တင်ထိုက်၏။—ဗျာ. ၁၂:၉၊ ၁၂။

မကြာမီ ယေဟောဝါဘုရားသခင်သည် ဆင်းရဲခက်ခဲမှုများကို ဖြစ်ပေါ်စေသည့်အရာအားလုံးကို ဖယ်ရှားပစ်တော့မည်။ ကိုယ်တော်သည် သားတော်ခရစ်တော်ယေရှုအားဖြင့် လူသားတို့ကိုအုပ်စိုးမည့် အုပ်ချုပ်မှုတစ်ခုကို စီစဉ်ပြီးဖြစ်သည်။ (မဿဲ ၆:၉၊ ၁၀; ၁ ကောရိန္သု ၁၅:၂၀-၂၈) ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ခွင်ဟောပြောရမည်ဟူသည့် ကျမ်းစာပရောဖက်ပြုချက်သည် ယခု ပြည့်စုံလျက်ရှိသည်။ (မဿဲ ၂၄:၁၄) မကြာမီတွင် ဘုရားသခင့်နိုင်ငံတော်သည် ဆန့်ကျင်သူအားလုံးကို ဖယ်ရှားကာ ဆင်းရဲခက်ခဲမှုဖြစ်ပေါ်စေသည့်အရာများကို လုံးဝပပျောက်စေတော့မည်။—ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၂၅:၃၁-၃၃၊ ၄၆; ဗျာ. ၂၁:၃၊ ၄။

အကျိုးကျေးဇူးကား အဘယ်နည်း။ ယုံမှားသံသယစိတ်ဝင်သူသည် “လိမ်လည်လှည့်ဖြားသူများ . . . ၏ . . . ခပ်သိမ်းသော သွန်သင်ခြင်းလေ” တိုက်ရာဘက်သို့ တိမ်းယိမ်းသွားသော ရေလှိုင်းများနှင့်တူသည်။ (ဧဖက် ၄:၁၄; ၂ ပေတရု ၂:၁) ယင်းနှင့်ဆန့်ကျင်လျက် မိမိသံသယဝင်သောအချက်များနှင့်ပတ်သက်၍ စိတ်ကျေနပ်ဖွယ်အဖြေကို တွေ့အောင်ရှာဖွေသူများမူကား “ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံ” နိုင်ကြသည်။—၁ ကောရိန္သု ၁၆:၁၃။

ဤဂျာနယ်ထုတ်ဝေသော ယေဟောဝါသက်သေများသည် သင့်စိတ်ကို သံသယဝင်စေသည့်မေးခွန်းများ၏အဖြေကို ရှာတွေ့နိုင်ရန် သင့်အားကူညီပေးလိုကြသည်။ သူတို့နှင့်အတူ ပူးပေါင်းကာ သူတို့၏သွန်သင်ချက်များကို ကိုယ်တိုင်စစ်ဆေးကြည့်ရန် သင့်ကို ဖိတ်ခေါ်ပါသည်။ ယင်းသို့ပြုခြင်းဖြင့် ဘုရားသခင့်အပေါ် သင့်ယုံကြည်ခြင်းသည် များစွာခိုင်ခံ့လာပါလိမ့်မည်။

ထပ်ဆင့်သိလိုပါက သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ် အခန်း ၈၊ “ဘုရားသခင့်နိုင်ငံတော်ဟူသည် အဘယ်နည်း” နှင့် အခန်း ၁၁၊ “ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုကို အဘယ်ကြောင့် ခွင့်ပြုထားသနည်း” တွင်ကြည့်ပါ။a

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မိမိတို့မေးခွန်းများ၏ စိတ်ကျေနပ်ဖွယ်အဖြေများကို ရှာတွေ့သူများသည် ယုံကြည်ခြင်းအတွက် ခိုင်မာသောအခြေခံအကြောင်းရင်းများရှိထားကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ