ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁/၁ စာ. ၃
  • “နောက်တစ်ခွက်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နောက်တစ်ခွက်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရက်ယမကာအပေါ် မှန်ကန်သောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အရက်ယမကာကို ချင့်ချိန်မှုရှိရှိ သောက်နိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁/၁ စာ. ၃

“နောက်တစ်ခွက်”

အယ်လန်သည် အသက် ၁၁ နှစ်အရွယ်တွင် အရက်စွဲစပြုလာသည်။a သူနှင့်သူ့သူငယ်ချင်းများသည် ရုပ်ရှင်သရုပ်ဆောင်များကို အတုခိုး၍ တောအုပ်တွင် ကစားလေ့ရှိသည်။ သရုပ်ဆောင်များသောက်သော အရက်မှာ အတုဖြစ်သော်လည်း အယ်လန်နှင့် သူငယ်ချင်းများသောက်သော အရက်မှာ အစစ်ဖြစ်၏။

တိုနီသည် အရက်ကို ညနေတိုင်း တစ်ခွက်၊ နှစ်ခွက်သောက်ရာမှ ငါးခွက်၊ ခြောက်ခွက်အထိ တိုး၍သောက်လာချိန်တွင် အသက် ၄၀ ရှိနေပြီ။ နောက်ဆုံး၌ သူသည် တစ်နေ့လျှင် အရက်မည်မျှသောက်သည်ကိုပင် မသိတော့သည်အထိဖြစ်လာသည်။

အယ်လန်သည် အရက်ဖြတ်နိုင်ရန် အကူအညီတောင်းသည်။ တိုနီမှာမူ ချစ်ခင်ကြင်နာတတ်သော သူ့မိသားစုနှင့် သူငယ်ချင်းများ၏ ကူညီပေးမှုကို ငြင်းပယ်ခဲ့သည်။ အယ်လန်သည် ယနေ့ထိ အသက်ရှင်လျက်ရှိပြီး မိမိဘ၀ဇာတ်ကြောင်းကို ပြန်ပြောပြနိုင်သည်။ တိုနီမှာ လွန်ခဲ့သောနှစ်အနည်းငယ်က အရက်အလွန်အကျွံသောက်ပြီးနောက် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားရာ ကွယ်လွန်သွားရှာသည်။

အရက်အလွန်အကျွံသောက်သူမှာ တစ်ဦးတည်းဖြစ်လျှင်ပင် သူ့ကြောင့် အခြားသူများ၏ဘဝကိုပါ ထိခိုက်နိုင်သည့်အပြင် ဝမ်းနည်းဖွယ်ဆိုးကျိုးများ ဖြစ်ပေါ်စေတတ်သည်။b သောက်ကြူးပြီးနောက် ဆဲရေးတိုင်းထွာကာ မတော်မတရားပြုမူတတ်သည်။ လူသတ်မိနိုင်သည်။ ယာဉ်တိုက်မှုများနှင့် အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာရနိုင်သည့်အပြင် ကျန်းမာရေးကိုလည်း ထိခိုက်နိုင်သည်။ အရက်သောက်ကြူးခြင်းကြောင့်ဖြစ်ပေါ်လာသော ပြဿနာများသည် နှစ်စဉ် ဒေါ်လာသန်းထောင်ပေါင်းများစွာ ဆုံးရှုံးစေသည့်အပြင် မိမိကိုယ်တိုင်၊ မိသားစုနှင့် ကလေးများ၏ ပုဂ္ဂိုလ်ရေးနှင့်စိတ်ခံစားချက်ကိုလည်း ထိခိုက်စေသည်။

“အရက်ကို ပုံမှန်သောက်သူတိုင်း အရက်စွဲသူမဖြစ်နိုင်။ အရက်စွဲသူတိုင်းလည်း အရက်ကို နေ့စဉ် မသောက်ကြ” ဟု အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့က ဖော်ပြသည်။ လူအများစုသည် အရက်စွဲသူများ မဟုတ်သော်လည်း စွဲလို့စွဲနေမှန်းမသိဘဲ အရက်ကို အလွန်အကျွံသောက်တတ်လာကြသည်။ တချို့မှာမူ အရက်ကို အမြဲမသောက်ကြသော်လည်း တစ်ခါတစ်ခါသောက်လျှင် ငါးခွက်ထက်မက သောက်တတ်ကြသည်။

သင်သည် အရက်သောက်မည်ဆိုပါက မည်မျှသောက်လျှင် အလွန်အကျွံဖြစ်မည်နည်း။ “နောက်တစ်ခွက်” ထပ်သောက်ဖို့မသင့်တော့ကြောင်း သင်မည်သို့သိနိုင်မည်နည်း။ (သု. ၂၃:၂၉၊ ၃၀၊ ၃၅၊ ခမ) နောက်ဆောင်းပါးများတွင် ထိုအကြောင်းအရာနှင့်ပတ်သက်၍ အကူအညီဖြစ်စေနိုင်သော အချက်အလက်များကို သုံးသပ်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

a နာမည်တချို့ ပြောင်းထားသည်။

b အမျိုးသားများသည် အမျိုးသမီးများထက် အရက်စွဲနိုင်ခြေ လေးဆပိုများသည်။ သို့သော် ဤဆောင်းပါးတွဲများပါ အချက်အလက်များသည် အမျိုးသားနှင့်ရော အမျိုးသမီးနှင့်ပါ သက်ဆိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ