ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၄/၁ စာ. ၅
  • မိမိအကြောင်း ယေရှု သွန်သင်ခဲ့ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိမိအကြောင်း ယေရှု သွန်သင်ခဲ့ရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ်က ဘယ်သူလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေရှုခရစ်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေရှုခရစ် နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေရှုခရစ်ကား မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၄/၁ စာ. ၅

မိမိအကြောင်း ယေရှု သွန်သင်ခဲ့ရာ

“ယေရှု မည်သူမည်ဝါဖြစ်သည်၊ အဘယ်အရပ်မှ ရောက်လာသည်၊ အဘယ်ကြောင့် ဤလောကသို့ ကြွလာသည်၊ သူ၏အနာဂတ်က ဘာဖြစ်သည် ဟူသောအချက်များနှင့်စပ်လျဉ်း၍ သံသယဖြစ်စရာမရှိချေ။”—AUTHOR HERBERT LOCKYER.

ယေရှု သွန်သင်ခဲ့ရာများကို လက်မခံမီ ကိုယ်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ သိထားရမည့်အရာတချို့ ရှိသည်။ ယေရှုသည် အမှန်တကယ် မည်သူနည်း။ အဘယ်အရပ်မှ ကြွလာသနည်း။ ကိုယ်တော့်ဘ၀ရည်ရွယ်ချက်ကား အဘယ်နည်း။ မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်ခရစ်ဝင်ကျမ်းတို့တွင် ယေရှုကိုယ်တိုင် အဆိုပါမေးခွန်းများကို ဖြေဆိုထားကြောင်း တွေ့ရပေမည်။

ကိုယ်တော်သည် လူသားအဖြစ် မမွေးဖွားလာမီကတည်းက အသက်ရှင်ခဲ့။ တစ်ချိန်တွင် ယေရှုက “အာဗြဟံမရှိမီ ငါရှိ၏” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၅၈) အာဗြဟံသည် ယေရှု မမွေးဖွားမီ အနှစ် ၂,၀၀၀ ခန့်က အသက်ရှင်ခဲ့သူဖြစ်၏။ သို့သော် ယေရှုမူကား ထိုသစ္စာတည်ကြည်သူ အာဗြဟံ အသက်မရှင်ခင်ကတည်းက အသက်ရှင်ခဲ့သူဖြစ်သည်။ သို့ဆိုလျှင် မည်သည့်နေရာတွင် ယေရှု အသက်ရှင်ခဲ့သနည်း။ ‘ငါသည် ကောင်းကင်မှ ဆင်းသက်လာ၏’ ဟုကိုယ်တော် ပြောပြသည်။—ယောဟန် ၆:၃၈။

ဘုရားသခင့်သားတော်။ ယေဟောဝါဘုရားသခင်တွင် ကောင်းကင်သားများစွာ ရှိတော်မူ၏။ သို့သော် ယေရှုမူကား တစ်မူထူးခြားသည်။ “ဘုရားသခင့်တစ်ပါးတည်းသော သားတော်” ဟူ၍ မိမိကိုယ်ကို ရည်ညွှန်းခဲ့၏။ (ယောဟန် ၃:၁၈) ထိုအသုံးအနှုန်းက ယေရှုတစ်ဦးတည်းသာ ဘုရားသခင်၏ တိုက်ရိုက်ဖန်ဆင်းခံရသူဖြစ်သည်ဟု ဆိုလို၏။ ဘုရားသခင်သည် ထိုတစ်ပါးတည်းသော သားတော်အားဖြင့် အခြားအရာခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့သည်။—ကောလောသဲ ၁:၁၆။

“လူသား။” ယေရှုသည် မိမိကိုယ်ကိုယ် ရည်ညွှန်းရာတွင် အခြားအသုံးအနှုန်းများထက် လူသားဟူသော အသုံးအနှုန်းကို ပို၍အသုံးပြုခဲ့၏။ (မဿဲ ၈:၂၀) သို့နှင့် မိမိသည် လူယောင်ဖန်ဆင်းထားသော ကောင်းကင်တမန်တစ်ပါးမဟုတ်ကြောင်း ဖော်ပြခဲ့၏။ ယင်းအစား ယေရှုသည် လူသားစစ်စစ်တစ်ဦးဖြစ်၏။ ဘုရားသခင်သည် ကောင်းကင်ရှိ မိမိသားတော်၏အသက်ကို မြေကြီးပေါ်ရှိ အပျိုစင်မာရိ၏သားအိမ်ထဲသို့ သန့်ရှင်းသောစွမ်းအားတော်ဖြင့် ကူးပြောင်းပေးခဲ့သည်။ သို့နှင့် ယေရှုသည် စုံလင်သော အပြစ်မဲ့လူသားတစ်ဦးအဖြစ် မွေးဖွားခံခဲ့ရသည်။—မဿဲ ၁:၁၈; လုကာ ၁:၃၅; ယောဟန် ၈:၄၆။

ကတိထားရာ မေရှိယ။ “မေရှိယကြွလာတော်မူမည်ကို ကျွန်မသိပါ၏” ဟုရှမာရိ အမျိုးသမီးတစ်ဦးက ယေရှုအား ပြောခဲ့သည်။ ကိုယ်တော်က “သင်နှင့် စကားပြောနေသောငါသည် ထိုသူပင်ဖြစ်၏” ဟု မိန့်ဆိုလေသည်။ (ယောဟန် ၄:၂၅၊ ၂၆) “မေရှိယ” ဟူသောစကားလုံးသည် “ခရစ်တော်” ဟူသောစကားလုံးကဲ့သို့ပင် “ဘိသိက်ပေးခံရသူ” ဟူ၍အဓိပ္ပာယ်ရှိ၏။ ယေရှုသည် ဘုရားသခင် ခန့်အပ်ထားသော သို့မဟုတ် ဘိသိက်ပေးထားသော ပုဂ္ဂိုလ်ဖြစ်ပြီး ဘုရားသခင်၏ကတိတော်များ ပြည့်စုံမှုတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။

ကိုယ်တော်ကြွလာရသည့် အဓိကအကြောင်းရင်း။ တစ်ခါက ယေရှု ဤသို့မိန့်ဆိုခဲ့သည်– ‘ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကို စေလွှတ်တော်မူ၏။’ (လုကာ ၄:၄၃) ကိုယ်တော်သည် ဆင်းရဲနွမ်းပါးသူများ၏အကျိုးအတွက် များစွာလုပ်ဆောင်ပေးခဲ့သော်လည်း ကိုယ်တော် အဓိကလုပ်ဆောင်ခဲ့သည့်အရာမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောခြင်းဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ကိုယ်တော် သွန်သင်ခဲ့ရာကို နောက်ပိုင်းတွင် ဆွေးနွေးပါမည်။

ယေရှုသည် သာမန်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း ရှင်းနေပါသည်။a ကိုယ်တော်၏ ကောင်းကင်အသက်တာသည် မြေကြီးပေါ်တွင် ကိုယ်တော်မိန့်ဆိုခဲ့သည့် စကားများကို ပို၍အဓိပ္ပာယ်ရှိစေကြောင်း ကျွန်ုပ်တို့ သိရှိရပါလိမ့်မည်။ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ၏ဘ၀အပေါ် အကျိုးသက်ရောက်မည့် သတင်းစကားကို ကိုယ်တော်ဟောပြောခဲ့ခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။

[အောက်ခြေမှတ်ချက်]

a ယေရှုအကြောင်း၊ ဘုရားသခင့်ရည်ရွယ်ချက်တွင် ကိုယ်တော်၏အခန်းကဏ္ဍအကြောင်း ပိုမိုသိလိုလျှင် ယေဟောဝါသက်သေများ ထုတ်ဝေသည့် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ အခန်း ၄ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ