ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၇/၁ စာ. ၃၀-၃၁
  • မိတ်ဆွေကောင်းများ ရှာတွေ့နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိတ်ဆွေကောင်းများ ရှာတွေ့နိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မတရားတဲ့ စွပ်စွဲချက်ကြီးပဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၇/၁ စာ. ၃၀-၃၁

လူငယ်စာရှုသူများအတွက်

မိတ်ဆွေကောင်းများ ရှာတွေ့နိုင်ပုံ

ညွှန်ကြားချက်များ- ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ ၀န်းကျင်မှာ ပြုလုပ်ပါ။ ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင်ပါ၀င်နေတယ်လို့ စိတ်ကူးကြည့်ပါ။ အဖြစ်အပျက်ကို စိတ်မှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို ခံစားကြည့်ပါ။ အဖြစ်အပျက်ကို အသက်၀င်စေပါ။

အဓိကဇာတ်ကောင်များ- ယောနသန်၊ ဒါဝိဒ်နှင့် ရှောလု

အကျဉ်းချုပ်- ဂေါလျတ်ကို ဒါဝိဒ် သတ်ပြီးနောက် ယောနသန်သည် ဒါဝိဒ်၏မိတ်ဆွေကောင်း ဖြစ်လာခဲ့သည်။

၁ အဖြစ်အပျက်ကို ဆန်းစစ်ပါ။— ၁ ဓမ္မရာဇ၀င် ၁၇:၅၇-၁၈:၁၁; ၁၉:၁; ၂၀:၁-၁၇၊ ၄၁၊ ၄၂ ကိုဖတ်ပါ။

ရှောလုရဲ့ပုံပန်းသဏ္ဌာန်ကို သင့်စိတ်ထဲ မြင်ယောင်တဲ့အတိုင်း ဖော်ပြပါ။ (သဲလွန်စ– ၁ ဓမ္မရာဇ၀င် ၁၀:၂၀-၂၃ တွင် ကြည့်ပါ။)

․․․․․

ယောနသန်နဲ့တွေ့ချိန်မှာ ဒါဝိဒ်က ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဌာန် ဘယ်လိုဖြစ်နေမယ်လို့ သင်ထင်သလဲ။ (သဲလွန်စ– ၁ ဓမ္မရာဇဝင် ၁၆:၁၂၊ ၁၃ တွင် ကြည့်ပါ။)

․․․․․

၁ ဓမ္မရာဇဝင် အခန်းကြီး ၂၀ ရဲ့အဆုံးပိုင်းမှာ ဒါဝိဒ်နဲ့ယောနသန်တို့ရဲ့ အပြန်အလှန်ပြောဆိုမှုကနေ သင် ဘယ်လိုခံစားရသလဲ။

․․․․․

၂ ထပ်လေ့လာကြည့်ပါဦး။

“ယောနသန်စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့်စွဲကပ်လျက်ရှိ” တယ်လို့ မှတ်တမ်းကဆိုတယ်။ (၁ ဓမ္မရာဇဝင် ၁၈:၁) အဲဒီကျမ်းချက်ကိုပဲ ဘာသာပြန်ကျမ်းတစ်ကျမ်း (Contemporary English Version) က ဒီလိုဖော်ပြတယ်– “ဒါဝိဒ်နှင့်ယောနသန်တို့သည် မိတ်ဆွေကောင်းများ ဖြစ်လာကြ၏။” ဒါဝိဒ်ရဲ့ အဘယ်အရည်အသွေးတွေကို ယောနသန်နှစ်သက်ခဲ့တာလဲ။ (သဲလွန်စ– ၁ ဓမ္မရာဇဝင် ၁၇:၄၅၊ ၄၆ တွင် ကြည့်ပါ။)

․․․․․

ဒါဝိဒ်နဲ့ယောနသန်က အသက် သုံးဆယ်နီးပါး ကွာကြတယ်။ အသက်ကွာပေမဲ့ သူတို့ ဘာကြောင့် မိတ်ဆွေကောင်းတွေ ဖြစ်ရတာလဲ။

․․․․․

စိတ်ဝင်စားစရာကောင်းတဲ့ ဒီမှတ်တမ်းအရ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ စရိုက်တချို့က ဘာတွေလဲ။ (သဲလွန်စ– သု. ၁၇:၁၇; ၁၈:၂၄ တွင် ကြည့်ပါ။)

․․․․․

ယောနသန်က အဖေအရင်းထက် ဒါဝိဒ်ကို ဘာကြောင့် တည်ကြည်ရတာလဲ။

․․․․․

၃ သင်ယူသိရှိခဲ့တာတွေကို လက်တွေ့ကျင့်သုံးပါ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး သိရှိခဲ့တာတွေကို ချရေးကြည့်ပါ . . .

မိတ်ဆွေဖွဲ့မှု။

․․․․․

တည်ကြည်မှု။

․․․․․

မိမိထက်အသက်ပိုကြီးသူများနှင့် မိတ်ဆွေဖွဲ့မှု။

․․․․․

မိတ်ဆွေကောင်းတွေကို သင် ဘယ်လို မိတ်ဖွဲ့နိုင်သလဲ။

․․․․․

၄ ဒီမှတ်တမ်းမှာ အဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․

သင်၌ ကိုယ်ပိုင်ကျမ်းစာမရှိလျှင် ယေဟောဝါသက်သေများထံ တောင်းခံပါ သို့မဟုတ် www.pr2711.com ဝက်ဘ်ဆိုက်တွင် ကျမ်းစာအခြေပြု စာပေများကို ဖတ်ရှုနိုင်ပါသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ