ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၅/၁ စာ. ၂၂-၂၃
  • မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ကြဉ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ကြဉ်ပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၅/၁ စာ. ၂၂-၂၃

လူငယ်စာရှုသူများအတွက်

မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ကြဉ်ပါ

လမ်းညွှန်ချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လိုအသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေခံစားသလို လိုက်ခံစားကြည့်ပါ။

အဓိကဇာတ်ကောင်များ– ဒိန၊ ရှေခင်၊ ယာကုပ်၊ ရှိမောင်နဲ့ လေဝိ

အကျဉ်းချုပ်– ဒိနရဲ့အပျိုရည်ကို ရှေခင် ရှုတ်ချတဲ့အတွက် ဒေါသထွက်နေတဲ့ အစ်ကိုတွေက လက်စားချေဖို့ ကြိုးပမ်း။

၁ ကမ္ဘာဦး ၃၄:၁-၃၁ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။

ဒိနဟာ ခါနာန်ပြည်က အပေါင်းအသင်းတွေနဲ့ ဘာတွေလုပ်ခဲ့မယ်လို့ သင်ထင်သလဲ။

․․․․․

ရှေခင်က ဒိနကို ဘာအကြောင်းတွေပြောပြီး ‘ဖြားယောင်းနေ’ မယ်လို့ သင်ထင်သလဲ။

_․․․․․

အခန်းငယ် ၃၀ မှာဖတ်ရတဲ့အတိုင်း ရှိမောင်နဲ့လေဝိကို ယာကုပ် ပြစ်တင်ပြောဆိုတဲ့အခါ သူ ဘယ်လိုခံစားရမယ်လို့ သင်ထင်သလဲ။

․․․․․

၂ ထပ်လေ့လာကြည့်ပါဦး။

ခါနာန်အမျိုးသမီးတွေဆီ ဒိန ဘာကြောင့် မှန်မှန် သွားလည်တယ်လို့ သင် ထင်သလဲ။ (ဥပမာ၊ ဒိနက သူတို့နဲ့ ဘယ်နေရာမှာ သွားတူနိုင်တာဖြစ်မလဲ။ အိမ်မှာ သူရှာမတွေ့ နိုင်တဲ့ ဘယ်အရာတွေကို ခါနာန်လူမျိုးတွေမှာ တွေ့ခဲ့တာဖြစ်နိုင်မလဲ။)

․․․․․

ရှေခင်ဆီမှာ ဘယ်နှစ်သက်ဖွယ် အရည်အသွေးတွေကို ဒိန တွေ့ခဲ့တာဖြစ်နိုင်မလဲ။ (အခန်းငယ် ၃၊ ၁၂ နဲ့ ၁၉ တို့ကို ပြန်ဖတ်ပါ။)

․․․․․

ရှေခင်နဲ့အတူတူ အိပ်ဖို့ ဒိန အလိုမတူခဲ့ဘူးဆိုတာကို သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ။ (အခန်းငယ် ၂ ကိုပြန်ဖတ်ပါ။)

․․․․․

ရှေခင်မြို့သားတွေကိုသတ်ပြီး ရှိမောင်နဲ့လေဝိတို့ ပြန်လက်စားချေတာကို မှန်တယ်လို့ သင်ထင်သလား။ မှန်တယ်ဆိုရင် ဘာကြောင့်လဲ။ မှားတယ်ဆိုရင်ကော ဘာကြောင့်လဲ။

․․․․․

၃ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး သင်သိရှိခဲ့တာတွေကို ချရေးပါ။

အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ဖို့လို။

․․․․․

ဒေါသထွက်ဖို့ အကြောင်းကောင်းရှိရင်တောင် စိတ်ကို ချုပ်တည်းထားဖို့လို။

․․․․․

သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။

ဘုရားသခင်ရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို အရေးမစိုက်တဲ့သူတွေရဲ့ လိင်ဆိုင်ရာအမြတ်ထုတ်မှုကို မခံရအောင် သင် ဘယ်အရာတွေ လုပ်ဆောင်နိုင်မလဲ။

․․․․․

၄ ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ၊ ဘာကြောင့်လဲ။

․․․․․

သင့်မှာ ကိုယ်ပိုင်ကျမ်းစာမရှိရင် ယေဟောဝါသက်သေတွေဆီမှာ တောင်းခံပါ၊ ဒါမှမဟုတ် www.pr2711.com ဝက်ဘ်ဆိုက်မှာ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ