လူငယ်စာရှုသူများအတွက်
သွေးဆောင်မှုကို တွန်းလှန်နိုင်ပုံ
ယောသပ်—အပိုင်း ၁
လမ်းညွှန်ချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လိုအသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေခံစားသလို လိုက်ခံစားကြည့်ပါ။
အဓိကဇာတ်ကောင်များ– ယောသပ်၊ ပေါတိဖာရဲ့မယား
အကျဉ်းချုပ်– ပေါတိဖာရဲ့မယားက သူနဲ့အတူအိပ်ဖို့ သွေးဆောင်တာကို ယောသပ် တွန်းလှန်ခဲ့။
၁ ကမ္ဘာဦး ၃၉:၁-၁၂ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။
ပေါတိဖာရဲ့ ကြီးကျယ်ခမ်းနားတဲ့အိမ်ကို သင့်စိတ်ထဲ မြင်ယောင်တဲ့အတိုင်း ဖော်ပြပါ။
․․․․․
ယောသပ်ရဲ့ ရုပ်ရည်ရူပကာကို သင် ဘယ်လိုပုံဖော်မလဲ။ (သဲလွန်စ– အခန်းငယ် ၆ ကိုပြန်ဖတ်ပါ။)
․․․․․
အခန်းငယ် ၈ နဲ့ ၉ အရ ပေါတိဖာရဲ့မယားနဲ့ ယောသပ် စကားပြောဆိုနေချိန်မှာ ယောသပ် ဘယ်လိုခံစားနေမယ်လို့ သင်ထင်သလဲ။
․․․․․
၂ ထပ်လေ့လာကြည့်ပါဦး။
ယောသပ်ဟာ ဘယ်အရာတွေကြောင့် သူ့ရဲ့ကိုယ်ကျင့်တရားကို အလျှော့ပေးလိုက်လျောဖို့ သွေးဆောင်ခံရနိုင်သလဲ။ (သဲလွန်စ– ဖိလိပ္ပိ ၂:၁၂ ကိုဖတ်ပြီး ယောသပ်ရဲ့အခြေအနေတွေကို စဉ်းစားပါ။ ဥပမာ၊ အဲဒီအချိန်မှာ ယောသပ်ရဲ့ မိသားစုဝင်တွေနဲ့ ယေဟောဝါဘုရားသခင်ကို ကိုးကွယ်တဲ့သူတွေက ဘယ်မှာရှိနေသလဲ။)
․․․․․
အဲဒီအချိန်တုန်းက အိမ်ထောင်ရေးမဖောက်ပြန်ရဆိုတဲ့ ဘုရားသခင်ရဲ့ပညတ် မရှိသေးပါဘူး။ ဒါပေမဲ့ အိမ်ထောင်ရေးဖောက်ပြန်တာက ဘုရားသခင်ကို ပြစ်မှားရာရောက်တယ်ဆိုပြီး ယောသပ် ဘာကြောင့် ယူမှတ်တယ်လို့ သင်ထင်သလဲ။ (သဲလွန်စ– ကမ္ဘာဦး ၂:၂၄; ၁၂:၁၇၊ ၁၈; ရောမ ၂:၁၄၊ ၁၅ နဲ့ ဟေဗြဲ ၅:၁၄ တို့ကိုဖတ်ပြီး စဉ်းစားဆင်ခြင်ပါ။)
․․․․․
၃ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး သင် သိရှိခဲ့တာတွေကို ချရေးပါ။
စိတ်ချုပ်တည်းခြင်းနဲ့ အကျင့်သိက္ခာတို့ရဲ့ ဆက်စပ်မှု။
․․․․․
ဘုရားသခင်ရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေကို လိုက်နာကျင့်သုံးသူတွေ ရရှိတဲ့ အကျိုးကျေးဇူးများ။
․․․․․
“အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်” ဖို့ သင့်ရဲ့ “သိနားလည်နိုင်စွမ်း” ကို လေ့ကျင့်ပေးဖို့လို။ (ဟေဗြဲ ၅:၁၄)
․․․․․
သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။
လိင်ဆိုင်ရာသွေးဆောင်မှုကို တွန်းလှန်ဖို့ လိုအပ်လာတဲ့အခါ ဘယ်ကဏ္ဍ (တွေ) မှာ ပိုပြီးပြတ်ပြတ်သားသား လုပ်ဆောင်နိုင်မလဲ။ (သဲလွန်စ– ယောဘ ၃၁:၁; ဆာလံ ၁၁၉:၃၇; ဧဖက် ၅:၃၊ ၄ တို့ကိုဖတ်ပြီး စဉ်းစားဆင်ခြင်ပါ။)
․․․․․
၄ ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ။ ဘာကြောင့်လဲ။
․․․․․
သင့်မှာ ကိုယ်ပိုင်ကျမ်းစာမရှိရင် ယေဟောဝါသက်သေတွေဆီမှာ တောင်းခံပါ၊ ဒါမှမဟုတ် www.watchtower.org ဝက်ဘ်ဆိုက်မှာ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုနိုင်ပါတယ်