ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၂/၁ စာ. ၈-၉
  • ကပ်ဘေးတွေ လုံးဝရှိတော့မှာ မဟုတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကပ်ဘေးတွေ လုံးဝရှိတော့မှာ မဟုတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် ဘာလုပ်ရမလဲ
  • သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သဘာဝဘေးဆိုးများ—ဘုရားသခင်က ရက်စက်တယ်ဆိုတဲ့ အထောက်အထားလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သဘာဝဘေးဒဏ်များ ဘုရားသခင်ကြောင့်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၂/၁ စာ. ၈-၉

ကပ်ဘေးတွေ လုံးဝရှိတော့မှာ မဟုတ်

တစ်စုံတစ်ယောက်က သင့်ကို “မကြာခင် ကပ်ဘေးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး” လို့ပြောလာရင် သင် ဘယ်လိုတုံ့ပြန်မလဲ။ “ခင်ဗျား အိပ်မက် မက်နေတာလား။ ကပ်ဘေးတွေက ဖြစ်နေကျပဲ” ဆိုပြီး တုံ့ပြန်ကောင်း တုံ့ပြန်မှာ ဖြစ်တယ်။ ဒါမှမဟုတ် ‘ခင်ဗျားပြောတိုင်း ယုံရမှာလား’ ဆိုပြီး စဉ်းစားကောင်း စဉ်းစားမိနိုင်တယ်။

သဘာဝကပ်ဘေးတွေ အမြဲ ရှိနေမယ့်ပုံရပေမဲ့ မရှိတော့မယ့်အချိန် တကယ်ရောက်လာမယ်ဆိုတာ မျှော်လင့်နိုင်ပါတယ်။ ဒါပေမဲ့ လူ့ကြိုးပမ်းမှုနဲ့တော့ မရနိုင်ဘူး။ သဘာဝတရားမှာ ဘာကြောင့် ဒီလိုဖြစ်ပျက်နေရတာလဲဆိုတာကို လူတွေ အပြည့်အဝ နားမလည်နိုင်သလို ထိန်းချုပ်နိုင်စွမ်း ဒါမှမဟုတ် ပြောင်းလဲနိုင်စွမ်းလည်း မရှိဘူး။ ဉာဏ်ပညာကြီးမားပြီး လေ့လာစူးစမ်းနိုင်စွမ်းမှာ အရမ်းထက်မြက်တဲ့ ရှေးအစ္စရေးဘုရင် ရှောလမုန်က ဒီလိုရေးခဲ့တယ်– “ဘုရားသခင် ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍စစ်သော်လည်း အကုန်အစင် မသိနိုင်။ ထိုမျှမက ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း အကြံမမြောက်နိုင်ရာ။”—ဒေ. ၈:၁၇။

သဘာဝကပ်ဘေးတွေကို လူတွေ မထိန်းချုပ်နိုင်ဘူးဆိုရင် ဘယ်သူ ထိန်းချုပ်နိုင်သလဲ။ ကျမ်းစာမှာ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ကို ကပ်ဘေးတွေ ထိန်းချုပ်နိုင်တဲ့အရှင်အဖြစ် ဖော်ပြထားပါတယ်။ ဘုရားသခင်ဟာ ရေသံသရာလိုမျိုး ဂေဟစနစ်တွေကို သူ့နေရာနဲ့သူ လုပ်ထားပေးတဲ့အရှင်လည်း ဖြစ်ပါတယ်။ (ဒေ. ၁:၇) လူသားတွေနဲ့ လုံးဝမတူတာက ဘုရားသခင်မှာ မိမိရဲ့ အတိုင်းအဆမဲ့တန်ခိုးကို လိုသလို အသုံးပြုနိုင်စွမ်းရှိခြင်း ဖြစ်တယ်။ ဒီအချက်ကို သက်သေထူတဲ့အနေနဲ့ ပရောဖက် (ကြိုဟောသူ) ယေရမိက ဒီလိုပြောခဲ့တယ်– ‘အိုအရှင်ထာဝရဘုရားသခင် ကိုယ်တော်သည် မဟာတန်ခိုးနှင့် လက်ရုံးတော်ကို ဆန့်၍ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော် မတတ်နိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပါ။’ (ယေရမိ ၃၂:၁၇) ကမ္ဘာမြေကြီးနဲ့ ကမ္ဘာပေါ်က အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းထားတဲ့အတွက် လူသားတွေ ငြိမ်သက်အေးချမ်းပြီး လုံခြုံစွာ နေထိုင်နိုင်အောင် အဲဒီအရာတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ကိုယ်တော် သိရှိထားတာက ယုတ္တိရှိပါတယ်။—ဆာလံ ၃၇:၁၁; ၁၁၅:၁၆။

ဒါဆိုရင် လိုအပ်တဲ့ ပြောင်းလဲမှုကို ဘုရားသခင် ဘယ်လို လုပ်ဆောင်မလဲ။ ကနေ့ ဖြစ်ပျက်နေတဲ့ ထိတ်လန့်ဖွယ် ကပ်ဘေးတွေဟာ “လောကစနစ်နိဂုံးပိုင်း” ကိုမှတ်သားဖော်ပြတဲ့ ‘လက္ခဏာ’ ဖြစ်တယ်ဆိုတာကို ဒီဆောင်းပါးတွဲရဲ့ ဒုတိယဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။ ယေရှုက “ထိုအခြင်းအရာများ ဖြစ်ပျက်သည်ကို သင်တို့မြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော် နီးပြီဖြစ်ကြောင်း သိမှတ်ကြလော့” ဆိုပြီး ပြောခဲ့တယ်။ (မဿဲ ၂၄:၃; လုကာ ၂၁:၃၁) ကောင်းကင်အစိုးရဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ဟာ မြေကြီးပေါ် ပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်စေမယ့်အပြင် သဘာဝစွမ်းအားတွေကိုတောင် ထိန်းချုပ်ပေးပါလိမ့်မယ်။ အဲဒါတွေကို ယေဟောဝါဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်နိုင်ပေမဲ့ သားတော်ယေရှုကို တာဝန်လွှဲအပ်ထားပါတယ်။ ယေရှုနဲ့ပတ်သက်ပြီး ဒံယေလက ဒီလိုကြိုပြောခဲ့တယ်– “အရပ်ရပ်တို့၌ နေ၍ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။”—ဒံယေလ ၇:၁၄။

ဘုရားသခင့်သားတော် ယေရှုခရစ်ဟာ ကမ္ဘာမြေကြီးကို နေချင်စဖွယ်ဖြစ်အောင် လိုအပ်တဲ့ အပြောင်းအလဲအားလုံးကို ပြုလုပ်ဖို့ တန်ခိုးရရှိထားပြီ ဖြစ်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်က ယေရှု မြေကြီးပေါ် ရှိနေတုန်း သဘာဝအင်အားစုတွေကို ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာ အနည်းအကျဉ်း ပြသသွားခဲ့တယ်။ တစ်ခါမှာ ယေရှုနဲ့ တပည့်တွေဟာ ဂါလိလဲအိုင်ကို လှေနဲ့ ဖြတ်ကူးနေတုန်း “လေပြင်းမုန်တိုင်းကျ၍ လှိုင်းများ ရိုက်ခတ်သဖြင့် လှေသည် နစ်လုမတတ်ဖြစ်လေ၏။” တပည့်တွေဟာ အတော်လေးကို ထိတ်လန့်သွားကြတယ်။ သေမှာစိုးတဲ့အတွက် ယေရှုကို အားကိုးတကြီး အကူအညီတောင်းကြတယ်။ ယေရှု ဘာလုပ်ပေးခဲ့သလဲ။ ကိုယ်တော်က “လေကိုဆုံးမလျက် ရေကို ‘တိတ်ဆိတ်ငြိမ်ဝပ်စွာနေ’ ဟုမိန့်တော်မူ၏။ ထိုအခါ လေမုန်တိုင်းစဲ၍ အလွန်ငြိမ်သက်လေ၏။” ဒီအခြင်းအရာကို မြင်လိုက်တဲ့ တပည့်တွေဟာ အံ့သြမှင်တက်သွားပြီး “ဧကန်စင်စစ် ဤသူကား မည်သူနည်း။ လေနှင့် ရေတို့ပင် သူ၏စကားကို နားထောင်ကြပါသည်” လို့ပြောဆိုကြတယ်။—မာကု ၄:၃၇-၄၁။

ကောင်းကင်ဘုံကို ယေရှု တက်ကြွသွားပြီးတဲ့နောက် ပိုပြီးကြီးမြတ်တဲ့ တန်ခိုးနဲ့ အခွင့်အာဏာ ထပ်အပ်နှင်းခံခဲ့ရပါတယ်။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်အနေနဲ့ ယေရှုမှာ ကမ္ဘာမြေကြီးပေါ် လူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်အောင် လိုအပ်တဲ့ အပြောင်းအလဲအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိတဲ့အပြင် လုပ်ဆောင်ဖို့တာဝန်လည်း ရထားပါတယ်။

ဒါပေမဲ့ ကျွန်ုပ်တို့ သိခဲ့ရတဲ့အတိုင်း လူတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတွေနဲ့ ကပ်ဘေး အတော်များများဟာ ကိုယ်ကျိုးရှာ အမြတ်ထုတ်သမားတွေနဲ့ လိုဘကြီးတဲ့သူတွေကြောင့် ဖြစ်လာတာ ဒါမှမဟုတ် ပိုပြီး ဆိုးဝါးလာတာ ဖြစ်ပါတယ်။ အဲဒီလိုနည်းတွေကို စွဲစွဲမြဲမြဲ ပြုကျင့်နေသူတွေနဲ့ ပြောင်းလဲလိုစိတ် မရှိတဲ့သူတွေကို ဘုရားသခင့်နိုင်ငံတော်က ဘယ်လို အရေးယူမလဲ။ “ဘုရားသခင်ကို မသိသောသူတို့နှင့် ငါတို့၏သခင်ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို မနာယူသောသူတို့အား လက်စားချေ” ဖို့ “တန်ခိုးရှိသော ကောင်းကင်တမန်များနှင့်အတူ ကောင်းကင်ဘုံ” ကနေ “မီးလျှံနှင့်တကွ” ယေရှု ကြွလာတဲ့အကြောင်း ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ကိုယ်တော်ဟာ “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” ပါလိမ့်မယ်။—၂ သက်သာလောနိတ် ၁:၇၊ ၈; ဗျာ. ၁၁:၁၈။

အဲဒီနောက် “ဘုရင်တကာတို့၏ ဘုရင်” ဖြစ်တဲ့ ယေရှုခရစ်ဟာ ကမ္ဘာပေါ်က လေ၊ မိုးစတဲ့ သဘာဝစွမ်းအားတွေကို အပြည့်အဝ ထိန်းချုပ်ပေးပါလိမ့်မယ်။ (ဗျာ. ၁၉:၁၆) ဘုရားသခင့်နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံတဲ့သူတွေ သဘာဝကပ်ဘေးတွေ ထပ်မကြုံရတော့အောင် ကိုယ်တော် ပြုလုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ယေရှုဟာ မိမိရဲ့တန်ခိုးကို အသုံးပြုပြီး လူသားတွေရဲ့အကျိုးအတွက် ရာသီဥတုတွေ ပုံမှန်လည်ပတ်နိုင်အောင် သဘာဝစွမ်းအားတွေကို ထိန်းညှိပေးပါလိမ့်မယ်။ ရှေးခေတ်က အစ္စရေးလူတွေကို ပေးခဲ့တဲ့ ယေဟောဝါဘုရားသခင်ရဲ့ ဒီကတိစကားက အမှန်တကယ် ဖြစ်လာပါလိမ့်မယ်– “အချိန်တန်သော် ငါသည် သင်တို့အဖို့ မိုးရွာစေသဖြင့် မြေသည် အသီးအနှံကိုပေး၍ ဥယျာဉ်အပင်များသည် အသီးသီးကြလိမ့်မည်။” (ဝတ်ပြုရာ ၂၆:၄၊ သမ္မာ) လူတွေဟာ ကပ်ဘေးတစ်ခုခုကြောင့် အိမ်တွေ ပျက်စီးဆုံးရှုံးသွားမှာကို စိုးရိမ်စရာမလိုတော့ဘဲ အိမ်တွေ ဆောက်လုပ်နိုင်တော့မယ်ဆိုတာကို ကျမ်းစာမှာ အခုလိုဖော်ပြထားတယ်– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။”—ဟေရှာယ ၆၅:၂၁။

သင် ဘာလုပ်ရမလဲ

ဆိုးဝါးတဲ့ သဘာဝကပ်ဘေးတွေ မရှိတော့တဲ့ ကမ္ဘာပေါ်မှာ အသက်ရှင်ရမယ်ဆိုတဲ့ အချက်ကို တခြားသူတွေလိုပဲ သင်လည်း နှစ်သက်မှာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ သင် နေထိုင်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။ “ဘုရားသခင်ကို မသိသောသူ” တွေနဲ့ “သတင်းကောင်းကို မနာယူသောသူ” တွေဟာ ကပ်ဘေး မရှိတော့မယ့် ကမ္ဘာမှာ နေထိုင်ဖို့ အရည်အချင်းပြည့်မီမှာ မဟုတ်ပါဘူး။ အခုကတည်းက ဘုရားသခင်အကြောင်း လေ့လာသင်ယူပြီး ကမ္ဘာကိုအုပ်ချုပ်မယ့် ကိုယ်တော့်အစီအစဉ်ကို ထောက်ခံရမယ်ဆိုတာ ရှင်းနေပါတယ်။ ဘုရားသခင်ကို သိကျွမ်းလာပြီး သားတော်ယေရှုအားဖြင့် တည်ထောင်ထားတဲ့ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို နာယူဖို့ ကိုယ်တော် တောင်းဆိုထားတယ်။

အကောင်းဆုံးနည်းကတော့ သမ္မာကျမ်းစာကို သေသေချာချာ လေ့လာခြင်းဖြစ်ပါတယ်။ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက် လုံခြုံစိတ်ချရတဲ့ ဝန်းကျင်မှာ အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ကျမ်းစာထဲမှာ ပါရှိတယ်။ ကျမ်းစာသွန်သင်ချက်တွေ သိချင်ရင် ယေဟောဝါသက်သေတွေဆီ အကူအညီတောင်းပါ။ သင့်ကို သူတို့ ကူညီပေးဖို့ အသင့်ပါပဲ။ ဘုရားသခင်ကို သိကျွမ်းဖို့နဲ့ သတင်းကောင်းကို နာယူဖို့ ကြိုးစားမယ်ဆိုရင် ဖော်ပြထားတဲ့ ကျမ်းစာစကားက သင့်အပေါ် ပြည့်စုံလာမယ်ဆိုတာ သေချာပါတယ်– “ငါ့စကားကို နားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကို မကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။”—သု. ၁:၃၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ