ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၄/၁ စာ. ၃၀-၃၁
  • အထူးတာဝန်တစ်ခု မောရှေ ရရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးတာဝန်တစ်ခု မောရှေ ရရှိ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သောဒုံနှင့်ဂေါမောရမြို့ ဖျက်ဆီးခံရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှု၏ အံ့ဖွယ်ကုသမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေရှုက နားထောင်နေသူတွေကို အံ့အားသင့်စေခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သွေးဆောင်မှုကို ယေရှုတွန်းလှန်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၄/၁ စာ. ၃၀-၃၁

လူငယ်စာရှုသူများအတွက်

အထူးတာဝန်တစ်ခု မောရှေ ရရှိ

လမ်းညွှန်ချက်များ– ဒီလေ့ကျင့်ခန်းကို ဆိတ်ငြိမ်တဲ့ဝန်းကျင်မှာ ပြုလုပ်ပါ။ အဖြစ်အပျက်ကို အသက်ဝင်စေပါ။ ဘယ်လိုအသက်ဝင်စေနိုင်သလဲဆိုရင် ကျမ်းချက်တွေကို ဖတ်ရှုရင်း အဖြစ်အပျက်မှာ သင် ပါဝင်နေတယ်လို့ စိတ်ကူးကြည့်ပါ။ စိတ်ထဲမှာ မြင်ယောင်ပါ။ အသံတွေကို ကြားယောင်ပါ။ ဇာတ်ကောင်တွေ ခံစားသလို လိုက်ခံစားကြည့်ပါ။

အဓိကဇာတ်ကောင်များ– ယေဟောဝါဘုရားသခင်နဲ့ မောရှေ

အကျဉ်းချုပ်– အစ္စရေးလူတွေကို အီဂျစ်ပြည်ကနေ ခေါ်ဆောင်လာဖို့ မောရှေကို ယေဟောဝါ တာ၀န်ပေး။

၁ ထွက်မြောက်ရာ ၃:၁-၁၄; ၄:၁-၁၇ ကိုဖတ်ပြီး အဖြစ်အပျက်ကို ဆန်းစစ်ပါ။

မီးလောင်နေတဲ့ ချုံပုတ်ကို သင် မြင်ယောင်တဲ့အတိုင်း ဖော်ပြပါ။

․․․․․

ထွက်မြောက်ရာ ၃:၄ မှာ မှတ်တမ်းတင်ထားတဲ့အတိုင်း ဘုရားသခင်ရဲ့စကားတော်ကို မောရှေ ကြားတဲ့အခါ သူ့ရဲ့မျက်နှာအသွင်အပြင်၊ သူ့ရဲ့အသံက ဘယ်လိုဖြစ်နေမယ်လို့ သင် ထင်သလဲ။

․․․․․

ထွက်မြောက်ရာ ၃:၁၁၊ ၁၃၊ နဲ့ ၄:၁၊ ၁၀ မှာ မှတ်တမ်းတင်ထားတဲ့အတိုင်း ယေဟောဝါကို မောရှေ မေးခဲ့တဲ့ စကားတွေထဲမှာ ဘယ်လိုခံစားချက်တွေ ရှိနေမယ်ဆိုတာကို သင် ခွဲခြားပြနိုင်ပါသလား။

၂ ထပ်လေ့လာကြည့်ပါဦး။

“ငါဖြစ်သည်အတိုင်း ငါဖြစ်၏” ဆိုတဲ့စကားနဲ့ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့အတွက် ရနိုင်သမျှ စာပေတွေကို အသုံးပြုကာ ရှာဖွေလေ့လာကြည့်ပါ။ (ထွက်မြောက်ရာ ၃:၁၄) ယေဟောဝါဟာ မိမိရဲ့နာမည်နဲ့ပတ်သက်ပြီး မောရှေ မေးတာကို ဘာကြောင့် အဲဒီလို ပြန်ဖြေတာလဲ။a

․․․․․

အီဂျစ်ဘုရင် ဖာရောနဲ့ စကားပြောဖို့ မောရှေ ဘာကြောင့် တွန့်ဆုတ်ရတယ်လို့ သင် ထင်သလဲ။ (သဲလွန်စ– တောလည်ရာ ၁၂:၃ ကိုဖတ်ပါ။)

․․․․․

တခြားအစ္စရေးအမျိုးသားချင်းတွေနဲ့ စကားပြောဖို့ မောရှေ ဘာကြောင့် တွန့်ဆုတ်တာဖြစ်နိုင်သလဲ။

․․․․․

၃ လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် အောက်ပါအချက် တွေနဲ့ပတ်သက်ပြီး သင် သိရှိခဲ့ရာတွေကို ချရေးပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုမရှိတဲ့ လူ့သဘောသဘာဝ။

․․․․․

သင်နဲ့ သင့်ပင်ကိုအစွမ်းအစတွေကို ယေဟောဝါဘုရားသခင်ရဲ့ ယုံကြည်စိတ်ချမှု။

․․․․․

သင့်ဘဝမှာ လက်တွေ့ကျင့်သုံးပါ။

သင့်ဘဝရဲ့ ဘယ်ကဏ္ဍတွေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု ကင်းမဲ့နေတတ်သလဲ။

သင်ဟာ လုပ်ချင်သလောက် မလုပ်နိုင်ပေမဲ့ ဘယ်လိုနည်းတွေနဲ့ ယေဟောဝါဘုရားသခင်အတွက် အသုံးဝင်တဲ့သူဖြစ်နိုင်သလဲ။

․․․․․

၄ ဒီမှတ်တမ်းမှာ ဘယ်အချက်တွေက သင့်စိတ်ကို အရမ်းထိမိစေသလဲ။ ဘာကြောင့်လဲ။

․․․․․

ဒီဆောင်းပါးကို www.pr2711.com ဝက်ဘ်ဆိုက်မှာ ကူးယူနိုင်ပါတယ်

သင့်မှာ ကိုယ်ပိုင်ကျမ်းစာမရှိရင် ယေဟောဝါသက်သေတွေဆီမှာ တောင်းခံပါ ဒါမှမဟုတ် www.watchtower.org ဝက်ဘ်ဆိုက်မှာ ကျမ်းစာအခြေပြု စာပေတွေကို ဖတ်ရှုနိုင်ပါတယ်

[အောက်ခြေမှတ်ချက်]

a ကျမ်းစာကို သင် နက်နက်နဲနဲ လေ့လာဆည်းပူးနိုင်အောင် ထောက်ကူပေးမယ့် စာပေအတော်များများ ယေဟောဝါသက်သေတွေ ထုတ်ဝေထားပါတယ်။ ဒီထက်မက ပိုသိချင်တယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ဆက်သွယ်နိုင်တယ်၊ ဒါမှမဟုတ် ဒီမဂ္ဂဇင်းထုတ်ဝေသူတွေဆီ စာရေးဆက်သွယ်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ