ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၈/၁ စာ. ၈-၁၀
  • မကြာခင် ဖြစ်လာတော့မယ့် အံ့ဖွယ်အမှုများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကြာခင် ဖြစ်လာတော့မယ့် အံ့ဖွယ်အမှုများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • မသန်မစွမ်းမှုများ မည်သို့ အဆုံးတိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ခရစ်တော်ဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေရှု ၏အံ့ဖွယ်အမှုများ—သင်အဘယ်အရာ သင်ယူနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ‘စစ်မှန်၍ တစ်ပါးတည်းဖြစ်သော ဘုရားသခင်’ ကတိထားခဲ့ရာများ
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၈/၁ စာ. ၈-၁၀

မကြာခင် ဖြစ်လာတော့မယ့် အံ့ဖွယ်အမှုများ

ခွဲစိတ်ဆရာဝန်တစ်ဦးက သင့်ကို အကြီးစားခွဲစိတ်မှုတစ်ခု လုပ်တော့မယ် ဆိုပါစို့။ ခွဲစိတ်မယ့်ဆရာဝန်က အကြီးစားခွဲစိတ်မှု တစ်ခါမှမလုပ်ဖူးဘူးလို့ သိလိုက်ရတဲ့အခါ သင် ဘယ်လိုဖြစ်နေမလဲ။ အရမ်းစိုးရိမ်သွားမှာ သေချာပါတယ်။ ဒါပေမဲ့ သင့်ကို ခွဲစိတ်မယ့်ဆရာဝန်က အကြီးစားခွဲစိတ်မှုတွေ အများကြီးလုပ်ခဲ့တဲ့ အတွေ့အကြုံရှိသူဖြစ်တယ် ဆိုရင်ကော။ အဲဒီဆရာဝန်ကို သင် ယုံကြည်စိတ်ချမယ် မဟုတ်ဘူးလား။

ယေဟောဝါဘုရားသခင်က ခွဲစိတ်မှု အများကြီးလုပ်ဖူးတဲ့ ဆရာဝန်နဲ့တူပြီး ကမ္ဘာကြီးဟာ ခွဲစိတ်ဖို့လိုအပ်နေတဲ့ လူနာနဲ့တူနေပါတယ်။ ယေဟောဝါဘုရားသခင်က ဒီကမ္ဘာကို သူ့မူလရည်ရွယ်ချက်အတိုင်း သာယာလှပတဲ့နေရာဖြစ်အောင် ပြန်လုပ်ဆောင်မယ်လို့ ကျမ်းစာကနေတစ်ဆင့် ဖော်ပြတယ်။ (၂ ပေတရု ၃:၁၃) ဒါပေမဲ့ လှပတဲ့နေရာဖြစ်ဖို့ဆိုရင် လူနာရဲ့ကိုယ်ခန္ဓာက မကောင်းတဲ့အပိုင်းကို ဖြတ်ထုတ်ရသလိုပဲ အရင်ဆုံး ကမ္ဘာပေါ်က ဆိုးသွမ်းတဲ့သူတွေကို ဖယ်ရှားပစ်ရမှာဖြစ်တယ်။ (ဆာလံ ၃၇:၉-၁၁; သုတ္တံ ၂:၂၁၊ ၂၂) ကျွန်ုပ်တို့ဝန်းကျင်မှာဖြစ်နေတဲ့ မကောင်းတဲ့အခြေအနေတွေကို ဖယ်ရှားပစ်ရမှာဖြစ်တယ်။ အဲဒါတွေက မကြာခင်ဖြစ်လာတော့မယ့် အံ့ဖွယ်ဖြစ်ရပ်ပါပဲ။—ဗျာဒိတ် ၂၁:၄၊ ၅။

အဲဒီလိုအပြောင်းအလဲကြီးတွေ မကြာခင် ဖြစ်လာတော့မယ်ဆိုတာကို ယေဟောဝါသက်သေတွေ ယုံကြည်ကြတယ်။ ဘာဖြစ်လို့လဲ။ ဘုရားသခင်ဟာ ကျန်ရှိနေသေးတဲ့ သူ့ကတိတွေကို ပြည့်စုံအောင်လုပ်နိုင်တဲ့အစွမ်း ရှိတယ်ဆိုတာကို လုပ်ပြပြီးပြီဖြစ်တဲ့ အံ့ဖွယ်ဖြစ်ရပ်တွေက သက်သေထူနေလို့ပါပဲ။ အနာဂတ်မှာဖြစ်လာမယ့် ကျမ်းစာကတိပြုချက် အံ့ဖွယ်ဖြစ်ရပ် ခြောက်ခုကိုပဲ သုံးသပ်ကြည့်ပါ။

အနာဂတ်မှာဖြစ်လာမယ့် ကျမ်းစာကတိပြုချက်တွေအကြောင်း သင် ဆက်ပြီးလေ့လာပါ။ သင့်ယုံကြည်ခြင်း တိုးပွားလာမယ်ဆိုရင် ယေဟောဝါဘုရားသခင် အံ့ဖွယ်အမှုတွေ လုပ်ဆောင်တဲ့အခါ သင်လည်း အကျိုးခံစားခွင့်ရရှိပါလိမ့်မယ်။

[စာမျက်နှာ ၉၊ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အံ့ဖွယ်အမှု–

ယေရှုဟာ မုန့်နည်းနည်း၊ ငါးနည်းနည်းနဲ့ လူထောင်နဲ့ချီကို ကျွေးမွေးခဲ့တယ်။—မဿဲ ၁၄:၁၃-၂၁; မာကု ၈:၁-၉; ယောဟန် ၆:၁-၁၄။

ကတိပြုချက်–

‘မြေသည် အသီးအနှံကိုထွက်စေ၍ ဘုရားသခင်၊ ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူမည်။’—ဆာလံ ၆၇:၆၊ သမ္မာ။

အကျိုးရလဒ်–

ဘယ်သူမှ ဆာလောင်မွတ်သိပ်ရတဲ့အဖြစ်မျိုး မကြုံရတော့ဘူး။

အံ့ဖွယ်အမှု–

ယေရှုဟာ မျက်မမြင်ကို မျက်စိပြန်မြင်အောင် လုပ်ပေးခဲ့တယ်။—မဿဲ ၉:၂၇-၃၁; မာကု ၈:၂၂-၂၆။

ကတိပြုချက်–

“မျက်မမြင်တို့သည် မျက်စိမြင်ကြလိမ့်မည်။”—ဟေရှာယ ၃၅:၅၊ ခမ။

အကျိုးရလဒ်–

မျက်စိမမြင်သူအားလုံး ပြန်မြင်လာရမယ်။

အံ့ဖွယ်အမှု–

မသန်မစွမ်းတွေကို ယေရှုကုသပေးခဲ့တယ်။—မဿဲ ၁၁:၅၊ ၆; ယောဟန် ၅:၃-၉။

ကတိပြုချက်–

“ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။”—ဟေရှာယ ၃၅:၆။

အကျိုးရလဒ်–

မသန်မစွမ်းသူအားလုံး ပြန်သန်စွမ်းလာကြမယ်။

အံ့ဖွယ်အမှု–

ဖျားနာမှုအမျိုးမျိုးကို ယေရှု ကုသပေးခဲ့တယ်။—မာကု ၁:၃၂-၃၄; လုကာ ၄:၄၀။

ကတိပြုချက်–

“မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄။

အကျိုးရလဒ်–

အားအင်ကုန်ခန်းစေတဲ့ ဖျားနာမှုအားလုံး ပျောက်ကွယ်သွားမယ်။ ပြီးပြည့်စုံတဲ့ ကျန်းမာရေးပိုင်ဆိုင်ရမယ်။

အံ့ဖွယ်အမှု–

သဘာဝစွမ်းအားစုတွေကို ယေရှု ထိန်းချုပ်ခဲ့တယ်။—မဿဲ ၈:၂၃-၂၇; လုကာ ၈:၂၂-၂၅။

ကတိပြုချက်–

“လူတို့သည် အိမ်များကိုတည်ဆောက်၍ မိမိတို့ကိုယ်တိုင် နေထိုင်ရကြလိမ့်မည်။ . . . လူတို့သည် စပျစ်ဥယျာဉ်များကို စိုက်ပျိုး၍ စပျစ်သီးများကို စားရကြလိမ့်မည်။ . . . သူတို့သည် . . . ဘေးအန္တရာယ် ရောက်ရကြလိမ့်မည်မဟုတ်။”—ဟေရှာယ ၆၅:၂၁၊ ၂၃၊ ခမ။

“သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည်လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့်ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်းဝေး၍ သင့်အနီးသို့မရောက်ရ။” —ဟေရှာယ ၅၄:၁၄။

အကျိုးရလဒ်–

သဘာဝကပ်ဘေးတွေ လုံးဝ ရှိတော့မှာမဟုတ်။

အံ့ဖွယ်အမှု–

သေလွန်သွားတဲ့သူတွေကို ယေရှု အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။—မဿဲ ၉:၁၈-၂၆; လုကာ ၇:၁၁-၁၇။

ကတိပြုချက်–

“သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် . . . ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။” —ယောဟန် ၅:၂၈၊ ၂၉။

“ပင်လယ်သည် မိမိ၌ရှိသောသေလွန်သူများကို ပေးအပ်၏။ သေခြင်းနှင့် သင်္ချိုင်းတို့လည်း မိမိတို့၌ရှိသော သေလွန်သူများကို ပေးအပ်ကြ၏။” —ဗျာဒိတ် ၂၀:၁၃။

အကျိုးရလဒ်–

ချစ်ရတဲ့ သေလွန်သွားသူတွေ အသက်ပြန်ရှင်လာကြမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ