ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၈/၁ စာ. ၁၆-၁၇
  • ယေရှု ဘယ်အချိန်မှာ ဘုရင်ဖြစ်လာသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု ဘယ်အချိန်မှာ ဘုရင်ဖြစ်လာသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နိုင်ငံတော်အဘက်ဘက်တွင် သာလွန်ကောင်းမွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားသခင့်အစိုးရ စတင်အုပ်စိုးခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ကျမ်းစာသက္ကရာဇ်စဉ်အရ ၁၉၁၄ ခုနှစ်အကြောင်း ဘာသိရသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၈/၁ စာ. ၁၆-၁၇

ဘုရားသခင့်စကားတော်မှ သင်ယူပါ

ယေရှု ဘယ်အချိန်မှာ ဘုရင်ဖြစ်လာသလဲ

ဒီဆောင်းပါးမှာ သင် မေးကောင်းမေးခဲ့ဖူးတဲ့ မေးခွန်းတွေ တင်ပြထားပြီး အဖြေတွေကို သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာ တွေ့ရှိနိုင်တဲ့အကြောင်း ဖော်ပြပေးထားပါတယ်။ ယေဟောဝါသက်သေတွေက အဖြေတွေကို သင်နဲ့အတူ ဆွေးနွေးလိုကြပါတယ်။

၁။ ယေရှုဟာ ဘယ်နိုင်ငံတော်မှာ အုပ်ချုပ်ရမယ်ဆိုပြီး ကတိပေးခံရသလဲ။

ရှေးခေတ်အစ္စရေးဘုရင် ဒါဝိဒ်ရဲ့ သားစဉ်မြေးဆက်တစ်ယောက်က ဘုရားသခင့်နိုင်ငံတော်မှာ အစဉ်အမြဲ အုပ်ချုပ်ရမယ်လို့ ဘုရားသခင် ကတိပေးခဲ့တယ်။ အဲဒီကြိုဟောထားတဲ့ ဒါဝိဒ်ရဲ့သားစဉ်မြေးဆက်တစ်ယောက်က ယေရှုဖြစ်ပါတယ်။ အခု ယေရှုဟာ ကောင်းကင်မှာ တည်ထောင်ထားတဲ့ ဘုရားသခင့်နိုင်ငံတော်မှာ ဘုရင်အဖြစ် အုပ်ချုပ်နေပါပြီ။—ဆာလံ ၈၉:၄; လုကာ ၁:၃၂၊ ၃၃ တို့ကိုဖတ်ပါ။

ဒါဝိဒ်ဟာ လူငယ်အရွယ်ရှိသေးစဉ်မှာပဲ ယေဟောဝါဘုရားသခင် ရွေးကောက်ထားတဲ့ အစ္စရေးလူမျိုးကို အုပ်ချုပ်ဖို့ ဘုရင်အဖြစ် ရွေးချယ်ခံရတယ်။ ဒါဝိဒ်သေဆုံးသွားပြီးနောက် ရှောလမုန်ဟာ ‘ထာဝရဘုရားသခင်၏ စံမြန်းရာနေရာပေါ်မှာ ထိုင်’ ဖို့ ရွေးချယ်ခံရတယ်။ (၁ ရာဇဝင်ချုပ် ၂၈:၄၊ ၅; ၂၉:၂၃) ရှောလမုန် သေပြီးနောက် ဂျေရုဆလင်မြို့မှာ ရှင်ဘုရင်တွေ တစ်ယောက်ပြီးတစ်ယောက် အုပ်ချုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီဘုရင်အများစုက ဘုရားသခင်အပေါ် သစ္စာမရှိကြဘူး။ နောက်ဆုံးမှာ ဂျေရုဆလင်မြို့ကို ဖျက်ဆီးပြီး အုပ်ချုပ်နေတဲ့ဘုရင်ကို ဖယ်ရှားဖို့ ဗာဗုလုန်စစ်တပ်ကို ဘုရားသခင် ခွင့်ပြုလိုက်တယ်။ အဲဒီအဖြစ်အပျက်တွေက ခရစ်နှစ်မတိုင်ခင် ၆၀၇ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီအချိန်ကတည်းကစပြီး ဒါဝိဒ်ရဲ့ သားစဉ်မြေးဆက်တစ်ယောက်မှ ပကတိဂျေရုဆလင်မြို့မှာ မအုပ်ချုပ်ကြတော့ပါဘူး။—ယေဇကျေလ ၂၁:၂၇ ကိုဖတ်ပါ။

၂။ ဘုရားသခင့်နိုင်ငံတော်က ဘယ်အချိန်ထိ ဘုရင်မရှိဘဲ ဖြစ်နေမှာလဲ။

ဂျေရုဆလင်မြို့ ပျက်စီးပြီး မကြာခင်မှာ ကောင်းကင်ကနေ အုပ်ချုပ်မယ့် ဘုရင်တစ်ပါးကို ရွေးချယ်မယ်လို့ ပရောဖက် (ကြိုဟောသူ) ဒံယေလကို ယေဟောဝါဘုရားသခင် ပြောခဲ့တယ်။ အဲဒီဘုရင်က ဘယ်အချိန်မှာ စတင်အုပ်ချုပ်မှာလဲ။—ဒံယေလ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။

ဘုရားသခင်ဟာ ဂျေရုဆလင်မြို့မှာရှိတဲ့ အုပ်ချုပ်မှုကို ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့တယ်။ နောက်ပိုင်း ဒံယေလ မြင်ခဲ့တဲ့ ရူပါရုံတစ်ခုမှာလည်း ဘုရားသခင်က ဧရာမသစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲဖို့ အမိန့်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီသစ်ပင်ရဲ့အမြစ်ကိုတော့ ချန်ထားခိုင်းတယ်။ ဒါမှ “ခုနစ်ကာလ” အကြာမှာ အဲဒီအပင်က ပြန်ရှင်သန်လာမှာဖြစ်တယ်။ သုံးကာလခွဲက ရက်ပေါင်း ၁,၂၆၀ နဲ့ညီတယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါကြောင့် “ခုနစ်ကာလ” ဟာ ရက်ပေါင်း ၂,၅၂၀ နဲ့ ညီမျှပါတယ်။ (ဗျာဒိတ် ၁၂:၆၊ ၁၄) ကျမ်းစာကြိုဟောချက်ထဲမှာ တစ်ခါတလေ ရက်က နှစ်ကို ကိုယ်စားပြုတယ်။ (တောလည်ရာ ၁၄:၃၄) ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်ဟာ နှစ်ပေါင်း ၂,၅၂၀ ကြာတဲ့အထိ ဘုရင်မရှိဘဲ ဖြစ်နေမှာဖြစ်တယ်။—ဒံယေလ ၄:၁၀-၁၇ ကိုဖတ်ပါ။

၃။ ယေရှုဟာ ဘယ်အချိန်မှာ ဘုရင်ဖြစ်လာသလဲ။

ဂျေရုဆလင်မြို့ ပျက်စီးပြီး နှစ်ပေါင်း ၂,၅၂၀ အကြာ ၁၉၁၄ ခုနှစ်မှာ ဘုရားသခင်က ယေရှုကို ကောင်းကင်နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ခန့်အပ်ခဲ့တယ်။ ယေရှု ဘုရင်ဖြစ်လာတာနဲ့တစ်ပြိုင်တည်း ဦးဆုံးပြုလုပ်ခဲ့တာက စာတန်နဲ့ ကောင်းကင်တမန်ဆိုးတွေကို ကောင်းကင်ကနေ နှင်ချလိုက်တာဖြစ်တယ်။ (ဗျာဒိတ် ၁၂:၇-၁၀) အဲဒီအဖြစ်အပျက်ကိုတော့ လူတွေ မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအဖြစ်ကြောင့် လူတွေ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ခဲ့ရတာကိုတော့ မြင်တွေ့ခဲ့ရပါတယ်။ (ဗျာဒိတ် ၁၂:၁၂) ၁၉၁၄ ခုနှစ်ကတည်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် အဲဒီနှစ်မှာ ယေရှု ဘုရင်ဖြစ်ခဲ့တယ်ဆိုတာ အခိုင်အမာပြောနိုင်ပါတယ်။—မဿဲ ၂၄:၁၄; လုကာ ၂၁:၁၀၊ ၁၁၊ ၃၁ တို့ကိုဖတ်ပါ။

၄။ ယေရှု ဘုရင်ဖြစ်တဲ့အတွက် သင် ဘာအကျိုးကျေးဇူးရမှာလဲ။

ယေရှု ဘုရင်ဖြစ်လာမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေ ပြည့်စုံတာက ဘုရားသခင့်စကားတော်ကို သင် ယုံကြည်စိတ်ချနိုင်တယ်ဆိုတဲ့ အထောက်အထားဖြစ်တယ်။ မကြာခင် ယေရှုဟာ ဘုရင့်အခွင့်အာဏာကိုသုံးပြီး လူသားတွေ ခံစားနေရတဲ့ ဆင်းရဲဝေဒနာအားလုံးကို ဖယ်ရှားပေးတော့မှာဖြစ်တယ်။—ဆာလံ ၇၂:၈၊ ၁၂၊ ၁၃; ဒံယေလ ၂:၄၄၊ ၄၅ တို့ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်း စာအုပ်ရဲ့ စာမျက်နှာ ၂၁၅-၂၁၈ မှာဖတ်ကြည့်ပါ။

[စာမျက်နှာ ၁၆၊ ၁၇ ပါ ဇယားကွက်]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

အောက်တိုဘာ

ခရစ်နှစ်မတိုင်ခင် ၆၀၇ ← နှစ်ပေါင်း ၂,၅၂၀ →ခရစ်နှစ် ၁၉၁၄

ခရစ်နှစ်မတိုင်ခင် ၁၀၀၀ | ခရစ်နှစ်မတိုင်ခင် ၁ ခုနှစ် | ခရစ်နှစ် ၁ ခုနှစ် | ခရစ်နှစ် ၁၀၀၀ ခုနှစ် | ခရစ်နှစ် ၂၀၀၀ ခုနှစ်

← ၆၀၆.၂၅ နှစ် →← ၁,၉၁၃.၇၅ နှစ် →

ဂျေရုဆလင်မြို့က အုပ်ချုပ်မှု အဆုံးတိုင်သွား

သင့်ရဲ့ဂဏန်းပေါင်းစက်ကို အသုံးပြုပါ– ၆၀၆.၂၅ + ၁,၉၁၃.၇၅ = ၂,၅၂၀

ဘုရားသခင်က ယေရှုကို ကောင်းကင်မှာ ဘုရင်အဖြစ်နန်းတင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ