ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၉/၁ စာ. ၃
  • အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမျိုးသမီးတွေကို ဘုရားသခင် ဂရုစိုက်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • အမျိုးသမီးများအား အကြမ်းဖက်မှု—ကမ္ဘာချီ ပြဿနာတစ်ရပ်
    နိုးလော့!—၂၀၀၈
  • “သခင်ဘုရား၏အမှုတော်၌ ကြိုးစားသောအမျိုးသမီးများ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အမျိုးသမီးတွေကို ဂုဏ်တင်ထိုက်တယ်လို့ ဘုရားသခင်ရှုမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၉/၁ စာ. ၃

အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ ပြဿနာများ

ယောက်ျားလေးစာသင်ခန်းမှာ မိန်းကလေးတစ်ဦး

“အမျိုးသမီးတွေကို ပြုမူဆက်ဆံတဲ့ပုံကို ကြည့်ပြီး သမီးလည်း အမျိုးသမီးတောင် မဖြစ်ချင်တော့ဘူး။” —ဇာခ်ရာ၊ ၁၅ နှစ်၊ ပြင်သစ်မဂ္ဂဇင်းတစ်စောင် (GEO) မှ ကိုးကားသည်။

ဖော်ပြပါ မိန်းကလေးရဲ့ စကားတွေက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသမီး ကြီးကြီးငယ်ငယ်တွေဟာ အကြမ်းဖက်ခံနေရပြီး ခွဲခြားဆက်ဆံ ခံနေရတယ်ဆိုတာကို အမှန်အတိုင်း ဖော်ပြနေတာဖြစ်တယ်။ အောက်မှာဖော်ပြထားတဲ့ အဖြစ်မှန်တွေကို သုံးသပ်ကြည့်ပါ။

  • ကျား/မ ခွဲခြားဆက်ဆံခံရမှု။ အာရှတိုက်မှာ မိဘအများစုက သမီးမိန်းကလေးထက် သားယောက်ျားလေးတွေကိုပဲ လိုချင်ကြတယ်။ ၂၀၁၁ ယူအဲန်အစီရင်ခံစာရဲ့ ခန့်မှန်းချက်အရ အာရှတိုက်မှာ ကိုယ်ဝန်ဖျက်ချမှု၊ ကလေးသတ်မှုနဲ့ လျစ်လျူရှုမှုတွေကြောင့် အမျိုးသမီး ၁၃၄ သန်းလောက်က စာရင်းပျောက်နေပါတယ်။

  • ပညာရေး။ ကမ္ဘာတစ်ဝန်းမှာ မူလတန်းအဆင့်နဲ့ပဲ ကျောင်းထွက်ခဲ့ရတဲ့သူတွေထဲက သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

  • လိင်ဆိုင်ရာ မတရားပြုကျင့်ခံရမှု။ အမျိုးသမီး သန်းပေါင်း နှစ်ထောင်ခြောက်ရာကျော်ဟာ အိမ်ထောင်အတွင်းမှာ လိင်ဆိုင်ရာ မတရားပြုကျင့်တာကို ရာဇဝတ်မှုလို့ မယူမှတ်သေးတဲ့ နိုင်ငံတွေမှာ နေထိုင်ကြတယ်။

  • ကျန်းမာရေး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် မီးဖွားစဉ် အခြေခံကျန်းမာရေးစောင့်ရှောက်မှု မခံရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ထပ်တိုးရောဂါတွေကြောင့် နှစ်မိနစ်တိုင်းမှာ အမျိုးသမီးတစ်ဦးနှုန်း သေဆုံးနေရတယ်။

  • ပစ္စည်းပိုင်ဆိုင်ခွင့်။ ကမ္ဘာ့စားနပ်ရိက္ခာရဲ့ ထက်ဝက်ကျော်ကျော်ကို အမျိုးသမီးတွေ စိုက်ပျိုးပေမဲ့ နိုင်ငံအတော်များများက အမျိုးသမီးတွေမှာ တရားဥပဒေအရ ပစ္စည်းပိုင်ဆိုင်ခွင့် ဒါမှမဟုတ် လယ်ယာမြေ အမွေဆက်ခံပိုင်ခွင့် မရှိကြဘူး။

စိတ်ဆင်းရဲနေတဲ့ အမျိုးသမီးတစ်ဦး

လူတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အမျိုးသမီးတွေ ဘာကြောင့် မရကြတာလဲ။ အကြောင်းက အမျိုးသမီးတွေကို မတော်မတရားပြုပြီး အကြမ်းဖက်ဖို့ အားပေးအားမြှောက်ပြုတဲ့အပြင် အဲဒီလိုလုပ်တာကို မှန်တယ်လို့ယူဆတဲ့ ဘာသာရေးယုံကြည်ချက်နဲ့ ဓလေ့ထုံးစံတချို့ကြောင့် ဖြစ်တယ်။ ပြင်သစ် နေ့စဉ်သတင်းစာ တစ်စောင်မှာ အိန္ဒိယရှေ့နေ ချန်ဒရာ ယာမီ ချိုပရာရဲ့စကားကို ဒီလို ကိုးကားဖော်ပြထားတယ်– “ဘာသာတရားတွေရဲ့ ပညတ်ချက်အားလုံးမှာ တူညီတဲ့ အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံဖို့ အားပေးထောက်ခံကြတာပဲ။”

သင့်မှာ အဲဒီအမြင်မျိုး ရှိပါသလား။ အမျိုးသမီးတွေကို အရေးမပါတဲ့သူတွေအဖြစ် တခြားဘာသာရေးစာပေ အတော်များများမှာ ဖော်ပြထားသလို သမ္မာကျမ်းစာမှာလည်း ဖော်ပြထားတယ်လို့ သင် ယူဆပါသလား။ ကျမ်းချက်တချို့မှာ အဲဒီလို ဖော်ပြထားပုံရတယ်လို့ တချို့က ယူဆကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာရဲ့ အာဘော်ရှင် ဘုရားသခင်က အမျိုးသမီးတွေကို ဘယ်လိုရှုမြင်ပါသလဲ။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိနေပေမဲ့ ကျမ်းစာဖော်ပြချက်တွေကို ရိုးရိုးသားသားနဲ့ သေသေချာချာ ဆန်းစစ်လေ့လာမယ်ဆိုရင် အဖြေရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ