ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၉/၁ စာ. ၃၀-၃၁
  • လောဘကြောင့် ဂေဟာဇိ ဒုက္ခရောက်ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောဘကြောင့် ဂေဟာဇိ ဒုက္ခရောက်ခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိန်းကလေးတစ်ယောက် လူစွမ်းကောင်းတစ်ယောက်ကို ကူညီခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သူသည် ကူညီလိုစိတ်ရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • အစပိုင်းမှာ ခေါင်းမာပေမယ့် နောက်တော့ နာခံခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေဟောဝါရဲ့ မီးလိုတောက်ပတဲ့ စစ်တပ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၉/၁ စာ. ၃၀-၃၁

သားသမီးတွေကို သွန်သင်ပေးပါ

ဖွင့်ထားတဲ့ကျမ်းစာ
လောဘကြောင့် ဂေဟာဇိ ဒုက္ခရောက်ခဲ့

သားက ကွန်ပျူတာဝယ်ပေးဖို့ မိခင်ကို ပူဆာနေ

ကလေးတို့ တစ်ခုခုကို အရမ်းလိုချင်တာမျိုးရှိလား။—a တခြားသူတွေလည်း ကလေးတို့လိုပဲ လိုချင်ကြတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာကို ရဖို့ လိမ်ပြောသင့်သလား။— မလိမ်သင့်ပါဘူး။ လိမ်ပြောတဲ့သူက လောဘကြီးတဲ့သူ ဖြစ်သွားမှာပေါ့။ ဂေဟာဇိဆိုတဲ့ လူတစ်ယောက် လောဘကြောင့် ဘယ်လိုဒုက္ခရောက်သွားသလဲ ဆိုတာကို လေ့လာကြည့်ရအောင်။ သူက ယေဟောဝါဘုရားသခင်ရဲ့ ပရောဖက် (ကြိုဟောသူ) ဧလိရှဲရဲ့ ကျွန်ပါ။

ဧလိရှဲနဲ့ ဂေဟာဇိတို့ဟာ ဘုရားသခင့်သားတော် ယေရှု မြေကြီးပေါ်မှာ မမွေးခင် နှစ်ပေါင်းတစ်ထောင်လောက်က အသက်ရှင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ယေဟောဝါဘုရားသခင်ဟာ သိပ်အံ့ဩစရာကောင်းတဲ့ အရာတွေ လုပ်ဖို့အတွက် ဧလိရှဲကို အသုံးပြုခဲ့တယ်။ ဥပမာ၊ သမ္မာကျမ်းစာမှာ အနူရောဂါဆိုးကြီး စွဲကပ်နေတဲ့ ရှုရိစစ်တပ်က အရေးပါတဲ့ လူတစ်ယောက်အကြောင်း ဖော်ပြထားတယ်။ သူ့ရောဂါကို ဘယ်သူမှ မကုသပေးနိုင်ပေမဲ့ ဧလိရှဲကတော့ ကုသပေးနိုင်ခဲ့တယ်။

နေမန်ပေးတဲ့ လက်ဆောင်တွေကို ဧလိရှဲငြင်းနေ

ဧလိရှဲဟာ ဘုရားသခင်ရဲ့ အကူအညီနဲ့ လူတွေကို ကုသပေးတဲ့အခါ ဘယ်တော့မှ ပိုက်ဆံ မယူခဲ့ဘူး။ ဘာကြောင့်လဲဆိုတာ ကလေးတို့ သိသလား။— ဘာကြောင့်လဲဆိုတော့ ဒီအံ့ဖွယ်အမှုတွေက သူ့အစွမ်းကြောင့်မဟုတ်ဘဲ ဘုရားသခင်ကြောင့်ဆိုတာ သူသိထားလို့လေ။ နေမန်ဟာ သူ့ရောဂါပျောက်သွားလို့ အရမ်းဝမ်းသာပြီး ဧလိရှဲကို ရွှေငွေတွေနဲ့ အဝတ်အစား လှလှလေးတွေကို လက်ဆောင်အဖြစ် ပေးချင်တယ်။ ဧလိရှဲက ဘာတစ်ခုကိုမှ မယူဘူး၊ ဒါပေမဲ့ ဂေဟာဇိကတော့ အဲဒီလက်ဆောင်တွေကို အရမ်းလိုချင်နေတယ်။

နေမန် ထွက်သွားပြီးတဲ့နောက် ဂေဟာဇိဟာ ဧလိရှဲကို မပြောဘဲ နေမန်နောက်ကို အမီလိုက်သွားတယ်။ နေမန်ဆီ ရောက်သွားတဲ့အခါ ဂေဟာဇိ သူ့ကို ဘာပြောလိုက်သလဲ သိလား။— ‘အခုပဲ ဧည့်သည်နှစ်ယောက် ရောက်လာတယ်ဆိုတာကို အရှင့်ကို ပြောဖို့ ဧလိရှဲက ကျွန်တော့်ကို လွှတ်လိုက်တာပါ။ သူက အဲဒီလူတွေကို ပေးဖို့ ဝတ်စုံနှစ်စုံ ရချင်တယ်တဲ့။’

နေမန်ကိုလိမ်ပြောနေတဲ့ ဂေဟာဇိ

ဒါပေမဲ့ အဲဒါလိမ်နေတာ။ ဧည့်သည်နှစ်ယောက်ဆိုတာ ဂေဟာဇိရဲ့ လုပ်ကြံဇာတ်လမ်းပါ။ ဧလိရှဲကို နေမန်ပေးချင်တဲ့ အဝတ်အစားတွေကို သူလိုချင်လို့ အဲဒီလို ပြောလိုက်တာလေ။ နေမန်ကတော့ ဒါကို မသိရှာပါဘူး။ ဒါကြောင့် ဂေဟာဇိကို လက်ဆောင်တွေ ကြည်ကြည်ဖြူဖြူပဲ ပေးလိုက်တယ်။ ဂေဟာဇိ တောင်းတာထက်ကို ပိုပြီးတော့တောင် ပေးလိုက်သေးတယ်။ ဒါနဲ့ ဘယ်လိုဆက်ဖြစ်သလဲ သိလား။—

ဂေဟာဇိ အိမ်ပြန်ရောက်လာတော့ ဧလိရှဲက ‘မင်းဘယ်သွားနေတာလဲ’ ဆိုပြီး မေးလိုက်တယ်။

‘ဘယ်မှမသွားပါဘူး’ လို့ ဂေဟာဇိ ပြန်ဖြေတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်က ဂေဟာဇိ ဘာတွေလုပ်ခဲ့တယ်ဆိုတာကို ဧလိရှဲကို ပြောပြလိုက်တယ်။ ဒါနဲ့ ဧလိရှဲက ဂေဟာဇိကို ‘အခုအချိန်က ပိုက်ဆံတွေ အဝတ်အစားတွေ လက်ခံနေရမယ့် အချိန်မဟုတ်ဘူး’ လို့ပြောတယ်။

ဂေဟာဇိ အနာကြီးရောဂါရ

ဂေဟာဇိဟာ သူ မပိုင်တဲ့ ပိုက်ဆံတွေနဲ့ အဝတ်အစားတွေကို ယူလိုက်မိပြီ။ ဒါကြောင့် ဘုရားသခင်က နေမန်ရဲ့ နူနာရောဂါကို ဂေဟာဇိဆီမှာ စွဲကပ်သွားအောင် လုပ်လိုက်တယ်။ ဒီကနေ ကလေးတို့ ဘာသင်ယူနိုင်သလဲ။— သင်ယူနိုင်တာတစ်ခုကတော့ မဟုတ်မမှန်တဲ့ ဇာတ်လမ်းတွေကို လုပ်ကြံမပြောသင့်ဘူး ဆိုတာပါပဲ။

ဂေဟာဇိဟာ ဘာကြောင့် လုပ်ကြံပြီး လိမ်ပြောလိုက်ရတာလဲ။— ဘာကြောင့်လဲဆိုတော့ သူက လောဘကြီးလို့ပဲ။ သူက ကိုယ်မပိုင်တဲ့ ပစ္စည်းတွေကို လိုချင်တယ်၊ ပြီးတော့ အဲဒါတွေကိုရဖို့ လိမ်ပြောတယ်။ ဒီလိုနဲ့ ကြောက်စရာ ရောဂါဆိုးကြီးကို ကျန်တဲ့သူ့ဘဝတစ်လျှောက်လုံး ခံစားသွားရတယ်။

တကယ်တော့ အနူရောဂါထက် ပိုဆိုးတာကို ဂေဟာဇိ ခံစားလိုက်ရတယ်။ အဲဒါ ဘာလဲသိလား။— အဲဒါကတော့ ဘုရားသခင်ရဲ့မေတ္တာနဲ့ မျက်နှာသာ ဆုံးရှုံးသွားတာပဲ။ အဲဒါတွေကို ဆုံးရှုံးသွားစေတဲ့ ဘယ်အရာကိုမဆို မလုပ်ဘဲနေကြရအောင်။ အဲဒီအစား၊ ကြင်ကြင်နာနာနဲ့ ကိုယ့်မှာရှိတဲ့အရာလေးတွေကို ဝေမျှသွားကြစို့။

သမ္မာကျမ်းစာထဲမှာ ဖတ်ကြည့်ပါ

  • ၄ ဓမ္မရာဇဝင် ၅:၅၊ ၂၀-၂၇; ယုဒ ၂၁

  • ယောဟန် ၁၅:၁၀

a ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည် (—) က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက်ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ