ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၅/၁ စာ. ၁၅
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော့်ကို ဘုရားသခင် ခွင့်လွှတ်ပါ့မလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • “ခွင့်လွှတ်ရန် အသင့်ရှိ” တော်မူသောဘုရားသခင်
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ဘုရားသခင်က အပြစ်တွေကို ခွင့်လွှတ်ပြီးရင် မေ့ပစ်လိုက်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေဟောဝါ၊ “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသောဘုရားသခင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၅/၁ စာ. ၁၅

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျွန်ုပ်တို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရမလား

ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရယူဖို့ သိပ်မခက်ပါဘူး

လူသားအားလုံးဟာ အပြစ်သားတွေဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားပါတယ်။ ကျွန်ုပ်တို့ဟာ အပြစ်ပြုချင်တဲ့ ဉာဉ်ဆိုးကို ကနဦးလူသား အာဒံဆီကနေ အမွေရထားကြတယ်။ ဒါကြောင့် တစ်ခါတလေ ကျွန်ုပ်တို့ အပြစ်ပြုမိတယ်၊ နောက်ပိုင်းမှ မိမိလုပ်ခဲ့တဲ့အရာတွေအတွက် စိတ်မကောင်းဖြစ်ကြရပါတယ်။ ဘုရားသခင့်သားတော် ယေရှုခရစ်ဟာ ကျွန်ုပ်တို့အပြစ်အတွက် အသေခံပေးခဲ့တယ်။ ယေရှုရဲ့သေခြင်းကြောင့် ကျွန်ုပ်တို့ဟာ အပြစ်ခွင့်လွှတ်ခံရနိုင်တယ်။ အဲဒါက ဘုရားသခင်ဆီကရတဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။—ရောမ ၃:၂၃၊ ၂၄ ကိုဖတ်ပါ။

တချို့က ကြီးလေးတဲ့အပြစ်တွေကို ကျူးလွန်တဲ့အတွက် သူတို့ရဲ့အပြစ်တွေကို ဘုရားသခင် ခွင့်လွှတ်နိုင်ပါ့မလားဆိုပြီး သိချင်ကြတယ်။ ဝမ်းသာစရာက၊ သမ္မာကျမ်းစာမှာ ဒီလိုပြောထားတာပါပဲ– “ကိုယ်တော့်သားတော် ယေရှု၏အသွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှမှ သန့်စင်စေပြီ။” (၁ ယောဟန် ၁:၇) ကျွန်ုပ်တို့ဟာ စစ်မှန်တဲ့ နောင်တယူမယ်ဆိုရင် ယေဟောဝါဘုရားသခင်က ကြီးလေးတဲ့အပြစ်တွေကိုတောင် လိုလိုလားလား ခွင့်လွှတ်ပေးမှာဖြစ်တယ်။—ဟေရှာယ ၁:၁၈ ကိုဖတ်ပါ။

ခွင့်လွှတ်မှုရဖို့ ကျွန်ုပ်တို့ဘက်က ဘာလုပ်ရမလဲ

ယေဟောဝါဘုရားသခင်ဆီကနေ ခွင့်လွှတ်မှု ရယူချင်တယ်ဆိုရင် ကိုယ်တော့်အကြောင်း သင်ယူပြီး ကိုယ်တော့်နည်းလမ်းတွေ၊ အကြံပြုချက်တွေ၊ တောင်းဆိုချက်တွေကို နားလည်အောင် ပြုလုပ်ဖို့လိုပါတယ်။ (ယောဟန် ၁၇:၃) အကျင့်ဆိုးတွေအတွက် နောင်တယူပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့သူတွေကို ဘုရားသခင် လိုလိုလားလား ခွင့်လွှတ်ပါတယ်။—တမန်တော် ၃:၁၉ ကိုဖတ်ပါ။

ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရယူဖို့အတွက် သိပ်မခက်ပါဘူး။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့အားနည်းချက်တွေကို နားလည်ပေးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဟာ သနားကြင်နာတဲ့ ဘုရားသခင်ဖြစ်လို့ပါ။ ဘုရားသခင်ရဲ့ ချစ်ခင်ကြင်နာမှုကြောင့် သင်ဟာ ကိုယ်တော်ရဲ့စိတ်တော်နဲ့တွေ့ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ပိုပြီးသိချင်လာတယ် မဟုတ်ဘူးလား။—ဆာလံ ၁၀၃:၁၃၊ ၁၄ ကိုဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ