ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၂/၁၅ စာ. ၁၆
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • “သစ္စာနှင့် သတိပညာရှိသော ကျွန်ကား ဧကန်စင်စစ် မည်သူနည်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • တည်ကြည်ပြီး သတိပညာရှိသော “ကျွန်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ‘ဦးဆောင်နေသူတွေကို သတိရပါ’
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၂/၁၅ စာ. ၁၆

သင် မှတ်မိသလား

မကြာသေးမီကထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေကို သင် သေချာဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို သင်ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

ယေရှုဟာ ဘယ်အချိန်မှာ ‘ထောင်ကျနေတဲ့ နာမ်ဝိညာဉ်သတ္တဝါများထံ သွားပြီးဟောပြော’ ခဲ့သလဲ။ (၁ ပေ. ၃:၁၉)

ယေရှုဟာ ဆိုးညစ်တဲ့ နာမ်ဝိညာဉ်သတ္တဝါတွေ ခံရမယ့် တရားစီရင်ချက်ပြစ်ဒဏ်အကြောင်းကို သူထမြောက်ပြီးနောက် တစ်ချိန်ချိန်မှာ ကြေညာခဲ့ပုံရတယ်။—၆/၁၅၊ စာမျက်နှာ ၂၃။

နောက်အိမ်ထောင်ပြုတဲ့အခါ ကြုံရနိုင်တဲ့ အခက်အခဲသုံးခုက ဘာတွေလဲ။

အဲဒါတွေက လက်ရှိအိမ်ထောင်ကို အရင် အိမ်ထောင်နဲ့ မနှိုင်းယှဉ်မိဖို့ ကြိုးစားနေရတာ၊ အိမ်ထောင်ဖက်အသစ်နဲ့ မရင်းနှီးသေးတဲ့ ကိုယ့်ရဲ့မိတ်ဆွေဟောင်းတွေနဲ့ တွေ့တဲ့အခါ အလိုက်သင့်နေဖို့ ကြိုးစားနေရတာ၊ အရင်အိမ်ထောင်ဖက်က သစ္စာဖောက်ခဲ့တဲ့အတွက် လက်ရှိအိမ်ထောင်ဖက်ကို ယုံကြည်စိတ်ချဖို့ ကြိုးစားနေရတာတွေ ဖြစ်တယ်။—၇/၁၊ စာမျက်နှာ ၉-၁၀။

ယေရှုဟာ ဘယ်အချိန်မှာ သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်မလဲ။ (မ. ၂၅:၃၂)

အယူမှားဘာသာ ပျက်စီးပြီးနောက်ပိုင်း ကြီးစွာသောဒုက္ခအတွင်းမှာ လူတွေကို တရားစီရင်ဖို့ ယေရှုကြွလာချိန်မှာဖြစ်မယ်။—၇/၁၅၊ စာမျက်နှာ ၆။

ပေါင်းပင်နဲ့စပါးပင် ပုံဥပမာထဲမှာပါတဲ့ တရားမဲ့သူတွေက ဘယ်အချိန်မှာ ငိုကြွေးပြီး အံကြိတ်ခံပြင်းကြမလဲ။ (မ. ၁၃:၃၆၊ ၄၁၊ ၄၂)

ကြီးစွာသောဒုက္ခအတွင်းမှာ ဖျက်ဆီးခြင်းဘေးကနေ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သူတို့ သိသွားတဲ့အချိန်မှာ ဖြစ်တယ်။—၇/၁၅၊ စာမျက်နှာ ၁၃။

သစ္စာနဲ့သတိပညာရှိကျွန်နဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားတွေက ဘယ်အချိန်မှာ ပြည့်စုံသလဲ။ (မ. ၂၄:၄၅-၄၇)

အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာ မဟုတ်ဘဲ ၁၉၁၄ ခုနစ်နောက်ပိုင်းကျမှ စတင်ပြည့်စုံတယ်။ ၁၉၁၉ ခုနှစ်မှာ ပုံဆောင်အစာကို စားသုံးကြတဲ့ ခရစ်ယာန်တွေအားလုံးပါဝင်တဲ့ အိမ်သူအိမ်သားတွေအပေါ် ကျွန်ကို ခန့်အပ်ခဲ့တယ်။—၇/၁၅၊ စာမျက်နှာ ၂၁-၂၃။

ယေရှုဟာ မိမိရဲ့ဥစ္စာရှိသမျှအပေါ် သစ္စာရှိကျွန်ကို ဘယ်အချိန်မှာ ခန့်အပ်သလဲ။

အနာဂတ်မှာ ဖြစ်ပါလိမ့်မယ်၊ သစ္စာရှိကျွန် ကောင်းကင်ဆုကျေးဇူး ရရှိတဲ့အချိန် ကြီးစွာသောဒုက္ခအတွင်းမှာဖြစ်တယ်။—၇/၁၅၊ စာမျက်နှာ ၂၅။

ကျမ်းစာမှာ လူတချို့ရဲ့ နာမည်တွေကို မဖော်ပြတာက သူတို့တွေက ဆိုးလို့လား ဒါမှမဟုတ် အရေးမပါလို့လား။

အဲဒီလို ကောက်ချက်ချဖို့ မဟုတ်ပါဘူး။ ကျမ်းစာမှာ ကောင်းတဲ့သူတွေ၊ ဆိုးတဲ့သူတွေရဲ့ နာမည်တချို့ကို မဖော်ပြထားဘူး။ (ရုသ ၄:၁-၃; မ. ၂၆:၁၈) သစ္စာရှိကောင်းကင်တမန်နှစ်ပါးရဲ့ နာမည်ကိုပဲ ကျွန်ုပ်တို့ သိရတယ်။—၈/၁၊ စာမျက်နှာ ၁၀။

ဇာခ်စင်ဟောင်ဇင်ချွေးတပ်စခန်းက သက်သေခံ ၂၃၀ ဟာ ယေဟောဝါပေးတဲ့ခွန်အားအပါအဝင် ဘယ်အရာကြောင့် ရှည်လျားတဲ့ခရီးကနေ အသက်ရှင်လွတ်မြောက်ခဲ့ကြသလဲ။

အစာရေစာငတ်ပြတ်ပြီး ရောဂါနှိပ်စက်လို့ အားနည်းနေကြပေမဲ့ လမ်းဆက်လျှောက်နိုင်အောင် သူတို့တွေ တစ်ယောက်ကိုတစ်ယောက် အဆက်မပြတ်အားပေးခဲ့ကြတယ်။—၈/၁၅၊ စာမျက်နှာ ၁၈။

ကတိထားရာပြည်ထဲကိုဝင်ဖို့ အစ္စရေးလူတွေ ဂျော်ဒန်မြစ်ကို ဖြတ်ကူးတဲ့ ဖြစ်ရပ်က ကျွန်ုပ်တို့အတွက် ဘာကြောင့် အားပေးမှုဖြစ်စေသလဲ။

မြစ်ရေက အရှိန်ပြင်းပြင်းစီးဆင်းနေပေမဲ့ ယေဟောဝါက ရပ်တန့်လိုက်တဲ့အခါ ကိုယ်တော့်လူတွေ မြစ်ကိုဖြတ်နိုင်ခဲ့ကြတယ်။ ဒါက ကိုယ်တော့်အပေါ် သူတို့ရဲ့ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ဒီဖြစ်ရပ်က ကျွန်ုပ်တို့ကိုလည်း အားရှိစေတယ်။—၉/၁၅၊ စာမျက်နှာ ၁၆။

ကျမ်းစာမှာ မကြာခဏဖော်ပြတတ်တဲ့ အရောင်တွေက ဘာကို သိရှိစေသလဲ။

သမ္မာကျမ်းစာမှာ အရောင်တွေအကြောင်း ဖော်ပြထားပုံကိုကြည့်ရင် အရောင်တွေဟာ လူသားတွေရဲ့စိတ်ခံစားချက်ကို ဖော်ထုတ်နိုင်ပြီး အကြောင်းအရာတွေကို မှတ်မိဖို့ ထောက်ကူပေးနိုင်တယ်ဆိုတဲ့အချက်ကို ယေဟောဝါ သိရှိကြောင်း ထင်ရှားတယ်။—၁၀/၁၊ စာမျက်နှာ ၁၄-၁၅။

မိက္ခာ ၅:၅ မှာပါတဲ့ သိုးထိန်းနဲ့ မင်းညီမင်းသားအကြောင်း ပရောဖက်ပြုချက်က ယနေ့ ဘယ်လိုပြည့်စုံနေပြီလဲ။

မိက္ခာ ၅:၅ (ကဘ) မှာပါတဲ့ ‘သိုးထိန်း ခုနစ်ယောက်နဲ့ မင်းညီမင်းသားရှစ်ယောက်’ ဟာ အသင်းတော်မှာရှိတဲ့ အကြီးအကဲတွေကို ရည်ညွှန်းနေခြင်းဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့ နားလည်ကြတယ်။ သူတို့တွေက အနာဂတ်မှာကြုံတွေ့ရမယ့် ဆန့်ကျင်တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိဖို့ ဘုရားသခင့်လူမျိုးကို ကူညီပေးနေတယ်။—၁၁/၁၅၊ စာမျက်နှာ ၂၀။

ဘဝမှာ ဘုရားကို လိုအပ်ရတဲ့အကြောင်းရင်းတချို့က ဘာတွေလဲ။

ကျွန်ုပ်တို့က ဘုရားသခင်ဆီကလာတဲ့ လမ်းညွှန်ချက်နဲ့ ဘဝပြဿနာတွေရဲ့ ဖြေရှင်းနည်းကို သိဖို့လိုတယ်။ ကျွန်ုပ်တို့ ပျော်ပျော်ရွှင်ရွှင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ ကိုယ်တော် ကူညီထောက်မပေးနေပြီး အဲဒီလိုနေထိုင်နိုင်စေဖို့ မိမိရဲ့ကတိတော်တွေကို ပြည့်စုံစေပါလိမ့်မယ်။—၁၂/၁၊ စာမျက်နှာ ၄-၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ