ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၉/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းကင်တမန်တွေက ကျွန်ုပ်တို့ကို ကောင်းကျိုး ဆိုးကျိုးပြုနိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၉/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကောင်းကင်တမန်တွေက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလား

ခြင်္သေ့တွင်းထဲက ဒံယေလကို ကောင်းကင်တမန်တစ်ပါး ကာကွယ်ပေးနေ

ကောင်းကင်တမန်တွေက ရှေးအချိန်မှာ ဘုရားအပေါ် သစ္စာရှိခဲ့တဲ့ ဒံယေလကို ကူညီပေးခဲ့သလို ဒီနေ့အချိန်မှာလည်း သတင်းကောင်းကို လူတွေကြားပြီး အကျိုးရစေဖို့ ကူညီပေးနေ

ယေဟောဝါဘုရားဟာ လူသားတွေကို မဖန်ဆင်းခင် သန်းနဲ့ချီတဲ့ ကောင်းကင်တမန်တွေကို ဖန်ဆင်းခဲ့ပါတယ်။ (ယောဘ ၃၈:၄၊ ၇) ကောင်းကင်တမန်တွေက ဘုရားရဲ့ အမှုတော်ကို ထမ်းဆောင်နေကြတဲ့ တန်ခိုးကြီးပြီး မျက်စိနဲ့မမြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဘုရားက တစ်ခါတလေ ကောင်းကင်တမန်တွေကို စေလွှတ်ပြီး မိမိကိုဝတ်ပြုကိုးကွယ်တဲ့သူတွေကို လမ်းညွှန်ပေးတယ်၊ ကာကွယ်ပေးတယ်။ (ဆာလံ ၉၁:၁၀၊ ၁၁) ဒီနေ့အချိန်မှာ ယေရှုနောက်လိုက်တွေ ဟောပြောနေတဲ့သတင်းကောင်းကို လူတွေကြားပြီး အကျိုးရစေဖို့ ကောင်းကင်တမန်တွေ ကူညီပေးနေကြတယ်။—ဗျာဒိတ် ၁၄:၆၊ ၇ ကိုဖတ်ပါ။

အကူအညီရဖို့ ကောင်းကင်တမန်တွေဆီ ဆုတောင်းသင့်သလား။ မတောင်းသင့်ပါဘူး။ ဆုတောင်းခြင်းဆိုတာ ဝတ်ပြုမှုပုံစံတစ်မျိုးဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဝတ်ပြုမှုကို ဘုရားတစ်ပါးတည်းသာ ရထိုက်တယ်။ (ဗျာဒိတ် ၁၉:၁၀) ကောင်းကင်တမန်တွေက ဘုရားရဲ့ အမှုတော်ဆောင်တွေဖြစ်တဲ့အတွက် ဘုရားရဲ့ညွှန်ကြားချက်တွေကိုပဲ လိုက်နာဆောင်ရွက်ကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့အနေနဲ့ ယေရှုကနေတစ်ဆင့် ဘုရားသခင်ကိုပဲ တိုက်ရိုက် ဆုတောင်းသင့်ပါတယ်။—ဆာလံ ၁၀၃:၂၀၊ ၂၁; မဿဲ ၂၆:၅၃ တို့ကိုဖတ်ပါ။

ကောင်းကင်တမန်ဆိုးတွေ ရှိသလား

လူတွေလိုပဲ ကောင်းကင်တမန်တွေဆီမှာလည်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပြီး အမှားအမှန်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။ စိတ်မကောင်းစရာက ကောင်းကင်တမန်များစွာဟာ ဘုရားကို ပုန်ကန်ခဲ့ကြတယ်။ (၂ ပေတရု ၂:၄) ပထမဆုံးပုန်ကန်တဲ့ ကောင်းကင်တမန်တစ်ပါးဟာ စာတန်မာရ်နတ် (နတ်ဆိုးမင်း) ဖြစ်လာတယ်။ နောက်ပိုင်းမှာ တခြားကောင်းကင်တမန်တွေလည်း ပုန်ကန်ခဲ့ကြပြီး ကောင်းကင်တမန်ဆိုးတွေ (နတ်ဆိုးတွေ) ဖြစ်လာကြတယ်။ မကြာခင်တုန်းက မာရ်နတ်နဲ့ တခြားကောင်းကင်တမန်ဆိုးတွေဟာ ကောင်းကင်ကနေ မြေကြီးပေါ်ကို ပစ်ချခံခဲ့ရတယ်။—ဗျာဒိတ် ၁၂:၇–၉ ကိုဖတ်ပါ။

၁၉၁၄ ခုနှစ်ကစပြီး သိသိသာသာ တိုးများလာတဲ့ ဆိုးသွမ်းမှုနဲ့ အကြမ်းဖက်မှုတွေက မကြာခင်မှာ စာတန်နဲ့ သူ့ရဲ့နတ်ဆိုးအားလုံးကို ဘုရားဖျက်ဆီးတော့မယ်ဆိုတဲ့ နိမိတ်တွေပဲ။ ဖျက်ဆီးပြီးတဲ့နောက် ဘုရားက မိမိရဲ့မူလရည်ရွယ်ချက်အတိုင်း ကမ္ဘာမြေကြီးကို သာယာလှပအောင် ပြန်လုပ်ပေးပါလိမ့်မယ်။—ဗျာဒိတ် ၁၂:၁၂; ၂၁:၃၊ ၄ တို့ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၀ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ