ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၁၁/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • သေဆုံးသွားတဲ့ သင်ချစ်မြတ်နိုးရသူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • သေဆုံးသွားတဲ့ ချစ်ရသူတွေကို ပြန်တွေ့နိုင်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ရှင်ပြန်ထမြောက်ခြင်း​— မည်သူများအတွက်နည်း၊ မည်သည့်နေရာတွင်နည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၁၁/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့သလား

ယေရှုက လာဇရုကို သင်္ချိုင်းထဲက ထွက်လာဖို့ အမိန့်ပေးပြီး အသက်ပြန်ရှင်အောင်လုပ်ပေးခဲ့

သေဆုံးသွားတာ ၄ ရက်ရှိပြီဖြစ်တဲ့ လာဇရုကို ယေရှု အသက်ပြန်ရှင်အောင်လုပ်ပေးခဲ့

သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့တယ်လို့ ကျမ်းစာမှာ အတိအကျ မှတ်တမ်းတင်ထားပါတယ်။ ဒီမှတ်တမ်းတွေက စိတ်ကူးယဉ်ပြီး ရေးထားတာ မဟုတ်ပါဘူး။ နေရာအတိအကျ၊ အချိန်အတိအကျကို မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဥပမာ၊ အေဒီ ၃၁၊ နွေရာသီမှာ ယေရှုဟာ လူအုပ်နဲ့အတူ ကပေရနောင်မြို့ကနေ နာဣနမြို့ကို ခရီးထွက်ခဲ့တယ်။ အဲဒီမြို့ကိုရောက်တဲ့အခါ လူငယ်တစ်ယောက်ရဲ့ အသုဘကို လိုက်ပို့တဲ့ လူအုပ်နဲ့ ဆုံခဲ့တယ်။ အဲဒီအခါ လူငယ်လေးကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့တယ်။ အဲဒီမှတ်တမ်းကို သင် ယုံကြည်စိတ်ချနိုင်ပါတယ်။ အကြောင်းက ဒီဖြစ်ရပ်ဟာ သက်သေအများရှေ့မှာ ဖြစ်ပျက်ခဲ့ပြီး ကျမ်းစာမှာ မှတ်တမ်းတင်ထားလို့ ဖြစ်တယ်။—လုကာ ၇:၁၁–၁၅ ကိုဖတ်ပါ။

သေဆုံးသွားတာ ၄ ရက်ရှိပြီဖြစ်တဲ့ မိတ်ဆွေဖြစ်သူ လာဇရုကိုလည်း အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးခဲ့တယ်။ အဲဒီနေ့မှာ ယေရှုလုပ်ပေးခဲ့ရာကို မှတ်တမ်းတင်ထားတဲ့ ဖြစ်ရပ်ကိုလည်း သင် ယုံကြည်စိတ်ချနိုင်ပါတယ်။ အကြောင်းက မျက်မြင်သက်သေအများရှေ့မှာ ယေရှုလုပ်ပေးခဲ့လို့ပါ။—ယောဟန် ၁၁:၃၉–၄၅ ကိုဖတ်ပါ။

သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ယေရှု ဘာကြောင့်လုပ်ပေးခဲ့တာလဲ

ယေရှုဟာ သနားကြင်နာတဲ့စိတ်ကြောင့် သေလွန်သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တာဖြစ်တယ်။ ဒါ့အပြင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့ ဘုရားပေးတန်ခိုးရှိတယ်ဆိုတာကို ပြချင်လို့လည်း ဖြစ်တယ်။—ယောဟန် ၅:၂၁၊ ၂၈၊ ၂၉ ကိုဖတ်ပါ။

သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ယေရှုလုပ်ပေးခဲ့တဲ့ မှတ်တမ်းတွေက အနာဂတ်နဲ့ပတ်သက်ပြီး ကိုယ်တော်ပေးခဲ့တဲ့ ကတိတွေပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။ ယေရှုဟာ သေလွန်သွားတဲ့ အတိုင်းမသိလူများစွာကို အသက်ပြန်ရှင်အောင် လုပ်ပေးမှာဖြစ်တယ်။ အဲဒီထဲမှာ စစ်မှန်တဲ့ဘုရားအကြောင်း လုံးဝမသိဘဲ သေဆုံးသွားတဲ့ မဖြောင့်မတ်သူတွေလည်း ပါဝင်တယ်။ သူတို့ အသက်ပြန်ရှင်လာတဲ့အခါ ယေဟောဝါဘုရားကို သိရှိခွင့်၊ ချစ်မြတ်နိုးခွင့် ရရှိကြမှာဖြစ်တယ်။—တမန်တော် ၂၄:၁၅ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ဒီစာအုပ်ရဲ့ အခန်း ၇ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ