ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၂/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မယ့်အစိုးရကို ဘုရားသခင် ဖွဲ့စည်းပေးမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားသခင့် ငြိမ်းချမ်းရေးအစိုးရ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၂/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

တစ်ကမ္ဘာလုံးကို အုပ်ချုပ်မယ့် အစိုးရတစ်ခု ရှိနိုင်မလား

တစ်ကမ္ဘာလုံးကို အုပ်ချုပ်မယ့် အစိုးရလက်အောက်မှာ လူမျိုးအားလုံး စည်းလုံးနေကြ

တစ်ကမ္ဘာလုံးကို အုပ်ချုပ်မယ့်အစိုးရက လူမျိုးအားလုံးကို ဘယ်လို စည်းလုံးစေမလဲ ဟေရှာယ ၃၂:၁၊ ၁၇; ၅၄:၁၃

တစ်ကမ္ဘာလုံးကို အစိုးရတစ်ခုတည်း အုပ်ချုပ်ရင် ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ စိတ်ကူးကြည့်ပါ။ ဒီနေ့ခေတ်မှာ တချို့က အရမ်းချမ်းသာပေမဲ့ တချို့ကျတော့ ဆင်းရဲလွန်းလို့ ဒုက္ခရောက်နေကြတယ်။ တစ်ကမ္ဘာလုံးကို နားလည်မှုရှိရှိ အုပ်ချုပ်မယ့်အစိုးရက လူတွေရဲ့ လိုအပ်ရာမှန်သမျှကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ အဲဒီလိုအုပ်ချုပ်မှုမျိုးကို လူတွေ တည်ထောင်နိုင်မယ်လို့ ထင်ပါသလား။—ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။

သမိုင်းတစ်လျှောက်မှာ အစိုးရတွေက ပြည်သူတွေရဲ့လိုအပ်ရာတွေကို ဖြည့်ဆည်းပေးဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါ့အပြင် တချို့အစိုးရတွေက ရက်စက်ကြတယ်။ (ဒေသနာ ၄:၁; ၈:၉) တန်ခိုးအကြီးဆုံးအရှင် ဘုရားသခင်က အစိုးရအားလုံးရဲ့နေရာမှာ ပြည်သူတွေရဲ့အကျိုးကို သယ်ပိုးပေးမယ့် ဘုရားနိုင်ငံတော်နဲ့ အစားထိုးပေးမယ်လို့ ကတိပြုထားပါတယ်။—ဟေရှာယ ၁၁:၄; ဒံယေလ ၂:၄၄၊ ၄၅ တို့ကိုဖတ်ပါ။

ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ဆောင်ပေးမှာလဲ

ယေဟောဝါဘုရားက သားတော်ယေရှုကို အကောင်းဆုံးကမ္ဘာ့အုပ်စိုးရှင်အဖြစ် ခန့်အပ်ထားပါပြီ။ (လုကာ ၁:၃၁-၃၃) ယေရှုဟာ ကမ္ဘာပေါ်မှာ လူအဖြစ်ရှိခဲ့တုန်းက လူတွေကို ကူညီပေးတယ်။ ကောင်းကင်မှာ ဘုရင်ဖြစ်နေတဲ့ယေရှုက လူမျိုးအားလုံးကို စည်းလုံးစေမယ်၊ ဆင်းရဲဒုက္ခရှိသမျှကို ပပျောက်စေမယ်။—ဆာလံ ၇၂:၈၊ ၁၂–၁၄ ကိုဖတ်ပါ။

ယေရှုကို ကမ္ဘာ့အုပ်စိုးရှင်အဖြစ် လူတိုင်း လက်ခံမှာလား။ လက်ခံမှာ မဟုတ်ဘူး။ ဘုရင်ယေရှုကို လူတွေ လက်ခံလာဖို့ စိတ်ရှည်ရှည်ထားပြီး ယေဟောဝါဘုရား စောင့်ပေးနေပါတယ်။ (၂ ပေတရု ၃:၉) မကြာခင်၊ ယေရှုက မကောင်းတဲ့သူတွေကို ဖယ်ရှားပြီး တစ်ကမ္ဘာလုံးကို ငြိမ်းချမ်းလုံခြုံအောင် လုပ်ဆောင်ပေးပါတော့မယ်။—မိက္ခာ ၄:၃၊ ၄ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၈ ကိုဖတ်ကြည့်ပါ

အဲဒီစာအုပ်ကို www.pr2711.com/mya ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ