ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၄/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၄/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

လူတွေအတွက် ဘယ်လိုအနာဂတ်မျိုး ရှိနိုင်မလဲ

လူမျိုးမတူတဲ့ အဘွားကို ဂရုစိုက်ပေးတဲ့ မိသားစု

ယေရှုရဲ့သေခြင်းက အချင်းချင်း ရိုင်းပင်းကူညီပေးတဲ့ လူ့ဘောင်တစ်ခု ဘယ်လိုဖြစ်လာစေမလဲ

လူတွေဟာ ခေတ်မီတိုးတက်အောင် အမြဲကြိုးစားလုပ်ဆောင်ကြမှာပဲ။ ဒါပေမဲ့ အချင်းချင်း ရိုင်းပင်းကူညီတဲ့ လူ့ဘောင်တစ်ခုကို သူတို့ဘာသာ တည်ဆောက်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။ အကြောင်းက ဒီနေ့ခေတ်ကမ္ဘာကြီးမှာ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတဲ့သူတွေနဲ့ပဲ ပြည့်နှက်နေလို့ပါ။ ဒါပေမဲ့ သာယာပျော်ရွှင်တဲ့လူ့မိသားစုကြီးဖြစ်လာအောင် လုပ်ပေးမယ်လို့ ဘုရားသခင် ကတိပြုထားပါတယ်။—၂ ပေတရု ၃:၁၃ ကိုဖတ်ပါ။

အနာဂတ်မှာအချင်းချင်းရိုင်းပင်းကူညီပြီးချစ်မြတ်နိုးကြမယ့် ကမ္ဘာချီလူ့အဖွဲ့အစည်း ဖြစ်ပေါ်လာမယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ ဒုက္ခပေးမယ့်သူလည်း ရှိတော့မှာမဟုတ်တဲ့အတွက် လူတွေဟာ အေးချမ်းလုံခြုံစွာ နေထိုင်ကြရပါလိမ့်မယ်။—မိက္ခာ ၄:၃၊ ၄ ကိုဖတ်ပါ။

တစ်ကိုယ်ကောင်းဆန်မှုတွေ ဘယ်လိုပပျောက်သွားမလဲ

လူတွေကို ဘုရားဖန်ဆင်းတုန်းက တစ်ကိုယ်ကောင်းစိတ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ပထမဆုံးလူသားက ဘုရားစကားနားမထောင်ခဲ့တဲ့အတွက် အပြစ်အနာအဆာတွေ၊ တစ်ကိုယ်ကောင်းစိတ်တွေ ပေါ်လာတယ်။ ဒါကြောင့် သူ့ရဲ့သားစဉ်မြေးဆက်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဆီမှာလည်း တစ်ကိုယ်ကောင်းစိတ်တွေ ရှိနေရတာဖြစ်တယ်။ ဒါပေမဲ့ ဘုရားက ယေရှုအားဖြင့် လူတွေမှာရှိတဲ့ တစ်ကိုယ်ကောင်းစိတ်တွေ ပပျောက်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။—ရောမ ၇:၂၁၊ ၂၄၊ ၂၅ ကိုဖတ်ပါ။

ယေရှုဟာ ဘုရားသခင်ရဲ့ဆန္ဒအတိုင်း သူ့အသက်ကို စွန့်လွှတ်ခဲ့ပြီး ပထမဆုံးလူသားရဲ့ မနာခံမှုကြောင့် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေကို ချေဖျက်ပေးမှာဖြစ်တယ်။ (ရောမ ၅:၁၉) ကောင်းမွန်တဲ့အနာဂတ်ကို ယေရှု ပြုလုပ်ပေးမယ့်အချိန်မှာ တစ်ကိုယ်ကောင်းစိတ်တွေ လုံးဝပပျောက်သွားပါလိမ့်မယ်။—ဆာလံ ၃၇:၉–၁၁ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၅ ကို ဖတ်ကြည့်ပါ။

www.pr2711.com/mya ကနေလည်း ကူးယူနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ