ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၁/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ရှင်ပြန်ထမြောက်ခြင်းဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၁/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

သေလွန်သူတွေ အသက်ပြန်ရှင်လာမှာလား

သာယာလှပတဲ့မြေကြီးပေါ်မှာ အသက်ပြန်ရှင်လာသူတွေကို ကြိုဆိုနေကြ

အသက်ရဲ့ပင်ရင်း ဖန်ဆင်းရှင်က အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်မှာသေချာ

ယေဟောဝါဘုရားဟာ အသက်ရဲ့ပင်ရင်း ဖြစ်ပါတယ်။ (ဆာလံ ၃၆:၉) သေလွန်သူတွေ အသက်ပြန်ရှင်လာအောင် အသက်ရဲ့ပင်ရင်းဖြစ်တဲ့ ယေဟောဝါဘုရား လုပ်ပေးနိုင်မှန်းယုံကြည်တာက ယုတ္တိရှိတယ်မဟုတ်လား။ အနာဂတ်မှာ ဘုရားသခင် အဲဒီလိုမျိုးလုပ်ပေးမယ်လို့ ကျမ်းစာမှာအာမခံထားတယ်။ (တမန်တော် ၂၄:၁၅ ကိုဖတ်ပါ) ဒါပေမဲ့ ကိုယ်တော် ဘာကြောင့် အဲဒီလိုလုပ်ပေးမှာလဲ။

လူသားတွေ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်နေထိုင်သွားဖို့က ဖန်ဆင်းရှင်ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်ဖြစ်တယ်။ (ကမ္ဘာဦး ၁:၃၁; ၂:၁၅-၁၇) လူသားတွေကို ထာဝစဉ်အသက်ရှင်စေတဲ့ဆန္ဒ အခုထိ ကိုယ်တော်မှာ ရှိနေဆဲပါ။ ဒီနေ့ခေတ်မှာ ဘဝအချိန်တိုလေးအတွင်း ပြဿနာများစွာနဲ့ လူသားတွေ လုံးပန်းနေတာကိုကြည့်ပြီး ဘုရားသခင် စိတ်ထိခိုက်နာကျင်ရပါတယ်။—ယောဘ ၁၄:၁၊ ၁၄၊ ၁၅ ကိုဖတ်ပါ။

အသက်ပြန်ရှင်လာသူတွေ ဘယ်နေရာမှာ နေထိုင်မလဲ

ကောင်းကင်မှာနေဖို့ လူသားတွေကို ဘုရားသခင် ဖန်ဆင်းခဲ့တာလား။ မဟုတ်ပါဘူး။ ကောင်းကင်မှာနေဖို့ ကောင်းကင်တမန်တွေကိုပဲ ဘုရားဖန်ဆင်းခဲ့တာပါ။ လူသားတွေကိုတော့ မြေကြီးပေါ်မှာပဲနေဖို့ ဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။ (ကမ္ဘာဦး ၁:၂၈၊ ယောဘ ၃၈:၄၊ ၇) အသက်ပြန်ရှင်လာအောင် ယေရှု လုပ်ပေးခဲ့တဲ့အကြောင်း သုံးသပ်ကြည့်ပါ။ မြေကြီးပေါ်မှာပဲနေဖို့ လူတွေ အသက်ပြန်ရှင်လာအောင် ကိုယ်တော် လုပ်ပေးခဲ့တာပါ။ အဲဒီလိုပါပဲ၊ အနာဂတ်မှာ အသက်ပြန်ရှင်လာမယ့်သူအများစုဟာ မြေကြီးပေါ်မှာ နေထိုင်သွားကြပါလိမ့်မယ်။—ယောဟန် ၅:၂၈၊ ၂၉; ၁၁:၄၄ ကိုဖတ်ပါ။

ဒါပေမဲ့ ကောင်းကင်မှာနေဖို့ရည်ရွယ်ချက်နဲ့ လူနည်းစုကို အသက်ပြန်ရှင်လာအောင်လုပ်ပေးဖို့ ဘုရားသခင် ရွေးချယ်ထားပြီးပါပြီ။ သူတို့ဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေ ဖြစ်သွားပါလိမ့်မယ်။ (လုကာ ၁၂:၃၂; ၁ ကောရိန္သု ၁၅:၄၉၊ ၅၀) ကောင်းကင်အသက်တာနဲ့ အသက်ပြန်ရှင်လာမယ့်သူတွေဟာ ဘုရင်တွေအဖြစ် ယေရှုနဲ့အတူ ကမ္ဘာမြေကို အုပ်ချုပ်သွားပါလိမ့်မယ်။—ဗျာဒိတ် ၅:၉၊ ၁၀ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ဒီစာအုပ်ရဲ့ အခန်း ၇ ကိုဖတ်ကြည့်ပါ

www.pr2711.com/mya ဝက်ဘ်ဆိုက်ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ