ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၂/၁ စာ. ၃
  • ကျမ်းစာကို ဘာကြောင့် နားလည်သင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာကို ဘာကြောင့် နားလည်သင့်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • သိနားလည်သင့်တဲ့ စာအုပ်တစ်အုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်နဲ့လေ့လာဖို့ အသင့်မဖြစ်သေးသူကို ကူညီပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • ဘုရားသခင်နှစ်သက်လက်ခံသည့် စစ်မှန်သောသွန်သင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၂/၁ စာ. ၃

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာအကြောင်း နားလည်နိုင်ပါ့မလား

ကျမ်းစာကို ဘာကြောင့် နားလည်သင့်

“ကျမ်းစာက ဘာသာရေးဆိုင်ရာ ဂန္တဝင်စာအုပ်ပါ။ ဒါပေမဲ့ နိုင်ငံခြားစာအုပ်ကြီးလေ၊ ကျွန်မတို့တရုတ်လူမျိုးအတွက်မှ မဟုတ်တာ။”—တရုတ်နိုင်ငံသူ လင်း။

“ဟိန္ဒူဘာသာရေးစာအုပ်ကိုတောင် ကျွန်တော် နားမလည်တာ၊ ကျမ်းစာကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။”—အိန္ဒိယနိုင်ငံသား အမစ်။

“ကျမ်းစာကို ရှေးဟောင်းစာအုပ်အဖြစ် လေးစားပါရဲ့၊ ရောင်းအားအကောင်းဆုံးစာအုပ်လို့လည်း ကြားဖူးပါရဲ့။ ဒါပေမဲ့ ကျမ်းစာကို ကျွန်မတစ်ခါမှ မမြင်ဖူးဘူးရှင်။”—ဂျပန်နိုင်ငံသူ ယူမိကို။

ကမ္ဘာတစ်ဝန်းကလူတွေဟာ ကျမ်းစာကို အလွန်လေးမြတ်တန်ဖိုးထားကြတယ်။ ဒါပေမဲ့ ကျမ်းစာထဲကအကြောင်းတွေကို မသိကြတာများတယ်။ အာရှတိုက်က သန်းနဲ့ချီတဲ့လူတွေ ကျမ်းစာအကြောင်းမသိသလို ကျမ်းစာကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေနေတဲ့ နိုင်ငံတွေက လူတွေလည်း အတူတူပါပဲ။

အမျိုးသမီးတစ်ဦး ကျမ်းစာဖတ်နေ

ဒါပေမဲ့ သင် အခုလို မေးနိုင်တယ်– “ကျမ်းစာကို ငါ ဘာကြောင့် စိတ်ဝင်စားရမှာလဲ။” ကျမ်းစာသွန်သင်ချက်တွေကို နားလည်ရင် အောက်ပါကိစ္စတွေမှာ အကူအညီရနိုင်တယ်–

  • ကျေနပ်ရောင့်ရဲမှုနဲ့ ပျော်ရွှင်မှုရှာတဲ့အခါ

  • မိသားစုပြဿနာတွေကို ဖြေရှင်းတဲ့အခါ

  • စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းတဲ့အခါ

  • လူမှုဆက်ဆံရေး ကောင်းမွန်လာအောင်ကြိုးစားတဲ့အခါ

  • ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတဲ့အခါ

ဥပမာ၊ ဂျပန်နိုင်ငံသူ ယိုရှိကိုအကြောင်း ကြည့်ရအောင်။ သမ္မာကျမ်းစာထဲမှာ ဘာအကြောင်းတွေ ပါသလဲဆိုပြီးသိချင်တာနဲ့ ကိုယ်တိုင်ဖတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီတော့ သူ ဘာသိသွားသလဲ။ “ဘဝအဓိပ္ပာယ်ရှိဖို့၊ အနာဂတ်မျှော်လင့်ချက်ရှိဖို့ ကျွန်မကို ကျမ်းစာက ကူညီပေးခဲ့တာ။ ရင်ထဲမှာ တစ်ခုခုလိုနေသလို မခံစားရတော့ဘူး” လို့ ပြောပြတယ်။ အစပိုင်းမှာဖော်ပြခဲ့တဲ့ အမစ်ဆိုသူကလည်း ကျမ်းစာကို ဆန်းစစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ “ကျမ်းစာထဲမှာ လူတိုင်းအတွက် အသုံးဝင်တဲ့ အချက်တွေပါမှန်းသိလာတော့ ကျွန်တော်ဖြင့် အံ့သြသွားလိုက်တာ” ဆိုပြီး ပြောပြတယ်။

ကျမ်းစာက လူသန်းပေါင်းများစွာရဲ့အသက်တာကို အများကြီးပြောင်းလဲပေးခဲ့ပြီ။ ကျမ်းစာဟာ သင့်အတွက် ဘယ်လို အကျိုးရှိနိုင်မလဲဆိုတာ ဆန်းစစ်ကြည့်ပါ။

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ—မည်သို့ရရှိနိုင်သနည်း

ကျမ်းစာက သင့်အတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာ ထပ်သိချင်ရင် ယေဟောဝါသက်သေတွေထုတ်ဝေထားတဲ့ ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ—မည်သို့ရရှိနိုင်သနည်း စာစောင်မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ