ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၄ စာ. ၁၄-၁၅
  • သင့်ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့နှိုင်းယှဉ်ကြည့်ချင်ပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့နှိုင်းယှဉ်ကြည့်ချင်ပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့ နှိုင်းယှဉ်နိုင်ပုံ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေရှုခရစ်ကား မည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • မည်သူတို့ကောင်းကင်သွားသနည်း၊ အဘယ်ကြောင့်နည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၄ စာ. ၁၄-၁၅

သင့်ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့နှိုင်းယှဉ်ကြည့်ချင်ပါသလား

သင်ဟာ ခရစ်ယာန်တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားသလား။ လူသန်း ၂၀၀၀ ကျော်ထဲက သုံးယောက်မှာ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်ပါလို့ပြောနေကြတယ်။ သင်လည်း ခရစ်ယာန်ဖြစ်မယ်ဆိုရင် အဲဒီထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ခရစ်ယာန်ဂိုဏ်းဂဏပေါင်း ထောင်နဲ့ချီရှိပြီး အယူဝါဒအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး ကွဲပြားနေတယ်။ ဒါကြောင့် သင့်ယုံကြည်ချက်လည်း တခြားခရစ်ယာန်တွေနဲ့ အတော်လေးကွာခြားနေနိုင်တယ်။ သင့်ယုံကြည်ချက်တွေက တကယ်ပဲ အရေးကြီးသလား။ ကျမ်းစာမှာသွန်သင်တဲ့ ခရစ်ယာန်ယုံကြည်ချက်တွေအတိုင်း လိုက်လျှောက်ချင်ရင်တော့ အရေးကြီးပါတယ်။

ခရစ်တော်ယေရှုရဲ့ အစောပိုင်းနောက်လိုက်တွေကို “ခရစ်ယာန်” တွေလို့ခေါ်ကြတယ်။ (တမန်တော် ၁၁:၂၆) အဲဒီတုန်းက ခရစ်ယာန်ယုံကြည်ချက် တစ်မျိုးပဲရှိတာကြောင့် သူတို့ကိုခွဲခြားသိနိုင်ဖို့ တခြားနာမည်တွေ မလိုအပ်ခဲ့ဘူး။ သူတို့တွေဟာ ခရစ်ယာန်ဘာသာကို စတည်ထောင်ခဲ့သူ ယေရှုခရစ်ရဲ့ သွန်သင်ချက်တွေ၊ လမ်းညွှန်ချက်တွေကို တညီတညွတ်တည်း လိုက်လျှောက်ခဲ့ကြတယ်။ သင်တက်ရောက်နေတဲ့ ချာ့ချ်ကကော။ ယေရှုခရစ်ရဲ့သွန်သင်ချက်တွေ၊ အစောပိုင်းခရစ်ယာန်တွေရဲ့ ယုံကြည်ချက်တွေအတိုင်း သွန်သင်ပေးနေသလား။ အဲဒီလိုဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ သိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ကျမ်းစာသုံးပြီး နှိုင်းယှဉ်ကြည့်ခြင်းပါပဲ။

ယေရှုခရစ်ဟာ ကျမ်းစာကို ဘုရားသခင့်နှုတ်ထွက်စကားအဖြစ် သိပ်တန်ဖိုးထားလေးစားခဲ့တယ်။ ကျမ်းစာသွန်သင်ချက်တွေကို လျစ်လျူရှုပြီး လူ့ထုံးတမ်းစဉ်လာတွေကို အဓိကထားသူတွေကို ယေရှု လုံးဝမနှစ်သက်ဘူး။ (မာကု ၇:၉-၁၃) ဒါကြောင့် ယေရှုရဲ့နောက်လိုက်စစ်တွေဟာ သူတို့ရဲ့ယုံကြည်ချက်တွေကို ကျမ်းစာပေါ် အခြေခံမယ်ဆိုတာ ကျိန်းသေပြောနိုင်ပါတယ်။ ဒီတော့ ‘ငါ့ချာ့ချ်ရဲ့ သွန်သင်ချက်တွေဟာ ကျမ်းစာနဲ့ကိုက်ညီရဲ့လား’ လို့ ခရစ်ယာန်ယောက်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ အဖြေရဖို့ သင့်ချာ့ချ်ရဲ့သွန်သင်ချက်တွေကို ကျမ်းစာသွန်သင်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။

ကျွန်ုပ်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုဟာ ကျမ်းစာမှာပါတဲ့အမှန်တရားအပေါ် အခြေခံရမယ်လို့ ယေရှုပြောတယ်။ (ယောဟန် ၄:၂၄; ၁၇:၁၇) တမန်တော်ပေါလုကလည်း ကယ်တင်ခြင်းဟာ “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာ” အပေါ်မူတည်တယ်လို့ ပြောခဲ့တယ်။ (၁ တိမောသေ ၂:၄) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေဟာ တိကျမှန်ကန်တဲ့ ကျမ်းစာသွန်သင်ချက်တွေအပေါ်အခြေခံဖို့ သိပ်အရေးကြီးပါတယ်။ အကြောင်းက ကယ်တင်ခြင်းဟာ အလွယ်တကူမရနိုင်တဲ့အရာ ဖြစ်လို့ပါပဲ။

ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့ နှိုင်းယှဉ်နိုင်ပုံ

သင့်အနေနဲ့ ပူးတွဲပါမေးခွန်းခြောက်ခုကို ဖတ်ပြီး ဒီမေးခွန်းတွေနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာအဖြေကို မှတ်သားထားစေလိုပါတယ်။ ကိုးကားထားတဲ့ ကျမ်းချက်တွေကို ဖတ်ပါ၊ အဖြေတွေကို သေချာစဉ်းစားပါ။ ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းမေးပါ– ‘ငါ့ချာ့ချ်က သွန်သင်ချက်တွေကို ကျမ်းစာသွန်သင်ချက်တွေနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်မလဲ။’

အဲဒီမေးခွန်းက သင့်ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ သင့်ချာ့ချ်ရဲ့ ကျန်တဲ့သွန်သင်ချက်တွေကိုလည်း ကျမ်းစာနဲ့ကိုက်ညီမညီဆိုတာ နှိုင်းယှဉ်ကြည့်ချင်ပါသလား။ တိကျမှန်ကန်တဲ့ကျမ်းစာသွန်သင်ချက်တွေကို သေချာဆန်းစစ်နိုင်ဖို့ ယေဟောဝါသက်သေတွေက ကူညီပေးချင်ပါတယ်။ ဒါကြောင့် အခမဲ့ကျမ်းစာသင်အံမှုကို တောင်းခံနိုင်ပါတယ် ဒါမှမဟုတ် jw.org/mya ကိုဝင်ကြည့်ပါ။

၁ မေးခွန်း– ဘုရားသခင်က ဘယ်သူလဲ။

အဖြေ– ယေရှုရဲ့ဖခင် ယေဟောဝါ ဖြစ်ပါတယ်။ ကိုယ်တော်ဟာ ထာဝရဘုရားသခင်၊ အရာခပ်သိမ်းကိုဖန်ဆင်းတဲ့ အနန္တတန်ခိုးရှင်ဖြစ်တယ်။

သမ္မာကျမ်းစာသွန်သင်ရာ–

“ငါတို့သည် သင်တို့အတွက် ဆုတောင်းပေးသည့်အခါတိုင်း ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။”—ကောလောသဲ ၁:၃။

“ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ . . . ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်။”—ဗျာဒိတ် ၄:၁၁။

ရောမ ၁၀:၁၃ နဲ့ ၁ တိမောသေ ၁:၁၇ တို့ကိုလည်း ကြည့်ပါ။

၂ မေးခွန်း– ယေရှုခရစ်က ဘယ်သူလဲ။

အဖြေ– ယေရှုခရစ်က ဘုရားသခင်ရဲ့ သားဦးဖြစ်တယ်။ ယေရှုဟာ ဖန်ဆင်းခံရတာကြောင့် သူ့မှာ အစရှိတယ်။ ဘုရားသခင်ကို လက်အောက်ခံပြီး ဘုရားအလိုတော်အတိုင်း အမြဲလုပ်ဆောင်တယ်။

သမ္မာကျမ်းစာသွန်သင်ရာ–

“ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။”—ယောဟန် ၁၄:၂၈။

“[ယေရှု] သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဖန်ဆင်းရာအပေါင်းတို့တွင် သားဦးဖြစ်တော်မူ၏။”—ကောလောသဲ ၁:၁၅။

မဿဲ ၂၆:၃၉ နဲ့ ၁ ကောရိန္သု ၁၅:၂၈ တို့ကိုလည်း ကြည့်ပါ။

၃ မေးခွန်း– သန့်ရှင်းသောစွမ်းအားတော် [ဝိညာဉ်တော်] ဆိုတာ ဘာလဲ။

အဖြေ– သန့်ရှင်းသောစွမ်းအားတော်ဆိုတာ ဘုရားသခင်က မိမိအလိုတော် ပြီးမြောက်စေရာမှာ အသုံးပြုတဲ့ စွမ်းအားဖြစ်တယ်။ ပုဂ္ဂိုလ်မဟုတ်ဘူး။ လူတွေဟာ စွမ်းအားတော်နဲ့ပြည့်နိုင်တယ်။ စွမ်းအားတော်ကြောင့် ခွန်အားရှိလာနိုင်တယ်။

သမ္မာကျမ်းစာသွန်သင်ရာ–

‘မာရိ၏နှုတ်ဆက်စကားကို ဧလိရှဗက်ကြားသော် သူ၏ဝမ်း၌လွယ်ထားသော သူငယ်သည် ခုန်လေ၏။ ဧလိရှဗက်သည်လည်း သန့်ရှင်းသောစွမ်းအားတော်နှင့် ပြည့်ဝလေ၏။’—လုကာ ၁:၄၁။

‘သင်တို့အပေါ်သို့ သန့်ရှင်းသောစွမ်းအားတော် သက်ရောက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိလိမ့်မည်။’—တမန်တော် ၁:၈။

ကမ္ဘာဦး ၁:၂ နဲ့ တမန်တော် ၂:၁-၄; ၁၀:၃၈ တို့ကိုလည်း ကြည့်ပါ။

၄ မေးခွန်း– ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။

အဖြေ– ဘုရားသခင့်နိုင်ငံတော်ဆိုတာ ကောင်းကင်အစိုးရဖြစ်တယ်။ နိုင်ငံတော်ရဲ့ဘုရင်က ယေရှုဖြစ်တယ်။ မကြာခင် ဒီနိုင်ငံတော်က ကမ္ဘာပေါ်မှာ ဘုရားရည်ရွယ်ချက်ကို ပြည့်စုံအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။

သမ္မာကျမ်းစာသွန်သင်ရာ–

“သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်လေ၏။ ကောင်းကင်၌ ကျယ်သောစကားသံများ ဖြစ်ပေါ်လာပြီး ‘လောကနိုင်ငံသည် ငါတို့သခင်၏ နိုင်ငံတော်၊ ထိုသခင်၏ ခရစ်တော်နိုင်ငံတော် ဖြစ်လေပြီ။ ကိုယ်တော်သည် ဘုရင်အဖြစ် အစဉ်ထာဝရ အုပ်စိုးတော်မူမည်’ ဟုပြောဆို၏။”—ဗျာဒိတ် ၁၁:၁၅။

ဒံယေလ ၂:၄၄၊ ၄၅ နဲ့ မဿဲ ၆:၉၊ ၁၀ တို့ကိုလည်း ကြည့်ပါ။

၅ မေးခွန်း– လူကောင်းအားလုံး ကောင်းကင်သွားမလား။

အဖြေ– မသွားပါဘူး။ ဒါပေမဲ့ “သိုးစုငယ်” လို့ခေါ်တဲ့ သစ္စာရှိသူအုပ်စုလေးကိုတော့ ကောင်းကင်သွားဖို့ ဘုရားရွေးချယ်ထားတယ်။ သူတို့က ယေရှုနဲ့အတူ ဘုရင်အဖြစ် လူသားတွေကို အုပ်ချုပ်ပါလိမ့်မယ်။

သမ္မာကျမ်းစာသွန်သင်ရာ–

“သိုးစုငယ်၊ မကြောက်ကြနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။”—လုကာ ၁၂:၃၂။

“သူတို့သည် ဘုရားသခင်နှင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြလိမ့်မည်။ ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင် အုပ်စိုးရလိမ့်မည်။”—ဗျာဒိတ် ၂၀:၆။

ဗျာဒိတ် ၁၄:၁၊ ၃ ကိုလည်း ကြည့်ပါ။

၆ မေးခွန်း– ကမ္ဘာမြေနဲ့ လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်က ဘာလဲ။

အဖြေ– ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ ဒီကမ္ဘာမြေဟာ သာယာလှပတဲ့ကမ္ဘာသစ် ဖြစ်လာမယ်။ သစ္စာရှိလူသားတွေဟာ စုံလင်ပြည့်ဝတဲ့ ကျန်းမာရေး၊ ထာဝစဉ်ငြိမ်သက်မှုနဲ့ အဆုံးမဲ့အသက်တာကို ပိုင်ဆိုင်ကြပါလိမ့်မယ်။

သမ္မာကျမ်းစာသွန်သင်ရာ–

“စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁။

“ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။

ဆာလံ ၃၇:၂၉; ၂ ပေတရု ၃:၁၃ တို့ကိုလည်း ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ