ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၅ စာ. ၃
  • နှစ်သိမ့်မှု လိုအပ်နေကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှစ်သိမ့်မှု လိုအပ်နေကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြဿနာကြုံချိန်မှာ နှစ်သိမ့်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဝမ်းနည်းပူဆွေးသူတို့ကို နှစ်သိမ့်ပေးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • မတော်မတရား ပြုခံရသူတွေအတွက် နှစ်သိမ့်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • “နှစ်သိမ့်ခြင်းအမျိုးမျိုး ပေးတော်မူသောဘုရား” ထံတော်မှသက်သာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၅ စာ. ၃

မျက်နှာဖုံးဆောင်းပါး | နှစ်သိမ့်မှုကို ဘယ်မှာရှာတွေ့နိုင်မလဲ

နှစ်သိမ့်မှု လိုအပ်နေကြ

အမေက သားလေးကို နှစ်သိမ့်ပေးနေ

ကလေးဘဝတုန်းက ချော်လဲတာကို မှတ်မိသေးလား။ လက်တွေ ပွန်းပဲ့ပြီး ဒူးပြဲသွားတာကို ကြုံဖူးမှာပဲ။ အဲဒီအခါ အမေက ကိုယ့်ကို ချော့မော့နှစ်သိမ့်ခဲ့တာ၊ ဒဏ်ရာကို ဆေးကြောပြီး ပတ်တီးစည်းပေးခဲ့တာကို ပြန်အမှတ်ရမိမှာပါ။ ကိုယ်က ငိုယိုလိုက်ပေမယ့် အမေက ချော့မော့နှစ်သိမ့်ပြီး ပွေ့ဖက်ထားတဲ့အခါ နာကျင်နေတာ သက်သာသွားသလို ခံစားခဲ့ရတယ် မဟုတ်လား။ အဲဒီအသက်အရွယ်တုန်းကတော့ နှစ်သိမ့်မှုရဖို့ သိပ်မခက်သလိုပဲ။

ဒါပေမဲ့ အသက်အရွယ်ရလာတဲ့အခါ ဘဝဟာ ပိုရှုပ်ထွေးလာတယ်။ ပြဿနာတွေ ပိုများလာသလို နှစ်သိမ့်မှုရဖို့လည်း ပိုခက်လာတယ်။ လူကြီးဖြစ်လာချိန်မှာ ကြုံရတဲ့ ပြဿနာတွေဟာ ပတ်တီးစည်းလိုက်ရုံ၊ အမေ့ရဲ့ ပွေ့ဖက်မှုကို ခံရရုံနဲ့ ပြေလည်မသွားတာ ဝမ်းနည်းစရာပဲ။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

  • ရုတ်တရက် အလုပ်ပြုတ်သွားလို့ စိတ်ဒုက္ခရောက်တဲ့အခါ။ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါ ထိတ်လန့်ပြီး စိတ်ရှုပ်ထွေးသွားတယ်လို့ ဟိုလီယန် ပြောတယ်။ ‘နှစ်နဲ့ချီပြီး ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့တာတောင် ကုမ္ပဏီက ငါ့ကို အသုံးမဝင်ဘူးလို့ ဘာကြောင့်ယူဆရတာလဲ၊ အခု ငါ့မိသားစုကို ဘယ်လို ထောက်ပံ့ရမလဲ’ ဆိုပြီး သူတွေးပူခဲ့တယ်။

  • အိမ်ထောင် ပြိုကွဲသွားလို့ စိတ်ဓာတ်ကျတဲ့အခါ။ “လွန်ခဲ့တဲ့ ၁၈ လလောက်က ကျွန်မယောက်ျား ရုတ်တရက် ထားသွားလို့ ကျွန်မ ဝမ်းနည်းလို့ မဆုံးဘူး။ ရင်ကွဲမတတ် ခံစားရတယ်။ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ကြောက်စိတ်ဝင်လာတယ်” လို့ ရေချယ်ပြောတယ်။

  • ကျန်းမာရေးပြဿနာ ကြီးကြီးမားမား ခံစားနေရပြီး ရောဂါသက်သာမယ့်ပုံ မပေါက်တဲ့အခါ။ “ကိုယ်အသက်ကို ရွံရှာပါ၏။ အစဉ်မပြတ် အသက်မရှင်လို” ဆိုပြီးပြောခဲ့တဲ့ ရှေးခေတ်က ယောဘဆိုတဲ့ လူတစ်ယောက်လို သင်လည်း တစ်ခါတလေ ခံစားမိမှာပဲ။ (ယောဘ ၇:၁၆၊ သမ္မာ) အသက် ၈၀ ကျော် လူးဝစ်ဆိုတဲ့ လူကလည်း “ငါဟာ သေနေ့ကို စောင့်နေရတာပါလားဆိုပြီး တစ်ခါတလေ တွေးမိတယ်” လို့ ဝန်ခံတယ်။ သင်လည်း သူ့လို ခံစားမိမှာပဲ။

  • ချစ်ရသူတစ်ဦး ဆုံးပါးသွားလို့ နှစ်သိမ့်မှု လိုအပ်နေတဲ့အခါ။ “လေယာဉ်ပျက်ကျပြီး သားလေး ဆုံးသွားတဲ့အခါ ဦးဆုံးပေါ်လာတဲ့ ခံစားချက်ကတော့ လုံးဝမယုံနိုင်တာပဲ။ အဲဒီနောက်တော့ တမြည့်မြည့် နာကျင်လာတော့တယ်။ ကျမ်းစာထဲမှာ ခိုင်းနှိုင်းထားတဲ့အတိုင်း ဓားရှည်နဲ့အခွင်းခံရသလို နာကျင်ခံစားရတယ်” ဆိုပြီး ရောဘတ်ပြောတယ်။—လုကာ ၂:၃၅။

ရောဘတ်၊ လူး၀စ်၊ ရေချယ်နဲ့ ဟိုလီယန်တို့ဟာ ဆိုးရွားတဲ့အခြေအနေတွေ ကြုံရပေမဲ့ နှစ်သိမ့်မှု ရခဲ့ပါတယ်။ ဘယ်ကနေ ရခဲ့ကြသလဲ။ နှစ်သိမ့်မှုပေးနိုင်ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဆီက ရခဲ့တာပါ။ ကိုယ်တော်က ဘယ်လိုနည်းတွေနဲ့ နှစ်သိမ့်ပေးသလဲ။ သင်လိုအပ်နေတဲ့ နှစ်သိမ့်မှုကိုလည်း ကိုယ်တော်ပေးမှာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ