ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၅ စာ. ၄-၅
  • ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်တွေဆိုတာ ဘာတွေလဲ ဒါမှမဟုတ် ဘယ်သူတွေလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကောင်းကင်တမန်များ
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၅ စာ. ၄-၅
ကောင်းကင်တမန်မင်းနဲ့ ကောင်းကင်တမန် ကုဋေအသင်္ချေ

မျက်နှာဖုံးအကြောင်းအရာ | ကောင်းကင်တမန်တွေ တကယ်ရှိရဲ့လား၊ သူတို့အကြောင်း ဘာကြောင့် သိသင့်သလဲ

ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား

ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရားကို သင် သိချင်ပါသလား။ သူတို့ ဘယ်သူတွေလဲ၊ ဘယ်လိုဖြစ်လာတာလဲ၊ ဘာတွေ လုပ်ဆောင်ကြသလဲ။ ကျမ်းစာမှာ အဖြေရှာတာ အကောင်းဆုံးပါပဲ။ (၂ တိမောသေ ၃:၁၆) ကျမ်းစာမှာ ဘာပြောထားသလဲ။

  • ဘုရားသခင်ဟာ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်သလို ကောင်းကင်တမန်တွေလည်း “အရိုးတွေ၊ အသားတွေ” မရှိတဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေပဲ။ သူတို့ကို လူ့မျက်စိနဲ့ မမြင်နိုင်ဘူး။ သစ္စာရှိတဲ့ ကောင်းကင်တမန်တွေဟာ ကောင်းကင်မှာနေပြီး ဘုရားသခင်ဆီ တိုက်ရိုက်ချဉ်းကပ်နိုင်ကြတယ်။—လုကာ ၂၄:၃၉။ မဿဲ ၁၈:၁၀။ ယောဟန် ၄:၂၄။

  • တစ်ခါတစ်ရံ၊ ကောင်းကင်တမန်တွေဟာ လူ့သဏ္ဌာန် ယူဆောင်ပြီး ကမ္ဘာပေါ်မှာ ဘုရားပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ကြတယ်။ တာဝန်ပြီးဆုံးတဲ့အခါ လူ့ခန္ဓာကိုစွန့်ပြီး ကောင်းကင် ပြန်တက်သွားတယ်။—တရားသူကြီး ၆:၁၁-၂၃။ ၁၃:၁၅-၂၀။

  • ကျမ်းစာမှာ ကောင်းကင်တမန်တွေကို ယောက်ျားတွေအဖြစ် ပုံဖော်ထားပေမဲ့ သူတို့ကို ကျား/မဆိုပြီး ခွဲခြားထားတာ မရှိဘူး။ သူတို့ အိမ်ထောင်မပြုဘူး၊ သားသမီး မမွေးဘူး။ ကမ္ဘာပေါ်က လူတွေလို နို့စို့အရွယ်၊ ကလေး၊ လူကြီးဆိုပြီး ကြီးပြင်းလာတာမျိုးလည်း မရှိဘူး။ သူတို့ကို ယေဟောဝါကိုယ်တိုင် ဖန်ဆင်းထားတာ။ ဒါကြောင့် “ဘုရားသခင်ရဲ့သားတွေ” လို့ ကျမ်းစာမှာ ခေါ်ထားတယ်။—ယောဘ ၁:၆။ ဆာလံ ၁၄၈:၂၊ ၅။

  • “လူ့ဘာသာစကားနဲ့ ကောင်းကင်တမန် ဘာသာစကား” အကြောင်း ကျမ်းစာဖော်ပြတယ်။ ဒါကြောင့် ဝိညာဉ်ပုဂ္ဂိုလ်တွေမှာ ဘာသာစကားရှိမှန်း သိရတယ်။ ဘုရားသခင်က ကောင်းကင်တမန်တွေကတစ်ဆင့် လူတွေနဲ့ ပြောဆိုဆက်သွယ်ပေမဲ့ သူတို့ကို ကိုးကွယ်တာ၊ ဆုတောင်းတာကိုတော့ ခွင့်မပြုဘူး။—၁ ကောရိန္သု ၁၃:၁။ ဗျာဒိတ် ၂၂:၈၊ ၉။

  • ကောင်းကင်တမန်တွေရဲ့ အရေအတွက်ဟာ ကုဋေအသင်္ချေမက များတယ်။—ဒံယေလ ၇:၁၀။ ဗျာဒိတ် ၅:၁၁။

  • ကောင်းကင်တမန်တွေဟာ လူတွေထက် အဆပေါင်းများစွာ “တန်ခိုးကြီး” ပြီး အသိဉာဏ် ထက်မြက်တယ်။ လူတွေ စိတ်ကူးလို့ရနိုင်တာထက် အဆပေါင်းများစွာ သာလွန်တဲ့ အမြန်နှုန်းနဲ့ သွားလာနိုင်ကြတယ်။—ဆာလံ ၁၀၃:၂၀။ ဒံယေလ ၉:၂၀-၂၃။

  • ကောင်းကင်တမန်တွေဟာ အင်မတန် တန်ခိုးကြီးပြီး အသိဉာဏ် ထက်မြက်ပေမဲ့ ကန့်သတ်ချက်တွေ၊ သူတို့မသိတဲ့အရာတွေ ရှိနေတယ်။—မဿဲ ၂၄:၃၆။ ၁ ပေတရု ၁:၁၂။

  • ကောင်းကင်တမန်တွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘုရားရဲ့အရည်အသွေးတွေ ထည့်သွင်းဖန်ဆင်းထားတယ်။ လူတွေလိုပဲ အမှား ဒါမှမဟုတ် အမှန်ကို လုပ်ဆောင်ဖို့ ရွေးချယ်နိုင်တယ်။ ဝမ်းနည်းစရာက ကောင်းကင်တမန်တချို့ ဘုရားသခင်ကို ပုန်ကန်ဖို့ ရွေးချယ်ခဲ့ကြတယ်။—ယုဒ ၆။

ကောင်းကင်တမန်တွေကို ဘယ်လိုဖွဲ့စည်းထားသလဲ

ကောင်းကင်တမန်မင်း မိက္ခေလဟာ တန်ခိုးနဲ့ အခွင့်အာဏာ အကြီးဆုံးပုဂ္ဂိုလ်ပဲ။ မိက္ခေလဆိုတာ ယေရှုခရစ်ရဲ့ နာမည်နောက်တစ်မျိုးဖြစ်တယ်လို့ ကျမ်းစာဖော်ပြတယ်။—၁ သက်သာလောနိတ် ၄:၁၆။ ယုဒ ၉။

သရပ်တွေဟာ အခွင့်ထူးနဲ့ ဂုဏ်အသရေတွေ ရရှိထားတဲ့ အဆင့်မြင့် ကောင်းကင်တမန်တွေပါ။ ဘုရားသခင်ရဲ့ ရာဇပလ္လင်ပတ်လည်မှာ ခစားခွင့်ရကြတယ်။—ဟေရှာယ ၆:၁-၃။

ခေရုဗိမ်တွေလည်း အဆင့်မြင့် ကောင်းကင်တမန်တွေပဲ။ ဘုန်းတန်ခိုးကြီးလှတဲ့ အနန္တတန်ခိုးရှင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အထူးတာဝန်တွေ ထမ်းဆောင်ရတယ်။ ဘုရားသခင်ကို ခစားခွင့်ရသူတွေအဖြစ် ဖော်ပြထားလေ့ရှိတယ်။—ကမ္ဘာဦး ၃:၂၄။ ယေဇကျေလ ၉:၃။ ၁၁:၂၂။

တခြားကောင်းကင်တမန်များစွာဟာ အမြင့်ဆုံးအရှင်ရဲ့ ကိုယ်စားလှယ်တွေအဖြစ် အလိုတော် ထမ်းဆောင်ကြတယ်။a—ဟီဘရူး ၁:၇၊ ၁၄။

a ကောင်းကင်တမန်တွေအကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၁၀ နဲ့ “ကောင်းကင်တမန်မင်းမိက္ခေလက ဘယ်သူလဲ” ဆိုတဲ့ နောက်ဆက်တွဲကို ကြည့်ပါ။ www.jw.org/mya မှာလည်း ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ